[Zawgyi]



Thilo-Kehrer

Thilo-Kehrer


Ref: BBC Sport
Photo: PSG Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

Thilo Kehrer ကို ခေါ်ယူနိုင်ခဲ့တဲ့ PSG

ပြင်သစ်လီဂူးကလပ် PSG အသင်းဟာ ရှော်လ်ကေးအသင်းရဲ့ဂျာမနီလူငယ်နောက်ခံလူ Thilo Kehrer ကိုခေါ်ယူခဲ့ပါတယ်။ PSG အသင်းဟာ Thilo Kehrer ကိုခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးပေါင်(၃၃)သန်းအသုံးပြုခဲ့ရပြီး (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ Thilo Kehrer ဟာ PSG အသင်းမှာ ကျောနံပါတ်(၄)ကိုဝတ်ဆင်သွားမှာဖြစ်ပါတယ်။ အသက်(၂၁)နှစ်အရွယ်ရှိပြီဖြစ်သူ Thilo Kehrer ဟာ သက်တမ်းအလိုက်ဂျာမနီလူငယ်လက်ရွေးစင်အသင်းတွေမှာပါဝင်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ဂျာမနီယူ ၂၁ အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်ပါတယ်။

Thilo-Kehrer

Thilo-Kehrer

ရှော်လ်ကေးအသင်းနဲ့အတူ ဘောလုံးရာသီ(၃)ရာသီကြာ ဖြတ်သန်းခဲ့အပြီးမှာတော့ Thilo Kehrer ဟာအခုလို PSG အသင်းကိုပြောင်းရွှေ့ခဲ့တာပါ။ PSG အသင်းဟာ အလားအလာရှိတဲ့ လူငယ်နောက်ခံလူတစ်ဦးကို ခေါ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ Thilo Kehrer အနေနဲ့ PSG အသင်းမှာခြေစွမ်းပြနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

Ref: BBC Sport
Photo: PSG Twitter
Ko Kyue(Akhayar)
www.akhayar.com