[Zawgyi]

ကာဇက္စတန္ နာမည္ေက်ာ္စကိတ္စီးသမား Denis Ten ကုိ သတ္ခဲ့တယ္လုိ႔ သံသယရွိသူ(၂)ဦးကို ရဲတပ္ဖဲြ႕က ဖမ္းလုိက္ၿပီ

ကာဇက္စတန္ႏုိင္ငံက နာမည္ေက်ာ္စကိတ္စီးသမားျဖစ္တဲ့ ဒင္းနစ္တန္ Denis Ten အသတ္ခံခဲ့ရတာနဲ႔ပတ္သက္ၿပီး သံသယရွိသူ(၂)ဦးကုိ ကာဇက္စတန္ရဲတပ္ဖဲြ႕က ဖမ္းဆီးလုိက္ၿပီျဖစ္ပါတယ္။ အသက္(၂၅)ႏွစ္အရြယ္သာရွိေသးတဲ့ ဒင္းနစ္တန္ဟာ ေရခဲျပင္အလွျပစကိတ္စီးသမားျဖစ္ၿပီး အုိလံပစ္ၿပိဳင္ပဲြနဲ႔ ကမၻာ႔စကိတ္စီးၿပိဳင္ပဲြေတြမွာ ကာဇက္စတန္ႏုိင္ငံရဲ႕ ဂုဏ္ေဆာင္ခဲ့သူျဖစ္တဲ့အျပင္ International Skating Union ၿပိဳင္ပဲြတုန္းက ခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ အဲဒီၿပိဳင္ပဲြမွာ အႏုိင္ရခ့ဲတဲ့ ပထမဆုံးကာဇက္စတန္ အားကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။

Kazakhstan-People-Mourn-For-Denis-Ten

Kazakhstan-People-Mourn-For-Denis-Ten

ဒင္းနစ္တန္ဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က သူေနထုိင္ရာ Almaty ၿမိဳ႕မွာ လုယက္သူ(၂)ဦးက သူ႔ကုိ ဓားနဲ႔ထုိးသတ္ခဲ့တာပါ။ အဲဒီလုယက္သူ(၂)ဦးက ဒင္းနစ္တန္ စီးနင္းလာတဲ့ကားကုိ လုယက္ခဲ့ၾကတာျဖစ္သလုိ ဒင္းနစ္တန္ကုိပါ ဓားနဲ႔Kazakhstanထုိးသတ္ခဲ့တာျဖစ္ပါတယ္။ ဒင္းနစ္တန္ကို ေဆး႐ုံခ်က္ခ်င္းပုိ႔ခဲ့ေပမယ့္ ေသြးထြက္လြန္သြားတာေၾကာင့္ ေဆး႐ုံေရာက္ၿပီး မၾကာခင္မွာပဲ ေသဆုံးသြားခဲ့တယ္။ အဲဒီျပစ္မႈနဲ႔ပတ္သက္လုိ႔ သံသယရွိတဲ့ တရားခံ(၂)ဦးကုိ ကာဇက္စတန္ရဲတပ္ဖဲြ႕က ၿပီးခဲ့တဲ့ေသာၾကာေန႔က ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီး မၾကာခင္ျပစ္ဒဏ္ခ်မွတ္သြားဖုိ႔ရွိေနပါတယ္။ ဒင္းနစ္တန္အေနနဲ႔ စကိတ္အားကစားေလာကမွာ ထင္ရွားေက်ာ္ၾကားတဲ့သူျဖစ္တာေၾကာင့္ အခုလုိ အသတ္ခံခဲ့ရတာဟာ ကာဇက္စတန္ႏုိင္ငံအတြက္သာမက အားကစားေလာကအတြက္ပါ ႀကီးမားတဲ့ဆုံး႐ႈံးမႈတစ္ခုလုိ႔ ဆုိရမွာပါ။ ဒင္းနစ္တန္ေသဆုံးမႈအတြက္ နာမည္ႀကီးစကိတ္စီးသမားေတြအျပင္ ကာဇက္စတန္တစ္ႏုိင္ငံလုံး ၀မ္းနည္းေၾကကြဲခဲ့ၿပီး ဆုေတာင္းမႈေတြလည္း ျပဳလုပ္ခဲ့ၾကပါတယ္။

REF:AS
Photo:Hornet,Olympic Channel
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကာဇက်စတန် နာမည်ကျော်စကိတ်စီးသမား Denis Ten ကို သတ်ခဲ့တယ်လို့ သံသယရှိသူ(၂)ဦးကို ရဲတပ်ဖွဲ့က ဖမ်းလိုက်ပြီ

ကာဇက်စတန်နိုင်ငံက နာမည်ကျော်စကိတ်စီးသမားဖြစ်တဲ့ ဒင်းနစ်တန် Denis Ten အသတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး သံသယရှိသူ(၂)ဦးကို ကာဇက်စတန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ်သာရှိသေးတဲ့ ဒင်းနစ်တန်ဟာ ရေခဲပြင်အလှပြစကိတ်စီးသမားဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲနဲ့ ကမ္ဘာ့စကိတ်စီးပြိုင်ပွဲတွေမှာ ကာဇက်စတန်နိုင်ငံရဲ့ ဂုဏ်ဆောင်ခဲ့သူဖြစ်တဲ့အပြင် International Skating Union ပြိုင်ပွဲတုန်းက ချန်ပီယံဖြစ်ခဲ့တာကြောင့် အဲဒီပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ ပထမဆုံးကာဇက်စတန် အားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

Kazakhstan-People-Mourn-For-Denis-Ten

Kazakhstan-People-Mourn-For-Denis-Ten

ဒင်းနစ်တန်ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က သူနေထိုင်ရာ Almaty မြို့မှာ လုယက်သူ(၂)ဦးက သူ့ကို ဓားနဲ့ထိုးသတ်ခဲ့တာပါ။ အဲဒီလုယက်သူ(၂)ဦးက ဒင်းနစ်တန် စီးနင်းလာတဲ့ကားကို လုယက်ခဲ့ကြတာဖြစ်သလို ဒင်းနစ်တန်ကိုပါ ဓားနဲ့Kazakhstanထိုးသတ်ခဲ့တာဖြစ်ပါတယ်။ ဒင်းနစ်တန်ကို ဆေးရုံချက်ချင်းပို့ခဲ့ပေမယ့် သွေးထွက်လွန်သွားတာကြောင့် ဆေးရုံရောက်ပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့တယ်။ အဲဒီပြစ်မှုနဲ့ပတ်သက်လို့ သံသယရှိတဲ့ တရားခံ(၂)ဦးကို ကာဇက်စတန်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့သောကြာနေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မကြာခင်ပြစ်ဒဏ်ချမှတ်သွားဖို့ရှိနေပါတယ်။ ဒင်းနစ်တန်အနေနဲ့ စကိတ်အားကစားလောကမှာ ထင်ရှားကျော်ကြားတဲ့သူဖြစ်တာကြောင့် အခုလို အသတ်ခံခဲ့ရတာဟာ ကာဇက်စတန်နိုင်ငံအတွက်သာမက အားကစားလောကအတွက်ပါ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလို့ ဆိုရမှာပါ။ ဒင်းနစ်တန်သေဆုံးမှုအတွက် နာမည်ကြီးစကိတ်စီးသမားတွေအပြင် ကာဇက်စတန်တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲခဲ့ပြီး ဆုတောင်းမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

REF:AS
Photo:Hornet,Olympic Channel
Naing Linn(Akhayar)
www.akhayar.com