[Zawgyi]

Katy Perry နဲ့ Orlando Bloom တို့ စုံတွဲကတော့ ပုပ်ရဟန်းမင်းကြီးကို တွေ့ဆုံခဲ့တယ်တဲ့

Katy Perry နဲ့ Orlando Bloom တို့နှစ်ယောက်ဟာ မနေ့ (စနေနေ့) က ကင်ဆာကုသရေးကွန်ဖရင့်တစ်ခုအတွက် ဗာတီကန်စီးတီးကို ရောက်ရှိခဲ့ပြီး ပုပ်ရဟန်းမင်းကြီးနဲ့ပါ တွေ့ဆုံခဲ့ကြပါတယ်။

Perry ဟာ ဒီ Conference မှာ ပါဝင်ဆွေးနွေးမယ့်သူတစ်ယောက်ဖြစ်ပြီးတော့ အနက်ရောင်ဝတ်စုံ၊ အနက်ရောင်ဦးထုပ်နဲ့ အရမ်းကို လှနေခဲ့ပါတယ်။ သူနဲ့ လိုက်ဖက်ညီအောင် Orlando Bloom ကလည်း အဖြူနဲ့ အနက်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပါတယ်။

Katy Perry ဟာ ခုဆိုရင် အသက် ၃၃ နှစ်ရှိပြီဖြစ်ပြီး Bloom ကတော့ အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့အတွက် ကိုကိုနဲ့ ညီမလေး ဇာတ်လမ်းပါ။ သူတို့ တွဲလိုက်၊ ပြတ်လိုက်ဖြစ်နေတာ ကြာပြီ ဖြစ်ပြီး တွဲပြီး ၁၀ လ လောက်အကြာမှာ ကို်ယ်ပိုင်အချိန်လေးတွေ လိုချင်တယ်ဆိုပြီး ခဏခွဲခဲ့ကြပါသေးတယ်။

သူတို့ရဲ့ အချစ်ရေးကိစ္စနဲ့ ပက်သက်ပြီး ဘာမှ ပြောလေ့ပြောထမရှိပေမယ့် Katy Perry တင်ထားတဲ့ IG က ဗွီဒီယိုထဲမှာတော့ Katy က Bloom ကို Darling လို့ ခေါ်ပါသတဲ့။

ဗာတီကန်က ဒီပွဲကိုတော့ Katy ဟာ သူ့ရဲ့ အမေ Mary Perry ၊ သူ့ရဲ့ မန်နေဂျာအပြင် Orlando Bloom နဲ့ပါ တွဲပြီး ပွဲတက်လာခဲ့တာပါ။

Katy Perry နဲ့ Orlando Bloom တို့ရဲ့ အချစ်ရေးက နောက်ဘယ်အဆင့်ထိ ရောက်နိုင်မလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Yoe Lu (Akhayar)

www.akhayar.com