[Zawgyi]

13 Reasons Why Season 3 မွာ Hannah Baker ဆက္ပါဦးမွာလား





Hannah Baker




Yoe Lu (Akhayar)

www.akhayar.com

Ref : cosmopolitan.com
[Unicode]

13 Reasons Why Season 3 မှာ Hannah Baker ဆက်ပါဦးမှာလား

13 Reasons Why Season 1 မှာတည်းက Hannah Baker အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Katherine Langford ဟာ အသစ်ထွက်နိုင်ဖွယ်ရှိတဲ့ 13 Reasons Why Season 3 မှာ ဆက်လက်ပါဝင်ဖို့ မသေချာတော့ပါဘူး။ ပြီးခဲ့တဲ့ သောကြာနေ့က Langford ဟာ Instagram မှာ ထူးဆန်းမှန်းရခက်တဲ့ Caption နဲ့ ကျောက်သင်ပုန်း ပုံတစ်ပုံတင်လာပါတယ်။

"Hannah…I love you…and I let you go" Those are the words I was able to say six months ago, and now can finally share with you…As most of you know @13reasonswhy was my first ever job and I am so grateful to have had the opportunity to tell Hannah's story so fully in season 1, and to be asked back for a season 2. Thankyou to @netflix @paramountpics @anoncontent , the incredible producers, creatives, cast and crew for making these last 2 years so special. And to all of you here – Thankyou for filling my life with love and light 🙏 This show will always be a special part of my life, and regardless of whether Hannah is there or not, I know that I will continue to strive to do work that is meaningful and has a positive impact – whether that be in film, music, or any other form of art. There is a lot coming up this next year, and I can't wait to share it with you 💖 #hannahbaker

A post shared by KATHERINE LANGFORD (@katherinelangford) on

Caption အရဆိုရင်တော့ Katherine Langford ဟာ နောက်ရာသီမှာ ပါဝင်ဖွယ်မရှိတော့ပါဘူး။ “Hannah…I love you…and I let you go” ဆိုတဲ့ စကားကို အခုတော့ မျှဝေနိုင်ပါပြီဆိုတာနဲ့ အစချီပြီး ၂နှစ်လုံးလက်တွဲအလုပ်လုပ်ခဲ့တဲ့ သရုပ်ဆောင်တွေနဲ့ Crew အဖွဲ့ဝင်တွေကို ကျေးဇူးတင်ပါတယ်လို့လည်း ပြောကြားထားပါတယ်။

Hannah Baker

Katherine Langford ဟာ သူနောက် Seanson မှာ မပါတော့ဘူးလို့ အတိအကျမရေးထားပေမယ့် စာအရတော့ နှုတ်ဆက်တဲ့ စာနဲ့ တူနေပါတယ်။ Katheine Langford ရဲ့ ဇာတ်ကောင် Hannah Baker ဟာ Season 1 မှာ ကိုယ့်ကိုယ့်ကို သေကြောင်းကြံခဲ့တာနဲ့ စပြီး Season 2 မှာတော့ ဝိညာဉ်အနေနဲ့ တချို့ဇာတ်ကောင်တွေနဲ့ ဆက်သွယ်ခဲ့ပါတယ်။ ဒီလို သူပြောတဲ့ သဲလွန်စအနေနဲ့ဆိုရင် နောက် Season မှာ Hannah Baker အနေနဲ့ လုံးဝမပါတော့ဘူးလို့ ယူဆရပါတယ်။

Hannah Baker နဲ့ Clay Jensen

ဒါဆိုရင်တော့ Season 3 ကို Hannah Baker မပါဘဲ ဘယ်လိုတည်ဆောက်မယ်ဆိုတာ အရမ်းစိတ်ဝင်စားစရာကောင်းသွားပါပြီ။

Yoe Lu (Akhayar)

www.akhayar.com

Ref : cosmopolitan.com