[Zawgyi]

Kate Spade ပဲ့ကိုင္ရွင္ အသားတင္ၾကြယ္ဝမႈဘယ္ေလာက္ရွိခဲ့လဲ

နာမည္ႀကီး အထင္ကရ အေမရိကန္ဖက္ရွင္ဒီဇိုင္နာနဲ႔ အမ်ဳိးသမီးစီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္ျပီး Kate Spade Brand ကို တည္ေထာင္ခ့ဲသူျဖစ္တဲ႔ Kate Valentine က ဇြန္လ ငါးရက္ အဂၤါေန႔က New York မွာရွိတဲ႔ သူမရဲ႕တိုက္ခန္းမွာ ကိုယ္႔ကိုယ္ကိုယ္ အဆံုးစီရင္သြားခဲ႔ပါတယ္။ နာမည္ေက်ာ္အႏုပညာရွင္ေတြ၊ ဒီဇုိင္နာေတြနဲ႔ တစ္ကမာၻလံုးမွာရွိတဲ႔ ဖက္ရွင္ေလာကသားေတြအားလံုးက သူမအတြက္ ႏွေျမာတသျဖစ္လ်က္ပါ။ ဖက္ရွင္ေလာကမွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ခဲ႔တဲ႔သူမကို ဘယ္လုိအေၾကာင္းတရားေတြကမ်ား ေသမင္းဆီတြန္းပို႔ခဲ႔တာပါလဲ။

Kate Spade

ဘာေၾကာင္႔လဲဆုိေတာ႔ သူမမွာခ်စ္ခင္ပြန္းနဲ႔ ခ်စ္စရာေကာင္းတဲ႔သမီးေလး၊ လွပခမ္းနားလြန္းတဲ႔ အိမ္၊ ျပီးေတာ႔ေအးေအးေဆးေဆးေနႏိုင္တဲ႔ ခ်မ္းသာၾကြယ္ဝမႈေတြရွိေနလုိ႔ပါ။ ဒီလို အားလံုးကိုႏႈတ္ဆက္မသြားခင္မွာ Kate ဟာ ဘ႑ေရးအရ ေအာင္ျမင္ခဲ့သူျဖစ္တယ္ဆိုတာကုိ သူမရဲ႕အသားတင္ၾကြယ္ဝမႈေတြက သက္ေသျပလုိ႔ေနပါတယ္။

The Richest website အရ Kate ရဲ႕အသားတင္ၾကြယ္ဝမႈက $150 million ရွိပါတယ္။ သူမရဲ႕ေငြေၾကးၾကြယ္ဝမႈေတြကို ၾကည္႔ျခင္းအားျဖင့္ သူမဟာ စီးပြားေရးေလာကမွာ ပါးရည္နပ္ရည္ရွိတဲ့ အမ်ဳိးသမီးစီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ျဖစ္တယ္ဆိုတာ သိသာပါတယ္။ Boston Globe နဲ႔ အင္တာဗ်ဴးအရ Kate ဟာ ဖက္ရွင္မဂၢဇင္းမွာအယ္ဒီတာလုပ္စဥ္က အမ်ိဳးသမီးလက္ကိုအိတ္ေပါင္းမ်ားစြာကို ေတြ႔ျမင္ထိေတြ႔ခဲ႔ရျပီး အဲဒီကေနပဲ ဘယ္ေတာ့မွမရုိးတဲ႔အိတ္ေတြကိုဖန္တီးဖုိ႔ စိတ္ကူးရခဲ႔တာပါ။အဲဒီအခ်ိန္ကစၿပီး လက္ကိုင္အိတ္လိုင္းကို စတင္ထိုးေဖာက္ဖို႔ဆံုးျဖတ္ခဲ႔ကာ သူမရဲ႕ခ်စ္သူ Andy Spade စုထားတဲ႔ ေငြစုအေကာင္႔ထဲကေန $35,000 ကို အသံုးျပဳခဲ႔ပါတယ္။ ၁၉၉၃ ခုနစ္မွာေတာ႔ ရိုးရွင္းျပီးခ်စ္စရာကာလာေလးေတြနဲ႔ လက္ကုိင္အိတ္ေတြကို စတင္ဖန္တီးထုတ္လုပ္ခဲ႔ပါတယ္။

Kate Spade poses for a portrait in her new handbag store

Kate Spade poses for a portrait in her new handbag store

လက္ကိုင္အိတ္ေတြကို စိတ္ဝင္စားလာျခင္းက သူမအေမေၾကာင္႔လုိ႔ ဆိုပါတယ္။ Kate ရဲ႕အေမကပြဲတက္လက္ကိုင္အိတ္ေလးေတြ၊ လိေမၼာ္ေရာင္၊ ပန္းေရာင္၊ ေခ်ာကလက္ေရာင္နဲ႔ ႀကီးမားတဲ႔ပုလဲေတြပါဝင္တဲ႔ လက္ကိုင္အိတ္အရြယ္အစားအမ်ိဳးမ်ိဳးကို စုေဆာင္းတတ္သူျဖစ္ပါတယ္တဲ႔။ ကၽြန္မအေမေၾကာင္႔ အိတ္ေတြကိုပိုစိတ္ဝင္စားခဲ႔တာပါလုိ႔ ၂၀၀၄ ခုနစ္က Time Magazine နဲ႔အင္တာဗ်ဴးမွာကို ေျဖၾကားခဲ႔႔တာေတြ႔ရပါတယ္။ သူမဖန္တီးလိုက္တဲ့အိတ္ေတြက ဖက္ရွင္လည္းက်ၿပီး လက္ေတြ႔မွာလည္းအသံုးဝင္တဲ့ အိတ္မ်ဳိးေတြပဲ ျဖစ္ခ်င္တယ္လို႔ေျပာခဲ႔ပါေသးတယ္။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္ 

Kate Spade ရဲ႕အျမတ္ေငြက လ်င္လ်င္ျမန္ျမန္တိုးတက္လာသလို Forbes မဂၢဇင္းရဲ႕ေဖာ္ျပခ်က္အရ ၁၉၉၅ ခုနစ္မွာ Kate Spade & Co. ရဲ႕ အသားတင္ဝင္ေငြက $ 1.5 million အထိရွိလာခဲ့ၿပီး New York City မွာ သီးျခားဆိုင္ဖြင့္ႏုိင္တဲ႔အထိ ေအာင္ျမင္လာခဲ႔ပါတယ္။ သံုးႏွစ္ၾကာၿပီးတဲ႔ေနာက္မွာ စတိုးဆိုင္ေပါင္းေျမာက္ျမားစြာ ဖြင္႔လွစ္ႏိုင္ခဲ့ၿပီး လက္ကိုင္အိတ္အသစ္ေတြကို ထပ္မံထုတ္လုပ္ဖုိ႔ဆံုးျဖတ္ခဲ့ပါတယ္။ ၁၉၉၉ ခုနစ္မွာ အမ်ဳိးသားေတြအတြက္ Jack Spade လို႔အမည္ရတဲ့ အမ်ဳိးသားလက္ကိုင္အိတ္ Brand ေတြကို မိတ္ဆက္ေပးခဲ့ၿပီး အဲဒီေနာက္မွာေတာ့ Neiman Marcus Group က Kate Spade Brand ရဲ႕ ရွယ္ယာ ၅၆ ရာခိုင္ႏႈန္းကို $33.6 million တန္ေၾကးေပးၿပီး ဝယ္ယူခဲ႔ပါတယ္။

၂၀၀၆ ခုနစ္မွာေတာ့ တျခားေသာ စီးပြားေရးပါတနာေတြနဲ႔အတူ Kate Spade ရဲ႕ က်န္ရွိေနတဲ့ရွယ္ယာ ၄၄ ရာခိုင္ႏႈန္းကို Neiman Marcus Group ကို ေရာင္းခ်ခဲ႔ပါတယ္။ အဲဒီေနာက္မွာေတာ့ ၂၀၀၅ ခုနစ္ ေဖေဖာ္ဝါရီလမွာ ေမြးဖြားခဲ႔တဲ႔ သမီးေလး Frances Beatrix ကို အခ်ိန္ေပးဖုိ႔အတြက္ဆိုၿပီး Kate က ဖက္ရွင္ေလာက ကေန ခဏတာအနားယူသြားခဲ႔ပါတယ္။ Forbes မဂၢင္ဇင္းမွာေဖာ္ျပထားခ်က္အရ Neiman Marcus Group ကို ေရာင္းခ်ၿပီးေနာက္မွာ Kate နဲ႔ Andy တို႔မွာ အၾကမ္းအားျဖင္႔ပိုင္ဆုိင္မႈ $46.5 million ရွိခဲ႔ပါတယ္တဲ႔။ တစ္္ႏွစ္္တည္းမွာပဲ Neiman Marcus Group က Kate Spade ကို Liz Claiborne ဆီိကို $124 million နဲ႔ ျပန္ေရာင္းခဲ့ေပမယ္႔ Kate Spade ရဲ႕ပဲ႔ကိုင္ရွင္ေတြအဖုိ႔ ဘာမွဝင္ေရာက္စြက္ဖက္ႏိုင္ျခင္း မရွိေတာ႔ပါဘူး။ ၂၀၁၇ ခုနစ္မွာေတာ့ Liz Claiborne က Kate Spade Brand ကို Coach ဆီ $2.4 Billion န႔ဲ႔ ေရာင္းခ်ခဲ႔ပါတယ္။

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

Kate နဲ႔ Andy တုိ႔ကေတာ႔ သူတို႔ရဲ႕မိသားစုဝင္ေတြကို ကိုယ္စားျပဳတဲ႔အေနနဲ႔ေရာ သူတို႔သမီးေလးနာမည္ကိုေရာယူၿပီး France Valentine လို႔အမည္ရတဲ့ ဖိနပ္နဲ႔လက္ကိုင္အိတ္ေတြကို ထပ္မံဖန္တီးထုတ္လုပ္ဖုိ႔ ေၾကညာခဲ႔ပါတယ္။ Kate က သူမရဲ႕နာမည္ကိုလည္း Kate Valentine Spade ဆိုၿပီး တရားဝင္နာမည္ေျပာင္းခဲ႔ပါတယ္။ ၂၀၁၅ ႏိုဝင္ဘာလ မွာ WWD နဲ႔အင္တာဗ်ဴးေတာ႔ France ဆိုတာက အေဖဘက္က မိသားစုနာမည္မို႔ထည္႔သံုးတာပါလို႔ Kate က ေျပာခဲ႔ဖူးပါတယ္။ သူမအဘိုး၊ သူမအေဖ၊ သူမအစ္ကိုနဲ႔ သမီးျဖစ္သူတို႔ရဲ႕နာမည္ေတြမွာ France ဆိုတဲ႔ နာမည္ေတြပါဝင္ပါတယ္။

Kate Spade with her husband, Andy Spade, and his brother, actor David Spade

Kate Spade with her husband, Andy Spade, and his brother, actor David Spade

သူမက ေနာက္ထပ္ဖန္တီးတဲ႔ Brand အသစ္နဲ႔ ပတ္သက္ၿပီး “အသစ္ထုတ္လုပ္တဲ႔ Brand အသစ္နဲ႕ Kate Spade ရဲ႕ၾကားမွာ ျခားနာခ်က္ေတြေတာ့ ရွိပါတယ္။ ဝယ္ယူူတဲ႔ Customer ေတြဟာလည္း ဖက္ရွင္နဲ႔ ပတ္သက္ရင္ သူတို႔ရဲ႕ ကိုယ္ပုိင္အျမင္ေတြရွိသလို သူတို႔ဘာကိုႀကိဳက္ၿပီး ဘာကိုေရြးခ်ယ္ရမလဲဆိုတာ ေကာင္းေကာင္းသိတဲ့သူေတြပါ။ ကၽြန္မအထင္ေတာ့ ကၽြန္မ Brand အေၾကာင္းကို အျမဲလိုလို ေျပာေလ့ရွိတဲ့သူေတြက ကၽြန္မရဲ႕ဒီဇို္င္းေတြကို စိတ္ဝင္စားဖို႔မ်ားတဲ့သူေတြ ျဖစ္တယ္လို႔ ထင္ပါတယ္” လို႔ေျပာခဲ႔ဖူးပါတယ္။

ဒီလိုေမွ်ာ္လင္႔ခ်က္ေတြ၊ ဖန္တီးမႈအသစ္ေတြနဲ႔ ေငြေၾကးျပည္႔စံုမႈလည္းရွိတဲ႔သူမကို ဘယ္အရာကမ်ား စိတ္ပ်က္အားေလ်ာ႔သြားေစခဲ႔လဲဆုိရင္ေတာ႔ Depression က တရားခံလို႔သာသံုးသပ္ရေတာ႔မွာပါ။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Kate Spade ပဲ့ကိုင်ရှင် အသားတင်ကြွယ်ဝမှုဘယ်လောက်ရှိခဲ့လဲ

နာမည်ကြီး အထင်ကရ အမေရိကန်ဖက်ရှင်ဒီဇိုင်နာနဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး Kate Spade Brand ကို တည်ထောင်ခဲ့သူဖြစ်တဲ့ Kate Valentine က ဇွန်လ ငါးရက် အင်္ဂါနေ့က New York မှာရှိတဲ့ သူမရဲ့တိုက်ခန်းမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ နာမည်ကျော်အနုပညာရှင်တွေ၊ ဒီဇိုင်နာတွေနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဖက်ရှင်လောကသားတွေအားလုံးက သူမအတွက် နှမြောတသဖြစ်လျက်ပါ။ ဖက်ရှင်လောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့သူမကို ဘယ်လိုအကြောင်းတရားတွေကများ သေမင်းဆီတွန်းပို့ခဲ့တာပါလဲ။

Kate Spade

ဘာကြောင့်လဲဆိုတော့ သူမမှာချစ်ခင်ပွန်းနဲ့ ချစ်စရာကောင်းတဲ့သမီးလေး၊ လှပခမ်းနားလွန်းတဲ့ အိမ်၊ ပြီးတော့အေးအေးဆေးဆေးနေနိုင်တဲ့ ချမ်းသာကြွယ်ဝမှုတွေရှိနေလို့ပါ။ ဒီလို အားလုံးကိုနှုတ်ဆက်မသွားခင်မှာ Kate ဟာ ဘဏ္ဍရေးအရ အောင်မြင်ခဲ့သူဖြစ်တယ်ဆိုတာကို သူမရဲ့အသားတင်ကြွယ်ဝမှုတွေက သက်သေပြလို့နေပါတယ်။

The Richest website အရ Kate ရဲ့အသားတင်ကြွယ်ဝမှုက $150 million ရှိပါတယ်။ သူမရဲ့ငွေကြေးကြွယ်ဝမှုတွေကို ကြည့်ခြင်းအားဖြင့် သူမဟာ စီးပွားရေးလောကမှာ ပါးရည်နပ်ရည်ရှိတဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တယ်ဆိုတာ သိသာပါတယ်။ Boston Globe နဲ့ အင်တာဗျူးအရ Kate ဟာ ဖက်ရှင်မဂ္ဂဇင်းမှာအယ်ဒီတာလုပ်စဉ်က အမျိုးသမီးလက်ကိုအိတ်ပေါင်းများစွာကို တွေ့မြင်ထိတွေ့ခဲ့ရပြီး အဲဒီကနေပဲ ဘယ်တော့မှမရိုးတဲ့အိတ်တွေကိုဖန်တီးဖို့ စိတ်ကူးရခဲ့တာပါ။အဲဒီအချိန်ကစပြီး လက်ကိုင်အိတ်လိုင်းကို စတင်ထိုးဖောက်ဖို့ဆုံးဖြတ်ခဲ့ကာ သူမရဲ့ချစ်သူ Andy Spade စုထားတဲ့ ငွေစုအကောင့်ထဲကနေ $35,000 ကို အသုံးပြုခဲ့ပါတယ်။ ၁၉၉၃ ခုနစ်မှာတော့ ရိုးရှင်းပြီးချစ်စရာကာလာလေးတွေနဲ့ လက်ကိုင်အိတ်တွေကို စတင်ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။

Kate Spade poses for a portrait in her new handbag store

Kate Spade poses for a portrait in her new handbag store

လက်ကိုင်အိတ်တွေကို စိတ်ဝင်စားလာခြင်းက သူမအမေကြောင့်လို့ ဆိုပါတယ်။ Kate ရဲ့အမေကပွဲတက်လက်ကိုင်အိတ်လေးတွေ၊ လိမ္မော်ရောင်၊ ပန်းရောင်၊ ချောကလက်ရောင်နဲ့ ကြီးမားတဲ့ပုလဲတွေပါဝင်တဲ့ လက်ကိုင်အိတ်အရွယ်အစားအမျိုးမျိုးကို စုဆောင်းတတ်သူဖြစ်ပါတယ်တဲ့။ ကျွန်မအမေကြောင့် အိတ်တွေကိုပိုစိတ်ဝင်စားခဲ့တာပါလို့ ၂၀၀၄ ခုနစ်က Time Magazine နဲ့အင်တာဗျူးမှာကို ဖြေကြားခဲ့တာတွေ့ရပါတယ်။ သူမဖန်တီးလိုက်တဲ့အိတ်တွေက ဖက်ရှင်လည်းကျပြီး လက်တွေ့မှာလည်းအသုံးဝင်တဲ့ အိတ်မျိုးတွေပဲ ဖြစ်ချင်တယ်လို့ပြောခဲ့ပါသေးတယ်။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန် 

Kate Spade ရဲ့အမြတ်ငွေက လျင်လျင်မြန်မြန်တိုးတက်လာသလို Forbes မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ ၁၉၉၅ ခုနစ်မှာ Kate Spade & Co. ရဲ့ အသားတင်ဝင်ငွေက $ 1.5 million အထိရှိလာခဲ့ပြီး New York City မှာ သီးခြားဆိုင်ဖွင့်နိုင်တဲ့အထိ အောင်မြင်လာခဲ့ပါတယ်။ သုံးနှစ်ကြာပြီးတဲ့နောက်မှာ စတိုးဆိုင်ပေါင်းမြောက်မြားစွာ ဖွင့်လှစ်နိုင်ခဲ့ပြီး လက်ကိုင်အိတ်အသစ်တွေကို ထပ်မံထုတ်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၉၉ ခုနစ်မှာ အမျိုးသားတွေအတွက် Jack Spade လို့အမည်ရတဲ့ အမျိုးသားလက်ကိုင်အိတ် Brand တွေကို မိတ်ဆက်ပေးခဲ့ပြီး အဲဒီနောက်မှာတော့ Neiman Marcus Group က Kate Spade Brand ရဲ့ ရှယ်ယာ ၅၆ ရာခိုင်နှုန်းကို $33.6 million တန်ကြေးပေးပြီး ဝယ်ယူခဲ့ပါတယ်။

၂၀၀၆ ခုနစ်မှာတော့ တခြားသော စီးပွားရေးပါတနာတွေနဲ့အတူ Kate Spade ရဲ့ ကျန်ရှိနေတဲ့ရှယ်ယာ ၄၄ ရာခိုင်နှုန်းကို Neiman Marcus Group ကို ရောင်းချခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၀၅ ခုနစ် ဖေဖော်ဝါရီလမှာ မွေးဖွားခဲ့တဲ့ သမီးလေး Frances Beatrix ကို အချိန်ပေးဖို့အတွက်ဆိုပြီး Kate က ဖက်ရှင်လောက ကနေ ခဏတာအနားယူသွားခဲ့ပါတယ်။ Forbes မဂ္ဂင်ဇင်းမှာဖော်ပြထားချက်အရ Neiman Marcus Group ကို ရောင်းချပြီးနောက်မှာ Kate နဲ့ Andy တို့မှာ အကြမ်းအားဖြင့်ပိုင်ဆိုင်မှု $46.5 million ရှိခဲ့ပါတယ်တဲ့။ တစ်နှစ်တည်းမှာပဲ Neiman Marcus Group က Kate Spade ကို Liz Claiborne ဆီကို $124 million နဲ့ ပြန်ရောင်းခဲ့ပေမယ့် Kate Spade ရဲ့ပဲ့ကိုင်ရှင်တွေအဖို့ ဘာမှဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိတော့ပါဘူး။ ၂၀၁၇ ခုနစ်မှာတော့ Liz Claiborne က Kate Spade Brand ကို Coach ဆီ $2.4 Billion နဲ့ ရောင်းချခဲ့ပါတယ်။

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

Kate နဲ့ Andy တို့ကတော့ သူတို့ရဲ့မိသားစုဝင်တွေကို ကိုယ်စားပြုတဲ့အနေနဲ့ရော သူတို့သမီးလေးနာမည်ကိုရောယူပြီး France Valentine လို့အမည်ရတဲ့ ဖိနပ်နဲ့လက်ကိုင်အိတ်တွေကို ထပ်မံဖန်တီးထုတ်လုပ်ဖို့ ကြေညာခဲ့ပါတယ်။ Kate က သူမရဲ့နာမည်ကိုလည်း Kate Valentine Spade ဆိုပြီး တရားဝင်နာမည်ပြောင်းခဲ့ပါတယ်။ ၂၀၁၅ နိုဝင်ဘာလ မှာ WWD နဲ့အင်တာဗျူးတော့ France ဆိုတာက အဖေဘက်က မိသားစုနာမည်မို့ထည့်သုံးတာပါလို့ Kate က ပြောခဲ့ဖူးပါတယ်။ သူမအဘိုး၊ သူမအဖေ၊ သူမအစ်ကိုနဲ့ သမီးဖြစ်သူတို့ရဲ့နာမည်တွေမှာ France ဆိုတဲ့ နာမည်တွေပါဝင်ပါတယ်။

Kate Spade with her husband, Andy Spade, and his brother, actor David Spade

Kate Spade with her husband, Andy Spade, and his brother, actor David Spade

သူမက နောက်ထပ်ဖန်တီးတဲ့ Brand အသစ်နဲ့ ပတ်သက်ပြီး “အသစ်ထုတ်လုပ်တဲ့ Brand အသစ်နဲ့ Kate Spade ရဲ့ကြားမှာ ခြားနာချက်တွေတော့ ရှိပါတယ်။ ဝယ်ယူူတဲ့ Customer တွေဟာလည်း ဖက်ရှင်နဲ့ ပတ်သက်ရင် သူတို့ရဲ့ ကိုယ်ပိုင်အမြင်တွေရှိသလို သူတို့ဘာကိုကြိုက်ပြီး ဘာကိုရွေးချယ်ရမလဲဆိုတာ ကောင်းကောင်းသိတဲ့သူတွေပါ။ ကျွန်မအထင်တော့ ကျွန်မ Brand အကြောင်းကို အမြဲလိုလို ပြောလေ့ရှိတဲ့သူတွေက ကျွန်မရဲ့ဒီဇိုင်းတွေကို စိတ်ဝင်စားဖို့များတဲ့သူတွေ ဖြစ်တယ်လို့ ထင်ပါတယ်” လို့ပြောခဲ့ဖူးပါတယ်။

ဒီလိုမျှော်လင့်ချက်တွေ၊ ဖန်တီးမှုအသစ်တွေနဲ့ ငွေကြေးပြည့်စုံမှုလည်းရှိတဲ့သူမကို ဘယ်အရာကများ စိတ်ပျက်အားလျော့သွားစေခဲ့လဲဆိုရင်တော့ Depression က တရားခံလို့သာသုံးသပ်ရတော့မှာပါ။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။