[Zawgyi]

Spade ဖဲပြင့္ေလးနဲ႔ ကမ႓ာ့ Fashion ေလာကကို လႊမ္းမိုးခဲ့တဲ့ Kate Spade

လတ္တေလာ စိတ္ထိခိုက္စရာအေကာင္းဆံုး သတင္းကေတာ့ Fashion ေလာကတစ္ခုလံုးအတြက္ ႏွေျမာတသဝမ္းနည္းဖြယ္ျဖစ္တဲ့ Kate Spade New York ရဲ႕ Founder ျဖစ္သူ Kate Spade ေခၚ Katherine Noel Brosnahan အဆံုးစီရင္ၿပီးကြယ္လြန္သြားခဲ့တဲ့ သတင္းပဲ ျဖစ္မွာပါ။

Designer Kate Spade

ေအာင္ျမင္ေက်ာ္ၾကားၿပီး လူႀကိဳက္မ်ားခဲ့တဲ့ Kate Spade New York Brand ကို တည္ေထာင္ဖို႔ သူမ ဘယ္လိုေတြ အစျပဳခဲ့၊ ႀကိဳးစားခဲ့ရလဲဆိုတာသိခ်င္ၾကသူတိုင္းအတြက္ Spade ဖဲခ်ပ္ေလးေတြနဲ႔ Fashion ေလာကကို လႈပ္ခတ္ေစခဲ့တဲ့ Kate Spade New York Brand အေၾကာင္းကို တင္ျပေပးသြားမွာပါ။

Kate Spade and Andy Spade

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

Kate Spade New York ဆိုတာကေတာ့ အေမရိက Fashion Design Brand တစ္ခုျဖစ္ၿပီး ၁၉၉၃ ခုႏွစ္မွာ Kate နဲ႔ Andy Spade ဆိုတဲ့ ဇနီးေမာင္ႏွံ ၂ဦးက စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။

Jack Spade ကေတာ့ Kade Spade မွ အမ်ိဳးသားေတြအတြက္ ခြဲထြက္လိုက္တဲ့ Brand Line ျဖစ္ၿပီး သူ႔ေခတ္သူ႔အခါမွာေတာ့ Kate Spade ဟာ Micheal Kors နဲ႔ ေခတ္ၿပိဳင္ Brand အျဖစ္ ရပ္တည္ခဲ့ပါတယ္။

Kate Spade ရဲ႕ ကနဦးအစလမ္းေၾကာင္းကလည္း တျခား Brand ေတြရဲ႕ အစလိုပဲ ၾကမ္းတမ္းခဲ့ပါတယ္။ ၆ ႏွစ္ေလာက္ Mademoiselle Magazine ရဲ႕ Style Editor ဘဝထဲမွာ ပိတ္မိေနခဲ့တဲ့ Kate အတြက္ေတာ့ ခင္ပြန္းျဖစ္သူ Andy ရဲ႕ အၾကံေပးခ်က္ေတြနဲ႔ ပံ့ပိုးေထာက္ပံ့မႈေတြဟာ အားတက္စရာျဖစ္ခဲ့ပါတယ္။

Andy ရဲ႕ ေငြအားေထာက္ပံ့မႈေတြနဲ႔ပဲ ပထမဆံုး Kate Spade ရဲ႕ ေျခလွမ္းအစျဖစ္တဲ့ ေရာင္စံု ဒီဇိုင္းစံု ေခတ္မီအဆင္ေလးေတြကို ဒီဇိုင္းဆြဲထားတဲ့ ေလးေထာင့္ဆန္ဆန္ Sam Bag ေလးေတြနဲ႔ ပြဲဦးထြက္စတင္ထုတ္ေဝခဲ့ပါတယ္။

Kate Spade

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္ 

စတင္ထုတ္ေဝကာစမွာေတာ့ လူကံုထံအသိုင္းအဝိုင္းအတြက္ ရည္ရြယ္ခဲ့ၿပီး ၁၉၉၆ မွာေတာ့ Kate Spade ရဲ႕ ပထမဆံုးဆိုင္ကို New York ၿမိဳ႕ မွာ စတင္ဖြင့္လွစ္ခဲ့ပါတယ္။

ဖြင့္လွစ္ၿပီး ၈လ အၾကာမွာပဲ Cleveland Research ရဲ႕ ဂ်ာနယ္လစ္တစ္ေယာက္ဟာ Kate Spade ရဲ႕ ေအာင္ျမင္မႈ အလားအလာကို ျမင္ၿပီး ရွယ္ယာေတြဝယ္ဖို႔ တိုက္တြန္းခဲ့ရာမွ တဟုန္ထိုး နာမည္တက္လာပါေတာ့တယ္။

၁၉၉၇ ကေန ၂၀၀၀ ၾကားကာလေတြမွာ လမ္းမေပၚ လႈပ္ရွားသြားလာေနၾကတဲ့ အမ်ိဳးသမီးထုတိုင္းရဲ႕လက္ထဲ Kate Spade ရဲ႕ ေရာင္စံုနီယြန္အိတ္ေလးေတြ စိုးမိုးခဲ့ပါတယ္။

Idea ကလြဲၿပီး အရာရာ ဗလာအဆင့္ကေန စတင္ခဲ့တဲ့ Kate Spade ဟာ နည္းပညာဖြံ႔ၿဖိဳးလာတဲ့ Digital ေခတ္မွာေတာ့ ေရာင္းရေငြ စုစုေပါင္း အေမရိကန္ေဒၚလာ ၂၇ သန္းနဲ႔ ေအာင္ျမင္လာခဲ့ပါတယ္။ ၂၀၀၆ ခုႏွစ္မွာေတာ့ အသားတင္ေငြေၾကးစုစုေပါင္း အေမရိကန္ေဒၚလာ ၉၉ သန္းထိ ရရွိခဲ့ပါတယ္။

Taylor Swift Wearing Kate Spade

တစ္ဖက္မွာလည္း ၁၉၉၉ ခုႏွစ္မွာေတာ့ Neiman Marcus Group ဟာ ကုမၸဏီရွယ္ယာရဲ႕ ၅၆ ရာခိုင္ႏႈန္းစုစုေပါင္းကို အေမရိကန္ေဒၚလာ ၃၄ သန္းနဲ႔ ဝယ္ယူရရွိခဲ့ၿပီး ၂၀၀၆ ခုႏွစ္မွာေတာ့ က်န္ရွိတဲ့ ရွယ္ယာ ၄၄ ရာခိုင္ႏႈန္းကိုပါ အေမရိကန္ေဒၚလာ ၅၉.၄ သန္းနဲ႔ အၿပီးအပိုင္ လႊဲေျပာင္းဝယ္ယူလိုက္ပါေတာ့တယ္။

၂၀၀၄ ခုႏွစ္မွာေတာ့ Kate Spade ဟာ အေမရိကအတြင္းမွာကို ဆိုင္ခြဲ ၁၃ ဆိုင္ထိ ေအာင္ျမင္စြာဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။ အစပထမေတာ့ လက္ကိုင္အိတ္ေတြပဲ စတင္ေရာင္းခ်ခဲ့ရာမွ ေနာက္ပိုင္းမွာ စာေရးကိရိယာနဲ႔ Address Book၊ ဖိနပ္နဲ႔ တျခား အလွအပ အသံုးအေဆာင္မ်ား ေရေမႊးနဲ႔ မိုးကာအက်ီႋအျပင္ ညဝတ္အက်ႌနဲ႔ မ်က္မွန္အသံုးအေဆာင္မ်ား ထုတ္ေဝခဲ့ပါတယ္။ Kate Spade ဟာ ခုဆိုရင္ေတာ့ ကမ႓ာတစ္ဝွမ္းမွာ Store ၁၈၀ ခုအထိ တိုးျမႇင္႔ဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။

ႏိုဝင္ဘာလ ၂၀၀၆ ခုႏွစ္မွာေတာ့ Liz Claiborne Incorporation ဟာ Kate Spade ကို Neiman Marcus Group ဆီမွ အေမရိကန္ေဒၚလာ ၁၂၄ သန္းျဖင့္ ဝယ္ယူခဲ့ၿပီး ဇူလိုင္လ ၂၀၁၇ မွာေတာ့ Kate Spade ကုမၸဏီတစ္ခုလံုးကို Tapestry Incoporation မွ အေမရိကန္ေဒၚလာ ၂.၄ ဘီလီယံနဲ႔ ဝယ္ယူခဲ့လိုက္ပါေတာ့တယ္။

ဝါသနာေတြ၊ ရည္မွန္းခ်က္ေတြ၊ အိုင္ဒီယာအသစ္အဆန္းေတြနဲ႔ Branded ခ်စ္သူေတြၾကား အခ်ိန္တစ္ခုၾကာၾကာတိုင္ေအာင္ စိုးမိုးထားခဲ့တဲ့ Kate Spade ရဲ႕ Founder Kate ကေတာ့ သူကိုယ္တိုင္တည္ေထာင္ခဲ့ရတဲ့ Brand ကို လုပ္ငန္းခြင္အေျခအေနအမ်ိဳးမ်ိဳး၊ ၿပိဳင္ဆိုင္မႈအမ်ိဳးမ်ိဳးေၾကာင့္ လက္လႊတ္ခဲ့လိုက္ရၿပီး ခုေနာက္ဆံုးမွာေတာ့ ဘ၀ကိုပါ အဆံုးစီရင္ျခင္းနဲ႔ လြတ္ေျမာက္သြားခဲ့ပါၿပီ။ သူ႕ရဲ႕ လက္ရာ၊ အေငြ႕အသက္ေတြက်န္ရွိေနေသးတဲ့ Kate Spade ကေရာ ေရရွည္တည္တံ့ေနဦးမွာလား ဆိုတာကေတာ့…..။

EiEiKhineMinn ( Akhayar )

[Unicode]

Spade ဖဲပွင့်လေးနဲ့ ကမ္ဘာ့ Fashion လောကကို လွှမ်းမိုးခဲ့တဲ့ Kate Spade

လတ်တလော စိတ်ထိခိုက်စရာအကောင်းဆုံး သတင်းကတော့ Fashion လောကတစ်ခုလုံးအတွက် နှမြောတသဝမ်းနည်းဖွယ်ဖြစ်တဲ့ Kate Spade New York ရဲ့ Founder ဖြစ်သူ Kate Spade ခေါ် Katherine Noel Brosnahan အဆုံးစီရင်ပြီးကွယ်လွန်သွားခဲ့တဲ့ သတင်းပဲ ဖြစ်မှာပါ။

Designer Kate Spade

အောင်မြင်ကျော်ကြားပြီး လူကြိုက်များခဲ့တဲ့ Kate Spade New York Brand ကို တည်ထောင်ဖို့ သူမ ဘယ်လိုတွေ အစပြုခဲ့၊ ကြိုးစားခဲ့ရလဲဆိုတာသိချင်ကြသူတိုင်းအတွက် Spade ဖဲချပ်လေးတွေနဲ့ Fashion လောကကို လှုပ်ခတ်စေခဲ့တဲ့ Kate Spade New York Brand အကြောင်းကို တင်ပြပေးသွားမှာပါ။

Kate Spade and Andy Spade

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

Kate Spade New York ဆိုတာကတော့ အမေရိက Fashion Design Brand တစ်ခုဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ Kate နဲ့ Andy Spade ဆိုတဲ့ ဇနီးမောင်နှံ ၂ဦးက စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

Jack Spade ကတော့ Kade Spade မှ အမျိုးသားတွေအတွက် ခွဲထွက်လိုက်တဲ့ Brand Line ဖြစ်ပြီး သူ့ခေတ်သူ့အခါမှာတော့ Kate Spade ဟာ Micheal Kors နဲ့ ခေတ်ပြိုင် Brand အဖြစ် ရပ်တည်ခဲ့ပါတယ်။

Kate Spade ရဲ့ ကနဦးအစလမ်းကြောင်းကလည်း တခြား Brand တွေရဲ့ အစလိုပဲ ကြမ်းတမ်းခဲ့ပါတယ်။ ၆ နှစ်လောက် Mademoiselle Magazine ရဲ့ Style Editor ဘဝထဲမှာ ပိတ်မိနေခဲ့တဲ့ Kate အတွက်တော့ ခင်ပွန်းဖြစ်သူ Andy ရဲ့ အကြံပေးချက်တွေနဲ့ ပံ့ပိုးထောက်ပံ့မှုတွေဟာ အားတက်စရာဖြစ်ခဲ့ပါတယ်။

Andy ရဲ့ ငွေအားထောက်ပံ့မှုတွေနဲ့ပဲ ပထမဆုံး Kate Spade ရဲ့ ခြေလှမ်းအစဖြစ်တဲ့ ရောင်စုံ ဒီဇိုင်းစုံ ခေတ်မီအဆင်လေးတွေကို ဒီဇိုင်းဆွဲထားတဲ့ လေးထောင့်ဆန်ဆန် Sam Bag လေးတွေနဲ့ ပွဲဦးထွက်စတင်ထုတ်ဝေခဲ့ပါတယ်။

Kate Spade

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန် 

စတင်ထုတ်ဝေကာစမှာတော့ လူကုံထံအသိုင်းအဝိုင်းအတွက် ရည်ရွယ်ခဲ့ပြီး ၁၉၉၆ မှာတော့ Kate Spade ရဲ့ ပထမဆုံးဆိုင်ကို New York မြို့ မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ဖွင့်လှစ်ပြီး ၈လ အကြာမှာပဲ Cleveland Research ရဲ့ ဂျာနယ်လစ်တစ်ယောက်ဟာ Kate Spade ရဲ့ အောင်မြင်မှု အလားအလာကို မြင်ပြီး ရှယ်ယာတွေဝယ်ဖို့ တိုက်တွန်းခဲ့ရာမှ တဟုန်ထိုး နာမည်တက်လာပါတော့တယ်။

၁၉၉၇ ကနေ ၂၀၀၀ ကြားကာလတွေမှာ လမ်းမပေါ် လှုပ်ရှားသွားလာနေကြတဲ့ အမျိုးသမီးထုတိုင်းရဲ့လက်ထဲ Kate Spade ရဲ့ ရောင်စုံနီယွန်အိတ်လေးတွေ စိုးမိုးခဲ့ပါတယ်။

Idea ကလွဲပြီး အရာရာ ဗလာအဆင့်ကနေ စတင်ခဲ့တဲ့ Kate Spade ဟာ နည်းပညာဖွံ့ဖြိုးလာတဲ့ Digital ခေတ်မှာတော့ ရောင်းရငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇ သန်းနဲ့ အောင်မြင်လာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ အသားတင်ငွေကြေးစုစုပေါင်း အမေရိကန်ဒေါ်လာ ၉၉ သန်းထိ ရရှိခဲ့ပါတယ်။

Taylor Swift Wearing Kate Spade

တစ်ဖက်မှာလည်း ၁၉၉၉ ခုနှစ်မှာတော့ Neiman Marcus Group ဟာ ကုမ္ပဏီရှယ်ယာရဲ့ ၅၆ ရာခိုင်နှုန်းစုစုပေါင်းကို အမေရိကန်ဒေါ်လာ ၃၄ သန်းနဲ့ ဝယ်ယူရရှိခဲ့ပြီး ၂၀၀၆ ခုနှစ်မှာတော့ ကျန်ရှိတဲ့ ရှယ်ယာ ၄၄ ရာခိုင်နှုန်းကိုပါ အမေရိကန်ဒေါ်လာ ၅၉.၄ သန်းနဲ့ အပြီးအပိုင် လွှဲပြောင်းဝယ်ယူလိုက်ပါတော့တယ်။

၂၀၀၄ ခုနှစ်မှာတော့ Kate Spade ဟာ အမေရိကအတွင်းမှာကို ဆိုင်ခွဲ ၁၃ ဆိုင်ထိ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အစပထမတော့ လက်ကိုင်အိတ်တွေပဲ စတင်ရောင်းချခဲ့ရာမှ နောက်ပိုင်းမှာ စာရေးကိရိယာနဲ့ Address Book၊ ဖိနပ်နဲ့ တခြား အလှအပ အသုံးအဆောင်များ ရေမွှေးနဲ့ မိုးကာအကျီႋအပြင် ညဝတ်အကျႌနဲ့ မျက်မှန်အသုံးအဆောင်များ ထုတ်ဝေခဲ့ပါတယ်။ Kate Spade ဟာ ခုဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းမှာ Store ၁၈၀ ခုအထိ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

နိုဝင်ဘာလ ၂၀၀၆ ခုနှစ်မှာတော့ Liz Claiborne Incorporation ဟာ Kate Spade ကို Neiman Marcus Group ဆီမှ အမေရိကန်ဒေါ်လာ ၁၂၄ သန်းဖြင့် ဝယ်ယူခဲ့ပြီး ဇူလိုင်လ ၂၀၁၇ မှာတော့ Kate Spade ကုမ္ပဏီတစ်ခုလုံးကို Tapestry Incoporation မှ အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံနဲ့ ဝယ်ယူခဲ့လိုက်ပါတော့တယ်။

ဝါသနာတွေ၊ ရည်မှန်းချက်တွေ၊ အိုင်ဒီယာအသစ်အဆန်းတွေနဲ့ Branded ချစ်သူတွေကြား အချိန်တစ်ခုကြာကြာတိုင်အောင် စိုးမိုးထားခဲ့တဲ့ Kate Spade ရဲ့ Founder Kate ကတော့ သူကိုယ်တိုင်တည်ထောင်ခဲ့ရတဲ့ Brand ကို လုပ်ငန်းခွင်အခြေအနေအမျိုးမျိုး၊ ပြိုင်ဆိုင်မှုအမျိုးမျိုးကြောင့် လက်လွှတ်ခဲ့လိုက်ရပြီး ခုနောက်ဆုံးမှာတော့ ဘဝကိုပါအဆုံးစီရင်ခြင်းနဲ့ လွတ်မြောက်သွားခဲ့ပါပြီ။ သူ့ရဲ့ လက်ရာ၊ အငွေ့အသက်တွေကျန်ရှိနေသေးတဲ့ Kate Spade ကရော ရေရှည်တည်တံ့နေဦးမှာလား ဆိုတာကတော့…..။

EiEiKhineMinn ( Akhayar )