[ZawGyi]

ထာဝရျငိမ္းခ်မ္းရာလမ္းကို ကိုယ္တုိင္ေရြးခ်ယ္သြားရွာျပီျဖစ္တဲ႔ Kate Spade

Kate Spade လို႔ဆုိလိုက္ရင္ ရိုးရွင္းျပီးဖန္တီးမႈလက္ရာေကာင္းတဲ႔အိတ္လွလွေလးေတြကိုမ်က္လံုးထဲအရင္ေျပးျမင္မိၾကမွာပါ။ ဒီဘက္ေခတ္လူငယ္ေတြရဲ႕ပခံုးထက္မွာေနရာယူခဲ႔တဲ႔ Kate Spade Brand ဟာခုခ်ိန္ထိေအာင္ျမင္မႈေတြဖမ္းဆုပ္ထားႏိုင္ဆဲပါ။

Kate Spade Bag

Kate Spade Bag

ဒါေပမဲ႔ သူ႔ကိုဖန္တီးခဲ႔သူကေတာ႔ ဘဝကိုအရွံုးေပးသြားခဲ႔ပါျပီ။

အမ်ိဳးသမီးတုိ႔အသဲစြဲ Kate Spade Brand ရဲ႕ ပဲ႔ကိုင္ရွင္ Kate Spadeလို႔ေခၚေလ႔ရွိၾကတဲ႔ Kate Valentine တစ္ေယာက္ကိုယ္႔ကိုယ္ကိုယ္အဆံုးစီရင္သြားတယ္ဆုိတဲ႔သတင္းက ဖက္ရွင္ခ်စ္သူေတြ Kate Spade ခ်စ္သူေတြအတြက္ေတာ႔ အရမ္းကိုတုန္လႈပ္ေစခဲ႔တဲ႔သတင္းပါပဲ။ သူမဟာ အသက္ ၅၅ ႏွစ္အရြယ္မွာပဲ ေလာကၾကီးကိုအရွံဳးေပးသြားခဲ႔တာပါ။ တကယ္ေတာ႔ စီးပြားဥစၥာလည္း ထိုက္သင္႔သေလာက္ရွိ၊ ခင္ပြန္းလည္းနဲ႔ ခ်စ္စရာသမီးေလးလည္းပိုင္ဆုိင္ထားတဲ႔သူမကို ဒီလိုအျဖစ္မ်ိဳးလုပ္သြားလိမ္႔မယ္လုိ႔ သူမရဲ႕ေဆြမ်ိဳးရင္းခ်ာေတြကေရာ ဘယ္သူကမွမွန္းမထားၾကပါဘူး။

Kate-Spade_logo

Kate-Spade_logo

သူမဟာ အဂါၤေန႔မနက္က သူမေနအိမ္မွာပဲ ပဝါစနဲ႔ၾကိဳးဆြဲခ်ေသဆံုးသြားခဲ႔တာျဖစ္ပါတယ္။ ခင္ပြန္းျဖစ္သူလည္းအိမ္မွာရွိေနတဲ႔အခ်ိန္ပါ။ သူမကအသက္ ၁၃ ႏွစ္သာရွိေသးတဲ႔သမီးေလး June အတြက္ေသတမ္းစာေရးထားခဲ႔ျပီး သမီးေလးကိုအရမ္းခ်စ္တဲ႔အေၾကာင္း၊ အခုလိုလုပ္ေဆာင္သြားခဲ႔တာ သူမအမွားမဟုတ္ပါေၾကာင္းနဲ႔ ဒယ္ဒီ႔ကိုပဲေမးၾကည္႔ပါေတာ႔ လို႔ေရးသားခဲ႔တာျဖစ္ပါတယ္။ ဒီစာေၾကာင္႔လည္း ရဲေတြက Relationship Issues ေၾကာင္႔ သတ္ေသသြားတာလုိ႔ သတ္မွတ္ၾကပါတယ္။

Kate-Spade

Kate-Spade

သူမရဲ႕အစ္မျဖစ္သူေျပာၾကားခ်က္အရေတာ႔ Kate Spade ဟာစိတ္ဓာတ္က်ေနျပီး စိတ္ပိုင္းဆိုင္ရာထိခိုက္ခံစားေနရတယ္လုိ႔ဆုိပါတယ္။ ျပီးေတာ႔သူမဟာအစြဲလမ္းၾကီးတတ္သူလည္းျဖစ္ပါတယ္တဲ႔။ သူမအရမ္းၾကိဳက္တဲ႔ မင္းသားၾကီး Robin Williams ဟာ ၂၀၁၄ ခုနစ္မွာ ၾကိဳးဆြဲခ်ေသဆံုးသြားခဲ႔တာမုိ႔ ဒီလိုလုပ္ရပ္တစ္ခုကလည္း သူမရဲ႕ေရြးခ်ယ္မႈကို သက္ေရာက္ေစႏိုင္တာျဖစ္မယ္လို႔ ယူဆၾကပါတယ္။
တကယ္တမ္းမွာ သူမကိုအၾကီးအက်ယ္စိတ္ဓာတ္က်ေစတာကေတာ႔ သူမရဲ႕ Kate Spade Brand ပါ။

Kate Spade Brand

Kate Spade Brand

Kate Spade Brand ကို Coach ကအေမရိကန္ေဒၚလာ ၂.၄ ဘီလီယံနဲ႔ ၂၀၁၇၊ ေမလက ဝယ္ယူႏိုင္ခဲ႔ျပီး Coach အေနနဲ႔လည္းေအာင္ျမင္မႈေတြအရင္ထက္ပိုမိုရရွိေနခဲ႔တာပါ။ Kate Spade ကိုႏွစ္ေပါင္းမ်ားစြာေမြးဖြားတည္ေဆာက္ခဲ႔တဲ႔သူမအဖုိ႔ဒီ Brand ကိုေရာင္းခ်လိုက္ရျခင္းဟာ အသည္းကိုေခ်မြသလိုခံစားေနခဲ႔ရမွာအမွန္ပါ။

ႏုပ်ိဳစဥ္ကသူမ

ႏုပ်ိဳစဥ္ကသူမ

သူမစိတ္ပိုင္းဆိုင္ရာေဝဒနာခံစားလာရျပီးေနာက္ပိုင္း ခင္ပြန္းျဖစ္သူနဲ႔ေဆြမ်ိဳးသားခ်င္းေတြက ေဆးကုသမႈခံယူဖုိ႔အတန္တန္နားခ်ေပမယ္႔ သူမကလံုးဝလက္မခံခဲ႔ပါဘူး။ ဒီလိုကိုယ္႔ကိုယ္ကိုယ္အဆံုးစီရင္ဖုိ႔ကိုလည္း သူမကအစီအစဥ္ဆြဲျပီးသားျဖစ္ေနခဲ႔ပါတယ္။ ဘာေၾကာင္႔လဲဆုိရင္ မၾကာေသးခင္ကပဲသူမက ” Rita နင္အသုဘအခမ္းအနားေတြကိုမုန္းမွန္းသိပါတယ္။ ဒါေပမဲ႔ ငါ႔အလွည္႔မွာေတာ႔ လာခဲ႔ေပးပါ” လို႔ေျပာခဲ႔ပါတယ္တဲ႔။

she leaves her note for daughter

she leaves her note for daughter

 

Kate ဟာ ကိုယ္႔ကိုယ္ကိုယ္အဆံုးစီရင္သြားတဲ႔ နာမည္ၾကီးဒီဇိုင္နာေတြထဲမွာ တတိယေျမာက္ျဖစ္ပါတယ္။ သူမအေရွ႕မွာေတာ႔ ဒီဇိုင္နာ L’Wren Scott က ၂၀၁၄ ခုနစ္မွာအဆံုးစီရင္သြားခဲ႔ျပီး ၂၀၁၀မွာေတာ႔ Alexander McQueen ကကိုယ္႔ကိုယ္ကိုယ္အဆံုးစီရင္ ေသဆံုးသြားခဲ႔တာျဖစ္ပါတယ္။ Kate Spade ထုတ္ကုန္ေတြဟာ ၁၉၉၀ ဖြားလူငယ္ေတြအတြက္ အခ်ိန္အၾကာၾကီးအေဖာ္မြန္အျဖစ္ရွိေနခဲ႔တဲ႔အရာေတြမို႔ ဒီေန႔ဟာ Kate Spade ခ်စ္သူေတြအတြက္ေတာ႔ စိတ္ထိခိုက္ဝမ္းနည္းရဆံုးေန႔ျဖစ္ေနေတာ႔မွာပါ။

www.akhayar.com

[Unicode]

ထာဝရငြိမ်းချမ်းရာလမ်းကို ကိုယ်တိုင်ရွေးချယ်သွားရှာပြီဖြစ်တဲ့ Kate Spade

Kate Spade လို့ဆိုလိုက်ရင် ရိုးရှင်းပြီးဖန်တီးမှုလက်ရာကောင်းတဲ့အိတ်လှလှလေးတွေကိုမျက်လုံးထဲအရင်ပြေးမြင်မိကြမှာပါ။ ဒီဘက်ခေတ်လူငယ်တွေရဲ့ပခုံးထက်မှာနေရာယူခဲ့တဲ့ Kate Spade Brand ဟာခုချိန်ထိအောင်မြင်မှုတွေဖမ်းဆုပ်ထားနိုင်ဆဲပါ။

Kate Spade Bag

Kate Spade Bag

ဒါပေမဲ့ သူ့ကိုဖန်တီးခဲ့သူကတော့ ဘဝကိုအရှုံးပေးသွားခဲ့ပါပြီ။

အမျိုးသမီးတို့အသဲစွဲ Kate Spade Brand ရဲ့ ပဲ့ကိုင်ရှင် Kate Spadeလို့ခေါ်လေ့ရှိကြတဲ့ Kate Valentine တစ်ယောက်ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းက ဖက်ရှင်ချစ်သူတွေ Kate Spade ချစ်သူတွေအတွက်တော့ အရမ်းကိုတုန်လှုပ်စေခဲ့တဲ့သတင်းပါပဲ။ သူမဟာ အသက် ၅၅ နှစ်အရွယ်မှာပဲ လောကကြီးကိုအရှုံးပေးသွားခဲ့တာပါ။ တကယ်တော့ စီးပွားဥစ္စာလည်း ထိုက်သင့်သလောက်ရှိ၊ ခင်ပွန်းလည်းနဲ့ ချစ်စရာသမီးလေးလည်းပိုင်ဆိုင်ထားတဲ့သူမကို ဒီလိုအဖြစ်မျိုးလုပ်သွားလိမ့်မယ်လို့ သူမရဲ့ဆွေမျိုးရင်းချာတွေကရော ဘယ်သူကမှမှန်းမထားကြပါဘူး။

Kate-Spade_logo

Kate-Spade_logo

သူမဟာ အဂါၤနေ့မနက်က သူမနေအိမ်မှာပဲ ပဝါစနဲ့ကြိုးဆွဲချသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူလည်းအိမ်မှာရှိနေတဲ့အချိန်ပါ။ သူမကအသက် ၁၃ နှစ်သာရှိသေးတဲ့သမီးလေး June အတွက်သေတမ်းစာရေးထားခဲ့ပြီး သမီးလေးကိုအရမ်းချစ်တဲ့အကြောင်း၊ အခုလိုလုပ်ဆောင်သွားခဲ့တာ သူမအမှားမဟုတ်ပါကြောင်းနဲ့ ဒယ်ဒီ့ကိုပဲမေးကြည့်ပါတော့ လို့ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီစာကြောင့်လည်း ရဲတွေက Relationship Issues ကြောင့် သတ်သေသွားတာလို့ သတ်မှတ်ကြပါတယ်။

Kate-Spade

Kate-Spade

သူမရဲ့အစ်မဖြစ်သူပြောကြားချက်အရတော့ Kate Spade ဟာစိတ်ဓာတ်ကျနေပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတယ်လို့ဆိုပါတယ်။ ပြီးတော့သူမဟာအစွဲလမ်းကြီးတတ်သူလည်းဖြစ်ပါတယ်တဲ့။ သူမအရမ်းကြိုက်တဲ့ မင်းသားကြီး Robin Williams ဟာ ၂၀၁၄ ခုနစ်မှာ ကြိုးဆွဲချသေဆုံးသွားခဲ့တာမို့ ဒီလိုလုပ်ရပ်တစ်ခုကလည်း သူမရဲ့ရွေးချယ်မှုကို သက်ရောက်စေနိုင်တာဖြစ်မယ်လို့ ယူဆကြပါတယ်။
တကယ်တမ်းမှာ သူမကိုအကြီးအကျယ်စိတ်ဓာတ်ကျစေတာကတော့ သူမရဲ့ Kate Spade Brand ပါ။

Kate Spade Brand

Kate Spade Brand

Kate Spade Brand ကို Coach ကအမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံနဲ့ ၂၀၁၇၊ မေလက ဝယ်ယူနိုင်ခဲ့ပြီး Coach အနေနဲ့လည်းအောင်မြင်မှုတွေအရင်ထက်ပိုမိုရရှိနေခဲ့တာပါ။ Kate Spade ကိုနှစ်ပေါင်းများစွာမွေးဖွားတည်ဆောက်ခဲ့တဲ့သူမအဖို့ဒီ Brand ကိုရောင်းချလိုက်ရခြင်းဟာ အသည်းကိုချေမွသလိုခံစားနေခဲ့ရမှာအမှန်ပါ။

နုပျိုစဉ်ကသူမ

နုပျိုစဉ်ကသူမ

သူမစိတ်ပိုင်းဆိုင်ရာဝေဒနာခံစားလာရပြီးနောက်ပိုင်း ခင်ပွန်းဖြစ်သူနဲ့ဆွေမျိုးသားချင်းတွေက ဆေးကုသမှုခံယူဖို့အတန်တန်နားချပေမယ့် သူမကလုံးဝလက်မခံခဲ့ပါဘူး။ ဒီလိုကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ကိုလည်း သူမကအစီအစဉ်ဆွဲပြီးသားဖြစ်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် မကြာသေးခင်ကပဲသူမက ” Rita နင်အသုဘအခမ်းအနားတွေကိုမုန်းမှန်းသိပါတယ်။ ဒါပေမဲ့ ငါ့အလှည့်မှာတော့ လာခဲ့ပေးပါ” လို့ပြောခဲ့ပါတယ်တဲ့။

she leaves her note for daughter

she leaves her note for daughter

 

Kate ဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားတဲ့ နာမည်ကြီးဒီဇိုင်နာတွေထဲမှာ တတိယမြောက်ဖြစ်ပါတယ်။ သူမအရှေ့မှာတော့ ဒီဇိုင်နာ L’Wren Scott က ၂၀၁၄ ခုနစ်မှာအဆုံးစီရင်သွားခဲ့ပြီး ၂၀၁၀မှာတော့ Alexander McQueen ကကိုယ့်ကိုယ်ကိုယ်အဆုံးစီရင် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ Kate Spade ထုတ်ကုန်တွေဟာ ၁၉၉၀ ဖွားလူငယ်တွေအတွက် အချိန်အကြာကြီးအဖော်မွန်အဖြစ်ရှိနေခဲ့တဲ့အရာတွေမို့ ဒီနေ့ဟာ Kate Spade ချစ်သူတွေအတွက်တော့ စိတ်ထိခိုက်ဝမ်းနည်းရဆုံးနေ့ဖြစ်နေတော့မှာပါ။

www.akhayar.com