[ZawGyi]

Mental Health Organization ေတြကိုေဒၚလာ ၁ သန္းလွဴဒါန္းမယ္႔ Kate Spade Brand

Kate Spade Brand ကိုစတင္တည္ေထာင္ခဲ႔တဲ႔ Kate Valentine ကိုေလးစားဂုဏ္ျပဳတဲ႔အေနနဲ႔ Kate Spade ကုမၸဏီဟာ လွဴဒါန္းမႈေတြျပဳလုပ္ခဲ႔တယ္လုိ႔သိရပါတယ္။ Kate Valentine ဟာ အခ်ိန္အၾကာၾကီးစိတ္က်ေဝဒနာခံစားခဲ႔ရျပီး ကိုယ္႔ကိုယ္ကိုယ္အဆံုးစီရင္သြားခဲ႔တာမုိ႔ ဒီလိုျဖစ္ရပ္ေတြရပ္တန္႔ႏိုင္ဖို႔အတြက္ လက္ရွိ Kate Spade Brand ကိုပိုင္ဆုိင္ထားတဲ႔ကုမၸဏီအေနနဲ႔ စိတ္က်န္းမာေရးနဲ႔ပတ္သက္ျပီး အသိအျမင္တုိးပြားေအာင္ေဆာင္ရြက္ေပးေနတဲ႔ Organization ေတြကိုလွဴဒါန္းခဲ႔တာျဖစ္ပါတယ္။ Kate Spade ဟာ ဇြန္လ ၅ ရက္ေန႔ကသူမေနထိုင္ရာအခန္းမွာ ကိုယ္႔ကိုယ္ကုိယ္အဆံုးစီရင္သြားခဲ႔တာျဖစ္ျပီးဒီလုိေလာကၾကီးကိုစြန္႔ခြာသြားခ်ိန္မွာ အသက္ ၅၅ ႏွစ္သာရွိပါေသးတယ္။

Kate Valentine ရဲ႕ခင္ပြန္းျဖစ္သူ Andy Spade ရဲ႕ေျပာစကားအရ သူမဟာ ႏွစ္ေပါင္းမ်ားစြာ စိတ္က်ေဝဒနာခံစားခဲ႔ရျပီး ေဆးကုသမႈကိုလည္းျငင္းဆန္ခဲ႔တယ္လုိ႔သိရပါတယ္။ သူ႔ကိုယ္သူအဆံုးမစီရင္ခင္ညဘက္အထိ မိသားစုဝင္ေတြနဲ႔စကားေျပာဆုိေနခဲ႔ျပီး ေပ်ာ္ရႊင္ေနခဲ႔ပါတယ္တဲ႔။ ဒီလုိလုပ္သြားေတာ႔မယ္ဆုိတာလံုးဝနိမိတ္မျပခဲ႔တာမုိ႔ သူတုိ႔အတြက္အၾကီးအက်ယ္အ႔ံအားသင္႔ေစခဲ႔တယ္လုိ႔ဖြင္႔ဟခဲ႔ပါတယ္။

Kate Spade Brand အေနနဲ႔ လက္ရွိအခ်ိန္မွာ လွဴဒါန္းမႈေတြဆက္တုိက္ေဆာင္ရြက္ေနျပီး ျပီးခဲ႔တဲ႔ရက္က Crisis တစ္ခုခုျဖစ္ခ်ိန္မွာ မက္ေဆ႔ခ်္ေပးပို႔ေနတဲ႔ Crisis  Text Line ကို အေမရိကန္ေဒၚလာ ၂ သိန္းခြဲလွဴဒါန္းခဲ႔ျပီးျဖစ္တယ္လုိ႔သိရပါတယ္။ ဇြန္လ ၂၀ ကေန ၂၉ အတြင္းမွာလည္း Kate Spade ခ်စ္သူေတြကိုမိမိတုိ႔နဲ႔နီးစပ္ရာ ေဖာင္ေဒးရွင္းေတြဆီလွဴဒါန္းၾကဖုိ႔ ႏိႈးေဆာ္ခဲ႔တာမုိ႔  Kate Spade Fan ေတြရဲ႕အလွဴကလည္းလက္ရွိအခ်ိန္ထိ အေမရိကန္ေဒၚလာ ၁၆၀၀၀ ခန္႔ရွိေနျပီလုိ႔ဆိုပါတယ္။

Kate Spade ကိုပိုင္ဆုိင္ထားတဲ႔ ကုမၸဏီအေနနဲ႔လည္း Kate Valentine ကိုဆံုးရံႈးရတဲ႔အေပၚ ဝမ္းနည္းမိေၾကာင္းေဖာ္ျပခဲ႔ျပီး Kate Valentine ဟာကမၻာေျမေပၚကို အလွတရားေတြသယ္ေဆာင္လာေပးခဲ႔တာပါလို႔ ညႊန္းဆုိခဲ႔ပါတယ္။ ဒီစာသားေတြကို Kate Spade ဆိုင္တုိင္းရဲ႕ နံရံမွာခ်ိတ္ဆြဲထားတယ္လုိ႔လည္း သိရပါတယ္။

www.akhayar.com

[Unicode]

Mental Health Organization တွေကိုဒေါ်လာ ၁ သန်းလှူဒါန်းမယ့် Kate Spade Brand

Kate Spade Brand ကိုစတင်တည်ထောင်ခဲ့တဲ့ Kate Valentine ကိုလေးစားဂုဏ်ပြုတဲ့အနေနဲ့ Kate Spade ကုမ္ပဏီဟာ လှူဒါန်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ Kate Valentine ဟာ အချိန်အကြာကြီးစိတ်ကျဝေဒနာခံစားခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့တာမို့ ဒီလိုဖြစ်ရပ်တွေရပ်တန့်နိုင်ဖို့အတွက် လက်ရှိ Kate Spade Brand ကိုပိုင်ဆိုင်ထားတဲ့ကုမ္ပဏီအနေနဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး အသိအမြင်တိုးပွားအောင်ဆောင်ရွက်ပေးနေတဲ့ Organization တွေကိုလှူဒါန်းခဲ့တာဖြစ်ပါတယ်။ Kate Spade ဟာ ဇွန်လ ၅ ရက်နေ့ကသူမနေထိုင်ရာအခန်းမှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့တာဖြစ်ပြီးဒီလိုလောကကြီးကိုစွန့်ခွာသွားချိန်မှာ အသက် ၅၅ နှစ်သာရှိပါသေးတယ်။

Kate Valentine ရဲ့ခင်ပွန်းဖြစ်သူ Andy Spade ရဲ့ပြောစကားအရ သူမဟာ နှစ်ပေါင်းများစွာ စိတ်ကျဝေဒနာခံစားခဲ့ရပြီး ဆေးကုသမှုကိုလည်းငြင်းဆန်ခဲ့တယ်လို့သိရပါတယ်။ သူ့ကိုယ်သူအဆုံးမစီရင်ခင်ညဘက်အထိ မိသားစုဝင်တွေနဲ့စကားပြောဆိုနေခဲ့ပြီး ပျော်ရွှင်နေခဲ့ပါတယ်တဲ့။ ဒီလိုလုပ်သွားတော့မယ်ဆိုတာလုံးဝနိမိတ်မပြခဲ့တာမို့ သူတို့အတွက်အကြီးအကျယ်အံ့အားသင့်စေခဲ့တယ်လို့ဖွင့်ဟခဲ့ပါတယ်။

Kate Spade Brand အနေနဲ့ လက်ရှိအချိန်မှာ လှူဒါန်းမှုတွေဆက်တိုက်ဆောင်ရွက်နေပြီး ပြီးခဲ့တဲ့ရက်က Crisis တစ်ခုခုဖြစ်ချိန်မှာ မက်ဆေ့ချ်ပေးပို့နေတဲ့ Crisis  Text Line ကို အမေရိကန်ဒေါ်လာ ၂ သိန်းခွဲလှူဒါန်းခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ ဇွန်လ ၂၀ ကနေ ၂၉ အတွင်းမှာလည်း Kate Spade ချစ်သူတွေကိုမိမိတို့နဲ့နီးစပ်ရာ ဖောင်ဒေးရှင်းတွေဆီလှူဒါန်းကြဖို့ နှိုးဆော်ခဲ့တာမို့  Kate Spade Fan တွေရဲ့အလှူကလည်းလက်ရှိအချိန်ထိ အမေရိကန်ဒေါ်လာ ၁၆၀၀၀ ခန့်ရှိနေပြီလို့ဆိုပါတယ်။

Kate Spade ကိုပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီအနေနဲ့လည်း Kate Valentine ကိုဆုံးရှုံးရတဲ့အပေါ် ဝမ်းနည်းမိကြောင်းဖော်ပြခဲ့ပြီး Kate Valentine ဟာကမ္ဘာမြေပေါ်ကို အလှတရားတွေသယ်ဆောင်လာပေးခဲ့တာပါလို့ ညွှန်းဆိုခဲ့ပါတယ်။ ဒီစာသားတွေကို Kate Spade ဆိုင်တိုင်းရဲ့ နံရံမှာချိတ်ဆွဲထားတယ်လို့လည်း သိရပါတယ်။

www.akhayar.com