[Zawgyi]

Prince Louis ရဲ႕ ေခါင္းေဆးမဂၤလာပြဲမွာ တစ္သားေမြးတစ္ေသြးလွေနတဲ႔ Kate Middleton

Cambridge ၿမိဳ႕စားကေတာ္ Kate Middleton ကေတာ့ ဇူလိုင္လ ၉ ရက္ေန႔မွာ က်င္းပတဲ့ သားငယ္ Prince Louis ရဲ႕ ေခါင္းေဆးမဂၤလာပြဲမွာ Alexander McQueen Coat Dress ေလးနဲ႔ သားငယ္ေလးကို ခ်ီရင္း ေပ်ာ္ပါးရႊင္လန္းစြာ ပြဲတက္လာတာကိုေတြ႕ျမင္ခဲ့ရပါတယ္။

ေခါင္းေပၚမွာလည္း ႏို႔ႏွစ္ေရာင္အျဖဴေလးကို ပန္းပြင့္ေလးေတြနဲ႔ စီျခယ္ထားတဲ့ ဦးထုပ္ေလးကို ဝတ္ဆင္ထားၿပီး ပုလဲအဆုပ္လိုက္ နားကပ္ေလးနဲ႔ ေက်ာ့ရွင္းလွပေနတာကို ေတြ႕ျမင္ရပါတယ္။

အသက္ ၃၆ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ကေလး ၃ေယာက္ရဲ႕မိခင္ Kate ဟာ သူမသားသမီးတိုင္းရဲ႕ ေခါင္းေဆးမဂၤလာပြဲတိုင္းမွာ ခပ္ဆင္ဆင္ Theme တူတဲ့ အဝတ္အစား Fashion မ်ိဳးနဲ႔ပဲ ပြဲထြက္လာတတ္တာ သတိထားမိခဲ႔ပါတယ္။

ေအာက္တိုဘာလ ၂၀၁၃ ခုႏွစ္မွာတုန္းက Prince George ရဲ႕ ေခါင္းေဆးမဂၤလာပြဲမွာ Kate ဟာ သူမရဲ႕ မဂၤလာဦးဝတ္စံုနဲ႔ အလားတူ Alexander McQueen ရဲ႕ ႏို႔ႏွစ္ဝတ္စံုေလးနဲ႔ ပြဲထြက္လာခဲ့ေသးပါတယ္။ ဇူလိုင္လ ၅ရက္ ၂၀၁၅ တုန္းက Princess Charlotte ရဲ႕ ေခါင္းေဆးမဂၤလာပြဲမွာလည္း Alexander McQueen ရဲ႕ အဲ့လိုႏို႔ႏွစ္ေရာင္ Fashion ေလးကိုပဲ စြဲစြဲၿမဲၿမဲဝတ္ဆင္ခဲ့သူပါ။

ပံုထဲမွာေတာ့ ေဖေဖ Prince William ရဲ႕ လက္တစ္ဖက္တစ္ခ်က္စီကို သားငယ္ George နဲ႔ သမီးငယ္ Charlotte တို႔က ဆြဲကိုင္ထားၿပီး ေမေမ Kate ကေတာ့ သားအငယ္ဆံုးေလး Louis ကို ခ်ီေပြ႕ပိုက္ေထြးထားပါတယ္။

မိသားစုစံုစံုလင္လင္ပံုေလးထဲမွာ သမီးငယ္ Charlotte ကေတာ့ အျပာေရာင္ Pattern Dress ေလးနဲ႔ ခ်စ္ဖို႔ေကာင္းေနၿပီး သားငယ္ George ကေတာ့ Peter Pan Collar Shirt နဲ႔ သူ႔ရဲ႕ လက္စြဲ ေဘာင္းဘီတိုေလးနဲ႔ စမတ္က်လို႔ေနပါတယ္။

ပြဲတစ္ခုလံုးရဲ႕ ဇာတ္လိုက္ မင္းသားေလး Louis ကေတာ့ ေမေမ့ရဲ႕လက္ေမာင္းေပၚမွာ အျပစ္ကင္းစြာ အိပ္ေနပံုက ခ်စ္စရာပါပဲ။

EiEiKhineMinn (Akhayar)

[Unicode]

Prince Louis ရဲ့ ခေါင်းဆေးမင်္ဂလာပွဲမှာ သားနဲ့တူတူ ကျော့ရှင်းလှပစွာ ပွဲထွက်လာတဲ့ Kate Middleton

Cambridge မြို့စားကတော် Kate Middleton ကတော့ ဇူလိုင်လ ၉ ရက်နေ့မှာ ကျင်းပတဲ့ သားငယ် Prince Louis ရဲ့ ခေါင်းဆေးမင်္ဂလာပွဲမှာ Alexander McQueen Coat Dress လေးနဲ့ သားငယ်လေးကို ချီရင်း ပျော်ပါးရွှင်လန်းစွာ ပွဲတက်လာတာကိုတွေ့မြင်ခဲ့ရပါတယ်။

ခေါင်းပေါ်မှာလည်း နို့နှစ်ရောင်အဖြူလေးကို ပန်းပွင့်လေးတွေနဲ့ စီခြယ်ထားတဲ့ ဦးထုပ်လေးကို ဝတ်ဆင်ထားပြီး ပုလဲအဆုပ်လိုက် နားကပ်လေးနဲ့ ကျော့ရှင်းလှပနေတာကို တွေ့မြင်ရပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကလေး ၃ယောက်ရဲ့မိခင် Kate ဟာ သူမသားသမီးတိုင်းရဲ့ ခေါင်းဆေးမင်္ဂလာပွဲတိုင်းမှာ ခပ်ဆင်ဆင် Theme တူတဲ့ အဝတ်အစား Fashion မျိုးနဲ့ပဲ ပွဲထွက်လာတတ်တာ သတိထားမိခဲ့ပါတယ်။

အောက်တိုဘာလ ၂၀၁၃ ခုနှစ်မှာတုန်းက Prince George ရဲ့ ခေါင်းဆေးမင်္ဂလာပွဲမှာ Kate ဟာ သူမရဲ့ မင်္ဂလာဦးဝတ်စုံနဲ့ အလားတူ Alexander McQueen ရဲ့ နို့နှစ်ဝတ်စုံလေးနဲ့ ပွဲထွက်လာခဲ့သေးပါတယ်။ ဇူလိုင်လ ၅ရက် ၂၀၁၅ တုန်းက Princess Charlotte ရဲ့ ခေါင်းဆေးမင်္ဂလာပွဲမှာလည်း Alexander McQueen ရဲ့ အဲ့လိုနို့နှစ်ရောင် Fashion လေးကိုပဲ စွဲစွဲမြဲမြဲဝတ်ဆင်ခဲ့သူပါ။

ပုံထဲမှာတော့ ဖေဖေ Prince William ရဲ့ လက်တစ်ဖက်တစ်ချက်စီကို သားငယ် George နဲ့ သမီးငယ် Charlotte တို့က ဆွဲကိုင်ထားပြီး မေမေ Kate ကတော့ သားအငယ်ဆုံးလေး Louis ကို ချီပွေ့ပိုက်ထွေးထားပါတယ်။

မိသားစုစုံစုံလင်လင်ပုံလေးထဲမှာ သမီးငယ် Charlotte ကတော့ အပြာရောင် Pattern Dress လေးနဲ့ ချစ်ဖို့ကောင်းနေပြီး သားငယ် George ကတော့ Peter Pan Collar Shirt နဲ့ သူ့ရဲ့ လက်စွဲ ဘောင်းဘီတိုလေးနဲ့ စမတ်ကျလို့နေပါတယ်။

ပွဲတစ်ခုလုံးရဲ့ ဇာတ်လိုက် မင်းသားလေး Louis ကတော့ မေမေ့ရဲ့လက်မောင်းပေါ်မှာ အပြစ်ကင်းစွာ အိပ်နေပုံက ချစ်စရာပါပဲ။

EiEiKhineMinn (Akhayar)