[Zawgyi]

ျဗိတိန္မင္းသားဝီလ်ံရဲ႕ ၾကင္ရာေတာ္ ကိတ္မစ္ဒယ္တန္ တတိယေျမာက္ရငေ္သြးေမြးဖြားျပီ

ျဗိတိန္ေတာ္ဝင္မင္းသားဝီလ်ံရဲ့ ၾကင္ရာေတာ္၊ ကိန္းဘရစ္ခ်္ျမိဳ႕စားကေတာ္ ကိတ္မစ္ဒယ္တန္ဟာ တတိယေျမာက္ရင္ေသြးေလးအျဖစ္ သားေလးတစ္ေယာက္ကို ဒီေန႔ တနလာၤေန႔ (St. George Day’s) မနက္ ၁၁:၀၁ မွာ ေမြးဖြားေပးခဲ့ပါျပီ။

အဲဒီမတိုင္ခင္က ေမြးခါနီး ဖြားခါနီး အေျခအေနမို႔ လန္ဒန္မွာ ရွိတဲ့ စိန္႔ေမရီေဆးရံုကို မင္းသားဝီလ်ံနဲ႔အတူ ထြက္ခြာသြားခဲ့တယ္လို႔ Kensington Place က အတည္ျပဳခဲ့ပါတယ္။ ေရွ႕က သားၾကီး Prince George နဲ႔ သမီးငယ္ Princess Charlotte ဟာလည္း စိန္႔ေမရီ ေဆးရံုမွာပဲ ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။

ကိတ္မစ္ဒယ္တန္ဟာ ကိန္းဘရစ္ၿမိဳ႕စား ဝီလ်ံနဲ႔ ၂ဝ၁ဝခုႏွစ္ ႏုိဝင္ဘာလ ၁၆ရက္ေန႔မွာ ေစ့စပ္ခဲ့ၿပီး ၂ဝ၁၁ခုႏွစ္ ဧၿပီ ၂၉ရက္ေန႔မွာ လက္ထပ္ခဲ့ပါတယ္။ ၂ဝ၁၂ခုႏွစ္ ဒီဇင္ဘာလ ၃ရက္မွာ ကိတ္မစ္ဒယ္တန္ဟာ ပထမဆုံးရင္ေသြးကုိ လြယ္ထားရၿပီလုိ႔ တရားဝင္ေၾကညာခဲ့ၿပီး ၂ဝ၁၃ခုႏွစ္ ဇူလုိင္လ ၂၂ရက္ေန႔မွာ မင္သားငယ္ ေဂ်ာ့ (Prince George) ကုိ ဖြားျမင္ခဲ့ပါတယ္။ ၂ဝ၁၄ခုႏွစ္ စက္တင္ဘာလ ၈ရက္ေန႔မွာ ကိတ္မစ္ဒယ္တန္ဟာ ဒုတိယေျမာက္ ရင္ေသြးလြယ္ထားရၿပီလုိ႔ ေတာ္ဝင္မိသားစုက ေၾကညာခဲ့ၿပီး ၂ဝ၁၅ခုႏွစ္ ေမလ၂ရက္ေန႔မွာ မင္းသမီးငယ္ ခ်ားေလာ့ (Princess Charlotte) ကုိ ဖြားျမင္ခဲ့ပါတယ္။ အခုအခ်ိန္မွာ မင္းသားငယ္ေဂ်ာ့ဟာ ၄ႏွစ္အရြယ္ရွိၿပီး မင္းသမီးငယ္ ခ်ားေလာ့ဟာ ၂ႏွစ္အရြယ္ရွိေနပါၿပီ။

လန္ဒန္ျမိဳ႕ရဲအဖြဲကေတာ့ ေမြးဖြားမယ့္ ေဆးရံုအျပင္ပတ္ပတ္လည္မွာ အကာအရံေတြ ေသခ်ာခ်ထားျပီး ျဖစ္ျပီး ေတာ္ဝင္မိသားစု ကေလးေမြးျပီး ျပန္လည္ထြက္ခြာရာမွာ ျဖစ္ျဖစ္၊ ကေလးမ်က္ႏွာျပရာမွာ ျဖစ္ျဖစ္ အဆင္ေျပေအာင္ ၾကိဳတင္စီမံထားျပီးျဖစ္ပါတယ္။

သားငယ္ေလးဟာ ၈ေပါင္ ၇ ေအာင္စရွိျပီး က်န္းမာေရးအေျခအေနေကာင္းမြန္တယ္လို႔လည္း သိရပါတယ္။အခုလို တတိယေျမာက္ကေလးေမြးဖြားခဲ့တဲ့အတြက္ Kensington Palace ကလည္း တရားဝင္ေၾကညာခ်က္ထုတ္ျပန္ခဲ့သလို Twitter  ကတစ္ဆင့္လည္း လူထုကို အသိေပးအေၾကာင္းၾကားခဲ့ပါတယ္။အခုလို ေမြးဖြားခဲ့တဲ့အတြက္ ဒီကေလးဟာ ထီးေမြနန္းရာမွာ နံပါတ္ (၅) ေနရာမွာရွိျပီး ဝီလ်ံရဲ့ ညီ ဟယ္ရီကေတာ့ တစ္ဆင့္ေနာက္ဆုတ္ကာ နံပါတ္ (၆) ေနရာကို ေရာက္ရွိခဲ့ျပီ ျဖစ္ပါတယ္။

ဝီလ်ံနဲ႔ ကိတ္မစ္ဒယ္တန္တို႔ရဲ့ တတိယေျမာက္ရင္ေသြးျဖစ္တဲ့ သားငယ္ေလးကိုေတာ့ Happy Birthday လို႔ ႏႈတ္ခြန္းဆက္ၾကိဳဆုိလုိက္ပါရေစ။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

ဗြိတိန်မင်းသားဝီလျံရဲ့ ကြင်ရာတော် ကိတ်မစ်ဒယ်တန် တတိယမြောက်ရငေ်သွးမွေးဖွားပြီ

ဗြိတိန်တော်ဝင်မင်းသားဝီလျံရဲ့ ကြင်ရာတော်၊ ကိန်းဘရစ်ချ်မြို့စားကတော် ကိတ်မစ်ဒယ်တန်ဟာ တတိယမြောက်ရင်သွေးလေးအဖြစ် သားလေးတစ်ယောက်ကို ဒီနေ့ တနလာၤနေ့ (St. George Day’s) မနက် ၁၁:၀၁ မှာ မွေးဖွားပေးခဲ့ပါပြီ။

အဲဒီမတိုင်ခင်က မွေးခါနီး ဖွားခါနီး အခြေအနေမို့ လန်ဒန်မှာ ရှိတဲ့ စိန့်မေရီဆေးရုံကို မင်းသားဝီလျံနဲ့အတူ ထွက်ခွာသွားခဲ့တယ်လို့ Kensington Place က အတည်ပြုခဲ့ပါတယ်။ ရှေ့က သားကြီး Prince George နဲ့ သမီးငယ် Princess Charlotte ဟာလည်း စိန့်မေရီ ဆေးရုံမှာပဲ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

ကိတ်မစ်ဒယ်တန်ဟာ ကိန်းဘရစ်မြို့စား ဝီလျံနဲ့ ၂ဝ၁ဝခုနှစ် နိုဝင်ဘာလ ၁၆ရက်နေ့မှာ စေ့စပ်ခဲ့ပြီး ၂ဝ၁၁ခုနှစ် ဧပြီ ၂၉ရက်နေ့မှာ လက်ထပ်ခဲ့ပါတယ်။ ၂ဝ၁၂ခုနှစ် ဒီဇင်ဘာလ ၃ရက်မှာ ကိတ်မစ်ဒယ်တန်ဟာ ပထမဆုံးရင်သွေးကို လွယ်ထားရပြီလို့ တရားဝင်ကြေညာခဲ့ပြီး ၂ဝ၁၃ခုနှစ် ဇူလိုင်လ ၂၂ရက်နေ့မှာ မင်သားငယ် ဂျော့ (Prince George) ကို ဖွားမြင်ခဲ့ပါတယ်။ ၂ဝ၁၄ခုနှစ် စက်တင်ဘာလ ၈ရက်နေ့မှာ ကိတ်မစ်ဒယ်တန်ဟာ ဒုတိယမြောက် ရင်သွေးလွယ်ထားရပြီလို့ တော်ဝင်မိသားစုက ကြေညာခဲ့ပြီး ၂ဝ၁၅ခုနှစ် မေလ၂ရက်နေ့မှာ မင်းသမီးငယ် ချားလော့ (Princess Charlotte) ကို ဖွားမြင်ခဲ့ပါတယ်။ အခုအချိန်မှာ မင်းသားငယ်ဂျော့ဟာ ၄နှစ်အရွယ်ရှိပြီး မင်းသမီးငယ် ချားလော့ဟာ ၂နှစ်အရွယ်ရှိနေပါပြီ။

လန်ဒန်မြို့ရဲအဖွဲကတော့ မွေးဖွားမယ့် ဆေးရုံအပြင်ပတ်ပတ်လည်မှာ အကာအရံတွေ သေချာချထားပြီး ဖြစ်ပြီး တော်ဝင်မိသားစု ကလေးမွေးပြီး ပြန်လည်ထွက်ခွာရာမှာ ဖြစ်ဖြစ်၊ ကလေးမျက်နှာပြရာမှာ ဖြစ်ဖြစ် အဆင်ပြေအောင် ကြိုတင်စီမံထားပြီးဖြစ်ပါတယ်။

သားငယ်လေးဟာ ၈ပေါင် ၇ အောင်စရှိပြီး ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့လည်း သိရပါတယ်။အခုလို တတိယမြောက်ကလေးမွေးဖွားခဲ့တဲ့အတွက် Kensington Palace ကလည်း တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့သလို Twitter  ကတစ်ဆင့်လည်း လူထုကို အသိပေးအကြောင်းကြားခဲ့ပါတယ်။အခုလို မွေးဖွားခဲ့တဲ့အတွက် ဒီကလေးဟာ ထီးမွေနန်းရာမှာ နံပါတ် (၅) နေရာမှာရှိပြီး ဝီလျံရဲ့ ညီ ဟယ်ရီကတော့ တစ်ဆင့်နောက်ဆုတ်ကာ နံပါတ် (၆) နေရာကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဝီလျံနဲ့ ကိတ်မစ်ဒယ်တန်တို့ရဲ့ တတိယမြောက်ရင်သွေးဖြစ်တဲ့ သားငယ်လေးကိုတော့ Happy Birthday လို့ နှုတ်ခွန်းဆက်ကြိုဆိုလိုက်ပါရစေ။

Yoe Lu (Akhayar)

www.akhayar.com