[Zawgyi]

ေလွာင္ေျပာင္ေ၀ဖန္ေနတဲ့သူေတြကုိ ျပန္လည္တုံ႔ျပန္လုိက္တဲ့ လီဗာပူးလ္ဂုိးသမား ကာရီးယပ္စ္ Karius

လီဗာပူးလ္ Liverpool အသင္းရဲ႕ဂုိးသမား ကာရီးယပ္စ္ Karius ကေတာ့ သူ႔ကုိ ေတာက္ေလွ်ာက္ေလွာင္ေျပာင္ေ၀ဖန္ေနတဲ့သူေတြကုိ Instagram ကေန ျပန္လည္တုံ႔ျပန္လုိက္ၿပီျဖစ္ပါတယ္။ ကာရီးယပ္စ္ဟာ ၿပီးခဲ့တဲ့ေမလတုန္းက ရီးယဲလ္နဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြမွာ စိတ္ပ်က္စရာအမွားေတြက်ဴးလြန္ခဲ့တာေၾကာင့္ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ေလွာင္ေျပာင္ခံခဲ့ရသလုိ အခုရာသီအစ ေျခစမ္းပဲြေတြမွာလည္း အမွားေတြ ဆက္တိုက္လုပ္ေနတာေၾကာင့္ ေ၀ဖန္ခံေနရတယ္။ ေဒ့ါမြန္ကုိ (၃-၁)ဂုိးနဲ႔႐ႈံးနိမ့္ခဲ့တဲ့ ေျခစမ္းပဲြမွာ သူ႔ရဲ႕အမွားေတြေၾကာင့္ လီဗာပူးလ္အသငး္ ဂုိးေပးခဲ့ရၿပီး အဲဒီပဲြအၿပီး ကာရီးယပ္စ္ကုိ ေ၀ဖန္ေလွာင္ေျပာင္မႈေတြက ပုိျမင့္တက္လာခဲ့ပါတယ္။

Karius-spilled-a-shot-from-Christian-Pulisic-and-Jacob-Bruun-Larsen-converted-the-rebound-

Karius-spilled-a-shot-from-Christian-Pulisic-and-Jacob-Bruun-Larsen-converted-the-rebound-

ဒါေၾကာင့္ ကာရီးယက္စ္က သူ႔ရဲ႕ Instagram ကေန အခုလုိ တုံ႔ျပန္ေရးသားခဲ့တယ္။ “တျခားသူေတြ က်႐ႈံးေနရင္ ဒါမွမဟုတ္ စိတ္ဒုကၡေရာက္ေနခ်ိန္မွာ ၀မ္းသာတတ္တဲ့လူေတြအတြက္ ကၽြန္ေတာ္ စိတ္မေကာင္းျဖစ္ရပါတယ္။ အဲဒီေလွာင္ေျပာင္မႈေတြကုိ ႀကံ့ႀက့ံခံ ရင္ဆုိင္ႏုိင္မယ္ဆုိရင္ အခက္အခဲေတြ ေက်ာ္လႊားၿပီး ေအာင္ျမင္မႈေတြကုိ ရရွိလိမ့္မယ့္လုိ႔ ကၽြန္ေတာ္ ယုံၾကည္ပါတယ္”ဆုိၿပီး ေရးသားခဲ့တာပါ။ လက္ရွိအခ်ိန္မွာ လီဗာပူးလ္အသင္းဟာ ႐ုိးမားအသင္းရဲ႕ ဘရာဇီးလ္လက္ေရြးစင္ဂုိးသမား အယ္လစ္ဆန္ Alisson ကုိ ေခၚယူခဲ့ၿပီးျဖစ္တာေၾကာင့္ လာမယ့္ရာသီသစ္က်ရင္ ကာရီးယပ္စ္အေနနဲ႔ ပဲြထြက္ခြင့္ရဖုိ႔ အခြင့္အေရးနည္းသြားၿပီျဖစ္သလုိ လီဗာပူးလ္အသင္းမွာ ဆက္ရွိဖုိ႔ကလည္း မေသခ်ာေတာ့ပါဘူး။

REF:Daily Mail
Photo:This Is Anfield,doberre.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လှောင်ပြောင်ဝေဖန်နေတဲ့သူတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ လီဗာပူးလ်ဂိုးသမား ကာရီးယပ်စ် Karius

လီဗာပူးလ် Liverpool အသင်းရဲ့ဂိုးသမား ကာရီးယပ်စ် Karius ကတော့ သူ့ကို တောက်လျှောက်လှောင်ပြောင်ဝေဖန်နေတဲ့သူတွေကို Instagram ကနေ ပြန်လည်တုံ့ပြန်လိုက်ပြီဖြစ်ပါတယ်။ ကာရီးယပ်စ်ဟာ ပြီးခဲ့တဲ့မေလတုန်းက ရီးယဲလ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စိတ်ပျက်စရာအမှားတွေကျူးလွန်ခဲ့တာကြောင့် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ လှောင်ပြောင်ခံခဲ့ရသလို အခုရာသီအစ ခြေစမ်းပွဲတွေမှာလည်း အမှားတွေ ဆက်တိုက်လုပ်နေတာကြောင့် ဝေဖန်ခံနေရတယ်။ ဒေ့ါမွန်ကို (၃-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ သူ့ရဲ့အမှားတွေကြောင့် လီဗာပူးလ်အသင်း ဂိုးပေးခဲ့ရပြီး အဲဒီပွဲအပြီး ကာရီးယပ်စ်ကို ဝေဖန်လှောင်ပြောင်မှုတွေက ပိုမြင့်တက်လာခဲ့ပါတယ်။

Karius-spilled-a-shot-from-Christian-Pulisic-and-Jacob-Bruun-Larsen-converted-the-rebound-

Karius-spilled-a-shot-from-Christian-Pulisic-and-Jacob-Bruun-Larsen-converted-the-rebound-

ဒါကြောင့် ကာရီးယက်စ်က သူ့ရဲ့ Instagram ကနေ အခုလို တုံ့ပြန်ရေးသားခဲ့တယ်။ “တခြားသူတွေ ကျရှုံးနေရင် ဒါမှမဟုတ် စိတ်ဒုက္ခရောက်နေချိန်မှာ ဝမ်းသာတတ်တဲ့လူတွေအတွက် ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီလှောင်ပြောင်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မယ်ဆိုရင် အခက်အခဲတွေ ကျော်လွှားပြီး အောင်မြင်မှုတွေကို ရရှိလိမ့်မယ့်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဆိုပြီး ရေးသားခဲ့တာပါ။ လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းဟာ ရိုးမားအသင်းရဲ့ ဘရာဇီးလ်လက်ရွေးစင်ဂိုးသမား အယ်လစ်ဆန် Alisson ကို ခေါ်ယူခဲ့ပြီးဖြစ်တာကြောင့် လာမယ့်ရာသီသစ်ကျရင် ကာရီးယပ်စ်အနေနဲ့ ပွဲထွက်ခွင့်ရဖို့ အခွင့်အရေးနည်းသွားပြီဖြစ်သလို လီဗာပူးလ်အသင်းမှာ ဆက်ရှိဖို့ကလည်း မသေချာတော့ပါဘူး။

REF:Daily Mail
Photo:This Is Anfield,doberre.com
Naing Linn(Akhayar)
www.akhayar.com