[Zawgyi]

ပန္းတစ္ပြင့္ရဲ႕ စြမ္းအား

လီဗာပူးလ္ဂိုးသမား ကာရီယက္စ္ Karius မွာ ပန္းတစ္ပြင့္ကေပးတဲ့စြမ္းအားရွိေနပါတယ္။ လီဗာပူးလ္ရဲ႕ေနာက္ ဆံုးတံတုိင္းကို ေစာင့္ၾကပ္ခြင့္ပံုမွန္ရလာသူ ကာရီယက္စ္ဟာ ေဘာလံုးကြင္းထဲမွာ ဇမေသးသလို၊ ေဘာလံုးကြင္းျပင္ပ လူေနမႈဘ၀မွာလည္း ႏွလံုးသားဇနဲ႔လူပါပဲ။ သူေနာက္ဆံုးတြဲေနတာက အတြင္းခံေၾကာ္ျငာေမာ္ဒယ္ အီယန္တီ႐ုိ႕စ္ Ianthe Rose ၊ သူမကလည္း ေဘာလံုးေလာကနဲ႔ နဖူးစာပါတယ္လို႔ ဆုိရမလားပဲ။ မန္ခ်က္စတာယူႏုိက္တက္ ဂႏၳ၀င္နံပါတ္ (၇)တစ္ဦးျဖစ္တဲ့ ေဂ်ာ့ခ်္ဘတ္စ္ George Best ရဲ႕သား ကယ္လ္လမ္ Calum နဲ႔ ကိုးလၾကာႏွလံုးသားေႏွာင္ႀကိဳးခ်ည္ေႏွာင္ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္၊ ဇူလုိင္လမွာ အီယန္တီ႐ုိ႕စ္နဲ႔ ကယ္လ္လမ္တို႔ရဲ႕ ခ်စ္ဇာတ္လမ္းဟာရပ္တန္႔သြားခဲ့၊ အဲဒီအခ်ိန္မွာ ကယ္လ္လမ္က “ ႐ို႕စ္ဟာ ကၽြန္ေတာ္ပထမဆံုးခ်စ္ျမတ္ႏုိးမိတဲ့မိန္းကေလးပါပဲ။ ကၽြန္ေတာ္တို႔ႏွစ္ဦး အတူရွိခဲ့ခ်ိန္ေတြကို ဘယ္ေတာ့မွမေမ့ႏုင္ပါဘူး။ ကံဆုိးစြာနဲ႔ပဲ ကၽြန္ေတာ္တို႔ လမ္းခြဲခဲ့ရတယ္။ သူ႕ဘ၀ကို အေကာင္းဆံုးျဖတ္သန္ႏုိင္ပါေစလို႔ ကၽြန္ေတ္ာဆုေတာင္းေပးခဲ့သလို၊ သူငယ္ခ်င္းေတြအျဖစ္လည္း ဆက္ရွိခ်င္ပါတယ္” လို႔ ေဆြးေဆြးေျမ့ေျမ့ ဆိုခဲ့ပါတယ္။ ဒါေပမဲ့ ခ်စ္ျခင္းမွာ မိန္းမေေတြဟာပိုၿပီးျပတ္သားတယ္ ဆိုတဲ့စကားလိုပဲ ကယ္လ္လမ္ကို အီယန္တီ႐ုိ႕စ္က ဘယ္လိုမွရင္မခုန္ေတာ့ပါဘူး။ အေ၀းဆံုးျပတ္သားၾကတာ ပိုေကာင္းတယ္လို႔ တံု႔ျပန္ခဲ့ပါတယ္။

အီယန္တီ႐ုိ႕စ္က မိန္းမသားပီပီ၊ ေမာ္ဒယ္ပီပီ အလွအပနဲ႔ က်န္းမာေရးကို ဦးစားေပးလြန္းသူ သူနဲ႔ ကယ္လ္လမ္တို႔ လမ္းခြဲဲခဲ့ရာဇာတ္လမ္းမွာ ဒီအခ်က္ေတြကအေရးပါတဲ့အစိတ္အပိုင္းေတြအျဖစ္ ပတ္သက္ခဲ့သလားပဲ။ အီယန္တီ႐ို႕စ္က “တစ္ပတ္ကို အနည္းဆံုး ေလးႀကိမ္ေလာက္ ေလ့က်င့္ခန္းလုပ္ျဖစ္တယ္။ ႏွလံုးေလ့က်င့္ခန္းအတြက္ မိနစ္ (၂၀)၊ ၀ိတ္က်ဖို႔အတြက္ မိနစ္ (၄၀)ေလက်င့္တယ္လို”႔ ဆိုပါတယ္။

ကာရီယက္စ္နဲ႔ အီယန္တီ႐ို႕စ္တုိက အေစာပိုင္းမွာသူတို႔ခ်စ္ျခင္းဇာတ္လမ္းကို လူသိသိပ္မခံခဲ့ေပမယ့္ ေနာက္ပုိင္းမွာ တရား၀င္ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အီယန္တီ႐ို႕စ္ဘက္က လူသိရွင္ၾကားတရား၀င္ေၾကညာခဲ့တာျဖစ္ၿပီး သူ႕လက္ထဲမွာ ဂိုးသမားကာရီယက္စ္ရဲ႕ ႏွလံုးသားၿမဲၿမံေနလိမ့္မယ္လို႔လည္း ဆိုခဲ့ပါတယ္။

ကာရီးယက္စ္ဟာ ပန္းပြင့္လိုေနာက္ဆံုးေပၚခ်စ္သူ အီယန္တီ႐ို႕စ္နဲ႔အတူ ႏွလံုးသားၾကည္ျမစြာ ရွိေနပါတယ္။ ဒါေပမဲ့ ကာရီးယက္စ္ပုိင္ဆုိင္ေနတဲ့ ပန္းတစ္ပြင့္ရဲ႕စြမ္းအားဟာ ဘယ္အခ်ိန္အထိသူ႕ရင္ခြင့္အနားရွိေနမလဲဆိုတာ မေျပာႏုိင္ဘူး။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပန်းတစ်ပွင့်ရဲ့ စွမ်းအား

လီဗာပူးလ်ဂိုးသမား ကာရီယက်စ် Karius မှာ ပန်းတစ်ပွင့်ကပေးတဲ့စွမ်းအားရှိနေပါတယ်။ လီဗာပူးလ်ရဲ့နောက် ဆုံးတံတိုင်းကို စောင့်ကြပ်ခွင့်ပုံမှန်ရလာသူ ကာရီယက်စ်ဟာ ဘောလုံးကွင်းထဲမှာ ဇမသေးသလို၊ ဘောလုံးကွင်းပြင်ပ လူနေမှုဘဝမှာလည်း နှလုံးသားဇနဲ့လူပါပဲ။ သူနောက်ဆုံးတွဲနေတာက အတွင်းခံကြော်ငြာမော်ဒယ် အီယန်တီရို့စ် Ianthe Rose ၊ သူမကလည်း ဘောလုံးလောကနဲ့ နဖူးစာပါတယ်လို့ ဆိုရမလားပဲ။ မန်ချက်စတာယူနိုက်တက် ဂန္ထဝင်နံပါတ် (၇)တစ်ဦးဖြစ်တဲ့ ဂျော့ချ်ဘတ်စ် George Best ရဲ့သား ကယ်လ်လမ် Calum နဲ့ ကိုးလကြာနှလုံးသားနှောင်ကြိုးချည်နှောင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှာ အီယန်တီရို့စ်နဲ့ ကယ်လ်လမ်တို့ရဲ့ ချစ်ဇာတ်လမ်းဟာရပ်တန့်သွားခဲ့၊ အဲဒီအချိန်မှာ ကယ်လ်လမ်က “ ရို့စ်ဟာ ကျွန်တော်ပထမဆုံးချစ်မြတ်နိုးမိတဲ့မိန်းကလေးပါပဲ။ ကျွန်တော်တို့နှစ်ဦး အတူရှိခဲ့ချိန်တွေကို ဘယ်တော့မှမမေ့နုင်ပါဘူး။ ကံဆိုးစွာနဲ့ပဲ ကျွန်တော်တို့ လမ်းခွဲခဲ့ရတယ်။ သူ့ဘဝကို အကောင်းဆုံးဖြတ်သန်နိုင်ပါစေလို့ ကျွန်တေ်ာဆုတောင်းပေးခဲ့သလို၊ သူငယ်ချင်းတွေအဖြစ်လည်း ဆက်ရှိချင်ပါတယ်” လို့ ဆွေးဆွေးမြေ့မြေ့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ချစ်ခြင်းမှာ မိန်းမေတွေဟာပိုပြီးပြတ်သားတယ် ဆိုတဲ့စကားလိုပဲ ကယ်လ်လမ်ကို အီယန်တီရို့စ်က ဘယ်လိုမှရင်မခုန်တော့ပါဘူး။ အဝေးဆုံးပြတ်သားကြတာ ပိုကောင်းတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

အီယန်တီရို့စ်က မိန်းမသားပီပီ၊ မော်ဒယ်ပီပီ အလှအပနဲ့ ကျန်းမာရေးကို ဦးစားပေးလွန်းသူ သူနဲ့ ကယ်လ်လမ်တို့ လမ်းခွဲခဲ့ရာဇာတ်လမ်းမှာ ဒီအချက်တွေကအရေးပါတဲ့အစိတ်အပိုင်းတွေအဖြစ် ပတ်သက်ခဲ့သလားပဲ။ အီယန်တီရို့စ်က “တစ်ပတ်ကို အနည်းဆုံး လေးကြိမ်လောက် လေ့ကျင့်ခန်းလုပ်ဖြစ်တယ်။ နှလုံးလေ့ကျင့်ခန်းအတွက် မိနစ် (၂၀)၊ ဝိတ်ကျဖို့အတွက် မိနစ် (၄၀)လေကျင့်တယ်လို”့ ဆိုပါတယ်။

ကာရီယက်စ်နဲ့ အီယန်တီရို့စ်တိုက အစောပိုင်းမှာသူတို့ချစ်ခြင်းဇာတ်လမ်းကို လူသိသိပ်မခံခဲ့ပေမယ့် နောက်ပိုင်းမှာ တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အီယန်တီရို့စ်ဘက်က လူသိရှင်ကြားတရားဝင်ကြေညာခဲ့တာဖြစ်ပြီး သူ့လက်ထဲမှာ ဂိုးသမားကာရီယက်စ်ရဲ့ နှလုံးသားမြဲမြံနေလိမ့်မယ်လို့လည်း ဆိုခဲ့ပါတယ်။

ကာရီးယက်စ်ဟာ ပန်းပွင့်လိုနောက်ဆုံးပေါ်ချစ်သူ အီယန်တီရို့စ်နဲ့အတူ နှလုံးသားကြည်မြစွာ ရှိနေပါတယ်။ ဒါပေမဲ့ ကာရီးယက်စ်ပိုင်ဆိုင်နေတဲ့ ပန်းတစ်ပွင့်ရဲ့စွမ်းအားဟာ ဘယ်အချိန်အထိသူ့ရင်ခွင့်အနားရှိနေမလဲဆိုတာ မပြောနိုင်ဘူး။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။