[Zawgyi]

အခု ေႏြရာသီမွာ ကစားသမား(၁၀)ဦးအထိ ေရာင္းခ်သြားမယ့္ လီဗာပူးလ္

လီဗာပူးလ္အသင္းဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မပိတ္ခင္ ကစားသမား(၁၀)ဦးအထိ ေရာင္းခ်သြားဖုိ႔ျပင္ဆင္ေနၿပီး အဲဒီကေန ေျပာင္းေရႊ႕ေၾကးေပါင္သန္း(၁၀၀)အထိရရွိႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ေနပါတယ္။ လီဗာပူးလ္အသင္းအေနနဲ႔ လက္ရွိအခ်ိန္အထိ နာဘီကီတာ Naby Keïta ၊ ဖာဘင္ဟုိ Fabinho ၊ ရွာကီရီ Shaqiri ၊ အယ္လစ္ဆန္ Alisson တို႔ကုိ ေခၚယူထားသလုိ သူတို႔အတြက္ ေျပာင္းေရႊ႕ေၾကးေပါင္သန္း(၁၀၀)ေက်ာ္ သုံးစဲြခဲ့ရတာေၾကာင့္ အဲဒီကုန္က်စရိတ္ကုိ ျပန္ကာမိေအာင္ အသင္းမွာ မလုိအပ္ေတာ့တဲ့ ကစားသမားေတြကုိ ေရာင္းခ်ဖုိ႔ စီစဥ္ေနတာပါ။

Alisson

Alisson

လီဗာပူးလ္အသင္းေရာင္းခ်မယ့္ကစားသမားစာရင္းထဲမွာ ထိပ္ဆုံးက ပါ၀င္ေနတာကေတာ့ ဂုိးသမား ကာရီးယပ္စ္ Karius ပါပဲ။ ကာရီးယပ္စ္ဟာ ၿပီးခဲ့တဲ့ေမလတုန္းက ရီးယဲလ္နဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲြမွာ အမွားမ်ားခဲ့သလုိ အခု ရာသီႀကိဳေျခစမ္းပဲြေတြမွာလည္း အမွားေတြက်ဴးလြန္ေနတာေၾကာင့္ ေ၀ဖန္ခံေနရသူပါ။ ဒါ့အျပင္ လီဗာပူးလ္အသင္းကလည္း ဘရာဇီးလ္ဂုိးသမား အယ္လစ္ဆန္ကုိ ေခၚယူခဲ့ၿပီးျဖစ္သလုိ လာမယ့္ရာသီက်ရင္ သူ႔ကုိပဲ နံပါတ္(၁)ဂုိးသမားအျဖစ္ သုံးစဲြသြားဖုိ႔ရွိေနလုိ႔ ကာရီးယပ္စ္ဟာ အသင္းကထြက္ခြာဖုိ႔ နီးစပ္ေနတာပဲျဖစ္ပါတယ္။

Karius

Karius

ဒါေပမဲ့ လီဗာပူးလ္အသင္းက ကာရီးယပ္စ္ကုိ အသင္းမွာ ဆက္ထားမယ္ဆုိရင္ ေနာက္ထပ္ဂုိးသမားတစ္ဦးျဖစ္တဲ့ မစ္ဂႏုိလက္ Mignolet ကုိ ေရာင္းခ်သြားဖုိ႔ရွိေနၿပီး သူ႔ကုိ ပရီးမီးယားလိဂ္တန္းတက္ ဖူလ္ဟမ္အသင္းက ေခၚယူလုိေနတယ္လုိ႔ သတင္းေတြထြက္ေနပါတယ္။ လီဗာပူးလ္အသင္းက ထြက္ဖုိ႔ နီးစပ္ေနသူေတြထဲမွာ တိုက္စစ္မွဴးဒန္နီအင့္စ္ Danny Ings လည္းပါ၀င္ေနတယ္။ ေပါင္သန္း(၂၀)တန္ အဂၤလန္တိုက္စစ္မွဴး ဒန္နီအင့္စ္ဟာ လီဗာပူးလ္ ကစားသမားဘ၀တစ္ေလွ်ာက္ ဒဏ္ရာျပႆနာေတြနဲ႔သာ လုံးပမ္းေနရၿပီး သူ႔ကုိ လက္စတာ၊ ၀က္စ္ဟမ္း၊ ေဆာက္သမ္တန္၊ ခရစၥတယ္ပဲေလ့စ္အသင္းတို႔က ေခၚယူဖုိ႔ စိတ္၀င္စားေနၾကတယ္။ လီဗာပူးလ္က တခ်ိဳ႕ကစားသမားေတြကုိ အၿပီးသတ္ေရာင္းခ်သြားမွာျဖစ္ေပမယ့္ လူငယ္ကစားသမားေတြကုိေတာ့ အငွားခ်သြားမွာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းနဲ႔လမ္းခဲြဖုိ႔ရွိေနတဲ့ ကစားသမားမ်ား
ကာရီးယပ္စ္၊ မစ္ဂႏုိလက္ (ဂုိး) ၊ မာကုိဗစ္၊ ခ်ီရီဗီလာ၊ ဂရူယစ္၊ ၀ုဒ္ဘန္း၊ အုိဂ်ိဳ(အလယ္တန္း) ဒန္နီအင့္စ္၊ ေအာ္ရီဂီ (ေရွ႕တန္း)

ဒီေႏြရာသီမွာ လီဗာပူးလ္အသငး္ေခၚယူခဲ့တဲ့ ကစားသမားမ်ား

Naby Keïta – RB Leipzig – £52,750,000
Fabinho – Monaco – £43,000,000
Xherdan Shaqiri – Stoke City – £13,500,000
Alisson – Roma- £66,800,000
Total £165,250,000

REF:Daily Mail
Photo:AS,Liverpool,Read Liverpool
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အခု နွေရာသီမှာ ကစားသမား(၁၀)ဦးအထိ ရောင်းချသွားမယ့် လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မပိတ်ခင် ကစားသမား(၁၀)ဦးအထိ ရောင်းချသွားဖို့ပြင်ဆင်နေပြီး အဲဒီကနေ ပြောင်းရွှေ့ကြေးပေါင်သန်း(၁၀၀)အထိရရှိနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ လက်ရှိအချိန်အထိ နာဘီကီတာ Naby Keïta ၊ ဖာဘင်ဟို Fabinho ၊ ရှာကီရီ Shaqiri ၊ အယ်လစ်ဆန် Alisson တို့ကို ခေါ်ယူထားသလို သူတို့အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း(၁၀၀)ကျော် သုံးစွဲခဲ့ရတာကြောင့် အဲဒီကုန်ကျစရိတ်ကို ပြန်ကာမိအောင် အသင်းမှာ မလိုအပ်တော့တဲ့ ကစားသမားတွေကို ရောင်းချဖို့ စီစဉ်နေတာပါ။

Alisson

Alisson

လီဗာပူးလ်အသင်းရောင်းချမယ့်ကစားသမားစာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေတာကတော့ ဂိုးသမား ကာရီးယပ်စ် Karius ပါပဲ။ ကာရီးယပ်စ်ဟာ ပြီးခဲ့တဲ့မေလတုန်းက ရီးယဲလ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အမှားများခဲ့သလို အခု ရာသီကြိုခြေစမ်းပွဲတွေမှာလည်း အမှားတွေကျူးလွန်နေတာကြောင့် ဝေဖန်ခံနေရသူပါ။ ဒါ့အပြင် လီဗာပူးလ်အသင်းကလည်း ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်ကို ခေါ်ယူခဲ့ပြီးဖြစ်သလို လာမယ့်ရာသီကျရင် သူ့ကိုပဲ နံပါတ်(၁)ဂိုးသမားအဖြစ် သုံးစွဲသွားဖို့ရှိနေလို့ ကာရီးယပ်စ်ဟာ အသင်းကထွက်ခွာဖို့ နီးစပ်နေတာပဲဖြစ်ပါတယ်။

Karius

Karius

ဒါပေမဲ့ လီဗာပူးလ်အသင်းက ကာရီးယပ်စ်ကို အသင်းမှာ ဆက်ထားမယ်ဆိုရင် နောက်ထပ်ဂိုးသမားတစ်ဦးဖြစ်တဲ့ မစ်ဂနိုလက် Mignolet ကို ရောင်းချသွားဖို့ရှိနေပြီး သူ့ကို ပရီးမီးယားလိဂ်တန်းတက် ဖူလ်ဟမ်အသင်းက ခေါ်ယူလိုနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ လီဗာပူးလ်အသင်းက ထွက်ဖို့ နီးစပ်နေသူတွေထဲမှာ တိုက်စစ်မှူးဒန်နီအင့်စ် Danny Ings လည်းပါဝင်နေတယ်။ ပေါင်သန်း(၂၀)တန် အင်္ဂလန်တိုက်စစ်မှူး ဒန်နီအင့်စ်ဟာ လီဗာပူးလ် ကစားသမားဘဝတစ်လျှောက် ဒဏ်ရာပြဿနာတွေနဲ့သာ လုံးပမ်းနေရပြီး သူ့ကို လက်စတာ၊ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်၊ ခရစ္စတယ်ပဲလေ့စ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်။ လီဗာပူးလ်က တချို့ကစားသမားတွေကို အပြီးသတ်ရောင်းချသွားမှာဖြစ်ပေမယ့် လူငယ်ကစားသမားတွေကိုတော့ အငှားချသွားမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနဲ့လမ်းခွဲဖို့ရှိနေတဲ့ ကစားသမားများ
ကာရီးယပ်စ်၊ မစ်ဂနိုလက် (ဂိုး) ၊ မာကိုဗစ်၊ ချီရီဗီလာ၊ ဂရူယစ်၊ ဝုဒ်ဘန်း၊ အိုဂျို(အလယ်တန်း) ဒန်နီအင့်စ်၊ အော်ရီဂီ (ရှေ့တန်း)

ဒီနွေရာသီမှာ လီဗာပူးလ်အသင်းခေါ်ယူခဲ့တဲ့ ကစားသမားများ

Naby Keïta – RB Leipzig – £52,750,000
Fabinho – Monaco – £43,000,000
Xherdan Shaqiri – Stoke City – £13,500,000
Alisson – Roma- £66,800,000
Total £165,250,000

REF:Daily Mail
Photo:AS,Liverpool,Read Liverpool
Naing Linn(Akhayar)
www.akhayar.com