[Zawgyi]








[Unicode]

Kardashians အလှပဂေးအားလုံးပါဝင်မယ့် Victoria’s Secret ရဲ့ Halloween Bash

Victoria’s Secret က နှစ်စဉ်ကျင်းပတဲ့ Victoria’s Secret Angels Show ရဲ့ ထုံးစံအတိုင်း ဒီနှစ်မှာတော့ Halloween Bash Show ကို Los Angeles ၊ California မှာ ကျင်းပပါတော့မယ်။

ဒီပွဲမကျင်းပခင်ကပဲ လူအားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာကတော့ Kardashians မျိုးနွယ်အလှပဂေး မိန်းမသားတွေအားလုံးပါဝင်လာမယ့်သတင်းပါပဲ။

အသစ်စက်စက်မိခင်ဖြစ်လာသူလေး Kylie နဲ့ အသက် ၃၄နှစ်အရွယ် Khloe တို့ ၂ယောက်လုံးကအစ သားသမီးမွေးထားတဲ့ခန္ဓာကိုယ်လို့ မထင်ရအောင်ကို ကျော့ရှင်းလှတဲ့ အချိုးအဆစ်နဲ့ ပါဝင်လာမှာကို တွေ့ရပါတယ်။ VS ကလည်း သူတို့အလှပဂေးတွေအားလုံးအတွက် နတ်သမီးတောင်ပံတွေ သီးသန့်အလှဆင်ပေးခဲ့ပါသေးတယ်။

သူတို့အားလုံးထဲမှာတော့ Kendall Jenner က နဂိုတည်းက VS Angel တစ်ယောက်မို့ ဒီပွဲမှာလည်း Lace Lingerie လေးနဲ့ လှနေပါလေရဲ့။

ဘာပဲဖြစ်ဖြစ် ဒီနှစ် VS ပွဲကတော့ Kardashians မျိုးနွယ်စုတွေရဲ့ အလှတွေနဲ့ အလွန်အကျူးကြီးကို ဂေါ်ထွက်ပြီး မြိုင်ဆိုင်နေတော့မှာအမှန်အကန်ပါပဲ။

EiEiKhineMinn (Akhayar)