[Zawgyi]

လိပ္ေရႊေရႊ၊ေခါင္းအုန္းမုန္႔နဲ႔ ငယ္ဘဝမုန္႔ေတြ ျပန္စားရေတာ့မယ့္ ကန္ေတာ္ႀကီးထဲကဆိုင္ေလး

ကိုယ္တို႔ ၉၀ဖြားေတြအတြက္ ငယ္ငယ္တုန္းက ဘဝေတြဟာ လြမ္းစရာပါ။ လွ်ပ္စစ္မီးေတြ မလံုေလာက္ေသးတဲ့အခ်ိန္၊ ေခတ္မီနည္းပညာေတြမထြန္းကားေသးတဲ့ ၉ဝျပည့္ႏွစ္ဝန္းက်င္ဟာ ဘယ္ခ်ိန္အေတြးနဲ႔ျပန္သြားသြား လြမ္းေမာစရာ စိတ္ကူးထဲက ေပ်ာ္စရာအိမ္မက္ခပ္ႏြမ္းႏြမ္းေလးေတြရယ္ပါ။

အဲ့ဒီအခ်ိန္တုန္းက စားခဲ့ရတဲ့မုန္႔ေလးေတြကလည္း ခုခ်ိန္ျပန္စားခ်င္လြန္းလို႔ရွာရင္ေတာင္ ေရႊထက္ရွားေနၿပီေလ။ အဲ့လိုလြမ္းေကာင္းေကာင္းေနရင္း ဟိုးတေန႔က အဆိုေတာ္ဟန္ထူးလြင္ရဲ႕ ဇနီးေခ်ာေလး မဇံုဇံုက တင္ထားတဲ့ ဆိုင္ေလးျမင္ၿပီး အေျပးသြားရွာေတာ့မွ…

ေတြ႕ပါၿပီဗ်ား…ငယ္ဘဝတို႔ရဲ႕ လြမ္းေမာစရာ စားစရာေလးေတြက ကန္ေတာ္ႀကီး ကရဝိတ္ပန္းျခံထဲမွာ တစ္စုတစ္ေဝးတည္း ဆိုင္ေလးနဲ႔ ရွိေနတာကိုး။

ေပတံနဲ႔ အိတ္ကိုျခစ္ၿပီး တစ္စိမွမက်န္ေအာင္စားခဲ့ရတဲ့ လိပ္ေရႊေရႊ၊ ေမႊးဆိမ့္ေနဆဲ ေခါင္းအုန္းမုန္႔၊ ထန္းလ်က္ေခ်ာင္း၊ ဘီစကစ္ေတြ၊ ပုစြန္မုန္႔ေတြ၊ ငံုးဥသၾကားလံုး၊ အုန္းပီေက၊ အုန္းယို၊ အႏုဆုပ္၊ မေရြး၊ ၾကက္ဥေျမပဲ၊ လွဥ္းယာဥ္ဇီးေတာ္ဖီ၊ က်ားမုန္႔တိုက္က အငံမုန္႔နဲ႔ ဘဲဥေပါင္းမုန္႔ေတြ၊ ၾကာဆံမေရြး….အိုးးးစံုလို႔ စိလို႔ အဲ့မုန္႔ေလးေတြၾကည့္ရင္း သေဘာေတြက်ရင္း ခနေလး ကိုယ္ ကေလးျပန္ျဖစ္သြားသလိုပဲ။

ဒီေခတ္ကေလးေတြ သိပ္မသိေတာ့ေပမယ့္ ကိုယ္ေတြအတြက္ေတာ့ တကယ့္ရတနာသိုက္ေလးတစ္ခုလိုပါပဲ။

ၿပီးေတာ့ ဗမာ့အစားအစာေတြကိုအဓိကထားေရာင္းတာဆိုေတာ့ ကိုယ့္လူမ်ိဳးကထုတ္တဲ့ Export Traditional Foods ေတြကို ဂုဏ္ယူယူနဲ႔ ႂကြားလို႔ရၿပီ။ အမယ္..ေက်ာက္ပန္းေတာင္းေမရီခ်ိဳအာလူးေၾကာ္နဲ႔ ျမန္မာေခ်ာကလက္ေတြေတာင္ပါေသး။ ေခ်ာကလက္တံဆိပ္က Mingalarpar တဲ့ ။ Wine ေတြလည္း ေရာင္းတယ္။

ၿပီးေတာ့ တစ္ၿမိဳ႕လံုးရွာရခက္တဲ့ ႏို႔ေဝဖာေတြလည္း ဒီမွာေတြ႕ခဲ့တယ္။ အခရာ ကေတာ့ ငယ္ငယ္ကမုန္႔ေတြျမင္တာနဲ႔ကို ငယ္မူျပန္ၿပီး ပီတိေတြနဲ႔ ေဟာ့တစ္ထုပ္ေဟာ့တစ္ထုပ္ဆိုၿပီး ဆြဲဝယ္ခဲ့တာပဲ။

ဆိုင္ေလးက သန္႔ျပန္႔ေနၿပီး အစားအေသာက္တစ္ဖက္၊ ျမန္မာ့႐ိုးရာ ခ်ည္ထည္နဲ႔အိတ္၊ ပုဝါ၊ အဝတ္အစား Brand ေတြတြဲေရာင္းတာဆိုေတာ့ အက်ယ္ႀကီးပဲ။ ဒါေပမယ့္ ကိုယ္ေတြကအစားတလိုင္းဆိုေတာ့ မုန္႔ေတြေရြးဝယ္ခဲ့တယ္။ ေစ်းကေတာ့ တန္တယ္ဆိုတဲ့ထဲမပါဘူး။ ဒါေပမယ့္ စားေပ်ာ္တယ္။

ဝန္ထမ္းညီမေလးေတြလည္း သေဘာေကာင္းတယ္။ ယိုအျမည္းေတြလည္း ေကြ်းေသးတယ္။ ျခံဳငံုေျပာရရင္ တကယ္ ငယ္ဘဝေတြဆီ၊ အတိတ္ေန႔ေတြဆီခနေလးျပန္ပို႔ေပးတဲ့ စားစရာဆိုင္ေလးပါပဲလို႔..

ကန္ေတာ္ႀကီးထဲေရာက္ရင္ ကရဝိတ္ထဲသြားၿပီး Karaweik Arts and Craft ဆိုတဲ့ဆိုင္ေလးမွာ ငယ္ငယ္တုန္းကမုန္႔ေလးေတြဝယ္ၿပီး ငယ္ဘဝအရသာျပန္ခံစားခဲ့ပါဦးလို႔…

အခရာကေတာ့ ကိုယ္စားခ်င္တဲ့မုန္႔ေတြကမ်ားလြန္းေတာ့ ေနာက္တခါသြားဝယ္ဦးမယ္အားခဲၿပီးပံုေလးေတြပဲ အဝ႐ိုက္ခဲ့တယ္။ ကိုယ့္ငယ္ဘဝအလြမ္းေျပမုန္႔ေလးေတြကို ရွာၾကည့္လိုက္ဦးေနာ္။

အဲ့ဒီ့ေန႔က မိုးေတြခပ္သည္းသည္းရြာေနတဲ့ သာမန္အဂၤါေန႔ညေနေလးပါပဲ။ ဒါေပမယ့္ ႏွလံုးသားထဲမွာေတာ့ ငယ္ငယ္တုန္းကအမွတ္တရေတြ စိတ္ထဲတအံု႕ေႏြးေႏြးျဖတ္ေျပးရင္း ျပန္မရေတာ့တဲ့ အတိတ္က ကေလးေလးဘဝျပန္ေရာက္ခဲ့ေသးတယ္ေလ။

FoodieEi (Akhayar)

[Unicode]

လိပ်ရွှေရွှေ၊ခေါင်းအုန်းမုန့်နဲ့ ငယ်ဘဝမုန့်တွေ ပြန်စားရတော့မယ့် ကန်တော်ကြီးထဲကဆိုင်လေး

ကိုယ်တို့ ၉၀ဖွားတွေအတွက် ငယ်ငယ်တုန်းက ဘဝတွေဟာ လွမ်းစရာပါ။ လျှပ်စစ်မီးတွေ မလုံလောက်သေးတဲ့အချိန်၊ ခေတ်မီနည်းပညာတွေမထွန်းကားသေးတဲ့ ၉ဝပြည့်နှစ်ဝန်းကျင်ဟာ ဘယ်ချိန်အတွေးနဲ့ပြန်သွားသွား လွမ်းမောစရာ စိတ်ကူးထဲက ပျော်စရာအိမ်မက်ခပ်နွမ်းနွမ်းလေးတွေရယ်ပါ။

အဲ့ဒီအချိန်တုန်းက စားခဲ့ရတဲ့မုန့်လေးတွေကလည်း ခုချိန်ပြန်စားချင်လွန်းလို့ရှာရင်တောင် ရွှေထက်ရှားနေပြီလေ။ အဲ့လိုလွမ်းကောင်းကောင်းနေရင်း ဟိုးတနေ့က အဆိုတော်ဟန်ထူးလွင်ရဲ့ ဇနီးချောလေး မဇုံဇုံက တင်ထားတဲ့ ဆိုင်လေးမြင်ပြီး အပြေးသွားရှာတော့မှ…

တွေ့ပါပြီဗျား…ငယ်ဘဝတို့ရဲ့ လွမ်းမောစရာ စားစရာလေးတွေက ကန်တော်ကြီး ကရဝိတ်ပန်းခြံထဲမှာ တစ်စုတစ်ဝေးတည်း ဆိုင်လေးနဲ့ ရှိနေတာကိုး။

ပေတံနဲ့ အိတ်ကိုခြစ်ပြီး တစ်စိမှမကျန်အောင်စားခဲ့ရတဲ့ လိပ်ရွှေရွှေ၊ မွှေးဆိမ့်နေဆဲ ခေါင်းအုန်းမုန့်၊ ထန်းလျက်ချောင်း၊ ဘီစကစ်တွေ၊ ပုစွန်မုန့်တွေ၊ ငုံးဥသကြားလုံး၊ အုန်းပီကေ၊ အုန်းယို၊ အနုဆုပ်၊ မရွေး၊ ကြက်ဥမြေပဲ၊ လှဉ်းယာဉ်ဇီးတော်ဖီ၊ ကျားမုန့်တိုက်က အငံမုန့်နဲ့ ဘဲဥပေါင်းမုန့်တွေ၊ ကြာဆံမရွေး….အိုးးးစုံလို့ စိလို့ အဲ့မုန့်လေးတွေကြည့်ရင်း သဘောတွေကျရင်း ခနလေး ကိုယ် ကလေးပြန်ဖြစ်သွားသလိုပဲ။

ဒီခေတ်ကလေးတွေ သိပ်မသိတော့ပေမယ့် ကိုယ်တွေအတွက်တော့ တကယ့်ရတနာသိုက်လေးတစ်ခုလိုပါပဲ။

ပြီးတော့ ဗမာ့အစားအစာတွေကိုအဓိကထားရောင်းတာဆိုတော့ ကိုယ့်လူမျိုးကထုတ်တဲ့ Export Traditional Foods တွေကို ဂုဏ်ယူယူနဲ့ ကြွားလို့ရပြီ။ အမယ်..ကျောက်ပန်းတောင်းမေရီချိုအာလူးကြော်နဲ့ မြန်မာချောကလက်တွေတောင်ပါသေး။ ချောကလက်တံဆိပ်က Mingalarpar တဲ့ ။ Wine တွေလည်း ရောင်းတယ်။

ပြီးတော့ တစ်မြို့လုံးရှာရခက်တဲ့ နို့ဝေဖာတွေလည်း ဒီမှာတွေ့ခဲ့တယ်။ အခရာ ကတော့ ငယ်ငယ်ကမုန့်တွေမြင်တာနဲ့ကို ငယ်မူပြန်ပြီး ပီတိတွေနဲ့ ဟော့တစ်ထုပ်ဟော့တစ်ထုပ်ဆိုပြီး ဆွဲဝယ်ခဲ့တာပဲ။

ဆိုင်လေးက သန့်ပြန့်နေပြီး အစားအသောက်တစ်ဖက်၊ မြန်မာ့ရိုးရာ ချည်ထည်နဲ့အိတ်၊ ပုဝါ၊ အဝတ်အစား Brand တွေတွဲရောင်းတာဆိုတော့ အကျယ်ကြီးပဲ။ ဒါပေမယ့် ကိုယ်တွေကအစားတလိုင်းဆိုတော့ မုန့်တွေရွေးဝယ်ခဲ့တယ်။ ဈေးကတော့ တန်တယ်ဆိုတဲ့ထဲမပါဘူး။ ဒါပေမယ့် စားပျော်တယ်။

ဝန်ထမ်းညီမလေးတွေလည်း သဘောကောင်းတယ်။ ယိုအမြည်းတွေလည်း ကျွေးသေးတယ်။ ခြုံငုံပြောရရင် တကယ် ငယ်ဘဝတွေဆီ၊ အတိတ်နေ့တွေဆီခနလေးပြန်ပို့ပေးတဲ့ စားစရာဆိုင်လေးပါပဲလို့..

ကန်တော်ကြီးထဲရောက်ရင် ကရဝိတ်ထဲသွားပြီး Karaweik Arts and Craft ဆိုတဲ့ဆိုင်လေးမှာ ငယ်ငယ်တုန်းကမုန့်လေးတွေဝယ်ပြီး ငယ်ဘဝအရသာပြန်ခံစားခဲ့ပါဦးလို့…

အခရာကတော့ ကိုယ်စားချင်တဲ့မုန့်တွေကများလွန်းတော့ နောက်တခါသွားဝယ်ဦးမယ်အားခဲပြီးပုံလေးတွေပဲ အဝရိုက်ခဲ့တယ်။ ကိုယ့်ငယ်ဘဝအလွမ်းပြေမုန့်လေးတွေကို ရှာကြည့်လိုက်ဦးနော်။

အဲ့ဒီ့နေ့က မိုးတွေခပ်သည်းသည်းရွာနေတဲ့ သာမန်အင်္ဂါနေ့ညနေလေးပါပဲ။ ဒါပေမယ့် နှလုံးသားထဲမှာတော့ ငယ်ငယ်တုန်းကအမှတ်တရတွေ စိတ်ထဲတအုံ့နွေးနွေးဖြတ်ပြေးရင်း ပြန်မရတော့တဲ့ အတိတ်က ကလေးလေးဘဝပြန်ရောက်ခဲ့သေးတယ်လေ။

FoodieEi (Akhayar)