[Zawgyi]



Kara

Kara


Kara

Kara


www.akhayarmedia.com


[Unicode]

Dimensions ဇာတ်ကားက ပရိသတ်တွေ လက်မှတ်ဖိုးကုန်ရကျိုးနပ်ဖို့ ၁၀၀ ရာခိုင်နှုန်းအာမခံတယ်ဆိုတဲ့ ခါရာ

“Dimensions-မျက်နှာပြင်များ” ရုပ်ရှင်ဇာတ်ကားဟာ ပရိသတ်တွေ အချိန်နဲ့ငွေပေးပြီး ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားတစ်ကားဖြစ်ကြောင်း ၁၀၀ ရာခိုင်နှုန်းအာမခံတယ်လို့ ဒီဇာတ်ကားမှာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်ခါရာက ဆိုပါတယ်။ သရုပ်ဆောင်ခါရာက “အားလုံးစောင့်မျှော်ရတာ ကြာလှပြီလို့ထင်ပါတယ်။ ကျွန်တော်တို့တစ်ဖွဲ့လုံး ဒေါင့်ပေါင်းစုံကနေ Team Work ညီညီ ကြိုးစားပြီးဖန်တီးထားတဲ့အတွက် အကောင်းဆုံးရလဒ်တွေဖြစ်လာပါစေလို့ မျှော်လင့်လျက်ပါ။ လက်မှတ်ဖိုးနဲ့ အချိန်တွေကုန်ရကျိုးနပ်မယ်လို့ ၁၀၀ရာခိုင်နှုန်း အာမခံတယ်”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက် နှာမှာ ရေးသားထားပါတယ်။

Kara

Kara

လူငယ်ဒါရိုက်တာ ဉာဏ်ထင်ရိုက်ကူးပုံဖော်ထားတဲ့ “Dimensions” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ “Dimensions-မျက်နှာပြင်များ” ဇာတ်ကားဟာ လူတစ်ကိုယ်စိတ်နှစ်မျိုးဖြစ်နေတဲ့ ယောက်ျားတစ်ယောက်အကြောင်းကို ခပ်သွက်သွက်လေးရိုက်ကူးထားတဲ့အတွက် အက်ရှင်ဇာတ်ကားကောင်းတစ်ကားအဖြစ် ပရိသတ်တွေခံစားရမှာဖြစ်ပါတယ်။

Kara

Kara

ဒီဇာတ်ကားမှာ မျိုးဆက်သစ်အနုပညာရှင်တွေဖြစ်တဲ့ သရုပ်ဆောင်ခါရာ၊ မင်းလူလူ၊ အဲလစ်အုန်း၊ ဂျာဆိုင်းအိန်၊ စုရွှေရည်ထူး၊ သီဟနဲ့ ကောင်းစစ်သွေးတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် Pre Production ပိုင်းမှာ အချိန် (၆) လကျော် ကြိုတင်ပြင်ဆင်ခဲ့ပြီး ရိုက်ကူးချိန် (၃) လကျော်အပြင် Editing ၊ Color Grading ၊ Music Composing နဲ့ Sound Design စတဲ့ Post Production ပိုင်းတွေကို အချိန် (၁) နှစ်ကျော် အသေးစိတ်ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။