[ZawGyi]







စာသင်ခန်း

စာသင်ခန်း







event-date

event-date

www.akhayar.com

[Unicode]

Kaplan Myanmar University College ရဲ့ ပညာသင်ဆုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်

ဆယ်တန်းအောင်ထားတဲ့ မောင်လေးညီမလေးတွေအတွက်တော့ အခုချိန်ကမှ တကယ့်ကိုအရေးကြီးတဲ့အချိန်လို့ဆိုရမှာပါ။ ဘာလို့လဲဆိုရင် ကိုယ့်ရဲ့ရှေ့အနာဂတ်ခရီးအတွက်အရေးပါတဲ့ ကျောင်းရွေးချယ်မှုကို ဒီအချိန်မှာစဉ်းစားဆုံးဖြတ်ကြရလို့ပါပဲ။ ခုခေတ်မှာတော့ ကျောင်းရွေးချယ်တဲ့နေရမှာ ပိုပြီးအခွင့်အလမ်းတွေများလာသလို လူကြီးမိဘတွေကလည်း ပိုပြီးတော့အမြင်ကျယ်လာကြပါပြီ။ ဆေးကျောင်းတက်မှ၊ အင်ဂျင်နီယာဖြစ်မှဆိုတာမျိုးမဟုတ်တော့ပါဘူး။ ကိုယ့်ရဲ့ဝါသနာအပေါ်မူတည်ပြီး အောင်မြင်တဲ့ Career ကိုတည်ဆောက်နိုင်စေဖို့ ရွေးချယ်စရာတွေအများကြီးရှိလာပြီဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေအပြင် ပြည်ပမှာကျောင်းသွားတက်ဖို့လည်းအရင်ထက်အဆင်ပြေလာပါတယ်။ ကံကောင်းတယ်လို့ဆိုရမှာက ပြည်ပကသြဇာရှိတဲ့တက္ကသိုလ်ကြီးတွေနဲ့ချိတ်ဆက်ထားတဲ့ကျောင်းတွေကို ပြည်တွင်းမှာပဲအဆင့်မီမီတက်ရောက်ပြီး နိုင်ငံတကာအသိအမှတ်ပြုဘွဲ့တွေကိုရရှိနိုင်တာဖြစ်ပါတယ်။

ဒီလို ပြည်ပတက္ကသိုလ်ကြီးတွေနဲ့ချိတ်ဆက်ထားတဲ့ကျောင်းတွေက ဒီနှစ်အပိုင်းအခြားမှာတင် အတော်လေးများလာတာတွေ့ရပါတယ်။ အခုဆိုရင် Kaplan ကလည်း မြန်မာနိုင်ငံကိုရောက်ရှိလာပါပြီ။ Kaplan ဆိုတာကခိုင်မာတဲ့သမိုင်းကြောင်းနဲ့သြဇာကြီးမားတဲ့ International Education Organization ကြီးဖြစ်ပြီး နိုင်ငံတကာပညာရေးနယ်ပယ်မှာ နှစ်ပေါင်း ၈၀ ကြာ အောင်မြင်စွာရပ်တည်ခဲ့တဲ့ပညာရေးအဖွဲ့အစည်းကြီးဖြစ်ပါတယ်။ Kaplan ကို ၁၉၃၈ ခုနစ်မှာကတည်းက New York ၊ Brooklyn မှာစတင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ နိုင်ငံပေါင်း ၃၀ မှာ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်ပြီးပါပြီ။ ဒီလိုခိုင်မာတဲ့သမိုင်းကြောင်းရှိတဲ့ Kaplan ရဲ့မြန်မာပြည်ကျောင်းခွဲဖြစ်တဲ့ Kaplan Myanmar University College ကို မကြာခင်မှာဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

Kaplan Myanmar University College

Kaplan Myanmar University College

Kaplan Myanmar University College မှာသင်ကြားပေးမယ့် ဘာသာရပ်ဖွဲ့စည်းမှုတွေ၊စာမေးပွဲစစ်ဆေးမှုတွေ၊ပညာရေးသုံးပစ္စည်းတွေအားလုံးဟာ အခြားသောကမ္ဘာအနှံ့က Kaplan ကျောင်းတွေရဲ့စံချိန်စံညွှန်းအတိုင်းပဲဖြစ်ပါတယ်။ Kaplan Myanmar ဟာ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်တက္ကသိုလ်ကြီးတွေဖြစ်တဲ့ Murdoch University (သြစတေးလျ) ၊ Teesside University (အင်္ဂလန်) တို့နဲ့ချိတ်ဆက်ထားတာဖြစ်ပြီး ဒီတက္ကသိုလ်ကြီးတွေဟာ သင်ကြားရေး၊ သုတေသနနဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုအပိုင်းတွေမှာ ထင်ရှားကျော်ကြားတဲ့ တက္ကသိုလ်ကြီးတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံကကျောင်းသားတွေအနေနဲ့ Kaplan Myanmar University College မှာတက်ရောက်ပြီး ဒီတက္ကသိုလ်ကြီးတွေကတရားဝင်ပေးအပ်တဲ့ ဘွဲ့ဒီဂရီတွေကိုရယူနိုင်ပါတယ်။ Diploma ၊ Advanced Diploma တွေပြီးရင်လည်း အင်္ဂလန်၊ အမေရိကန်၊ သြစတြေးလျ၊ စင်ကာပူနိုင်ငံ တို့ကိုပြောင်းရွှေ့ပြီး ဒီဂရီတွေကိုတိုက်ရိုက်ရယူနိုင်မှာဖြစ်ပါတယ်။

စာသင်ခန်း

စာသင်ခန်း

ဒီလို Kaplan Myanmar University College ရဲ့ပညာသင်ဆုအခွင့်အလမ်းတွေအကြောင်းကိုစိတ်ဝင်စားတယ်ဆိုရင် ဇွန်လ(၃၀) ရက်နေ့မှာ အသေးစိတ်ဆွေးနွေးနိုင်မှာမို့ ဒီပွဲကြီးကိုလာခဲ့ကြဖို့ဖိတ်ချင်ပါတယ်။

နေ့ရက် – ဇွန်လ (၃၀) ရက်၊ စနေနေ့

အချိန်   – မနက် (၁၀) နာရီမှ ညနေ (၃) နာရီထိ

နေရာ – Kaplan Myanmar University College (KMUC Campus) ၊အမှတ် ၆/A၊ ဝဂ္ဂီရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။

ဆွေးနွေးပွဲတက်ရောက်လိုသူတွေအနေနဲ့ Kaplan Myanmar University College ၊ Hot Line: 09-777 63 6000 ၊ 09 – 777 68 6000 တွေကိုဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်။

စိတ်ဝင်စားသူတွေအနေနဲ့ ဒီ Link လေးမှတဆင့်လည်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်။

event-date

event-date

www.akhayar.com