[Zawgyi]

အေမခ်က္တဲ့လက္ရာကိုလြမ္းမိေစမယ့္ ရန္ကင္းက ကံ့ေကာ္ျဖဴနယ္ေျမေလး

ကံ့ေကာ္ပန္းေတြပြင့္တဲ့နယ္ေျမေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ ျမန္မာ့႐ိုးရာ လက္သုပ္စံုေလးေတြနဲ႔ ဗမာစာစစ္စစ္ကို သန္႔ျပန္႔ေနေအာင္စားရမယ့္ ကံ့ေကာ္ျဖဴနယ္ေျမေလးဆီ ေရာက္ၿပီးၿပီလား?

“ဟိုးငယ္ငယ္တုန္းက မနက္စာစားတဲ့ဆိုင္ေလးေတြရဲ႕ အေငြ႕အသက္ကို လြမ္းလိုက္တာ…”ဆိုတဲ့သူေတြ၊ ငယ္ငယ္တုန္းက ငယ္ဘဝေလးေတြကို တမ္းတမိတဲ့သူေတြအတြက္ ရန္ကင္းက ဆိုင္ေသးေသးေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ Kant Kaw Phyu Food House ေလးကို ဒီတပတ္ အခရာက ကံေကာင္းေထာက္မၿပီး ေရာက္သြားပလို႔ေပါ့။

ကံေကာင္းတယ္ဆိုတာက ဒီလို။ ဆိုင္ေလးက အိမ္ဆိုင္ေသးေသးေလးကိုမွ အမွတ္ (၁၂)၊ အေဝရာလမ္း၊ ေဘာက္ေထာ္၊ ရန္ကင္းမွာဆိုေတာ့ လမ္းထဲေတာ္ေတာ္ဝင္ရတယ္။ ဒါေပမယ့္ ေအးခ်မ္းတိတ္ဆိတ္ၿပီး သန္႔ရွင္းေနေတာ့ အေမာေျပရတယ္။ ခံုျမင့္ေလး ၆ခံုေလာက္နဲ႔ အေအးေကာင္တာ၊ အသီးေဖ်ာ္ရည္ေကာင္တာရယ္၊ ျမန္မာမုန္႔နဲ႔ထမင္းဟင္းေကာင္တာရယ္ ဖြယ္ဖြယ္ရာရာေလး။

ဆိုင္ေလးက ဘာေတြရလဲမေျပာခင္ စိတ္ခ်မ္းသာစရာေလးေျပာျပမယ္။ သူ႕ဆိုင္မွာ အခ်ိဳမႈန္႔လံုးဝမသံုးဘဲ ေျမပဲဆီစစ္စစ္နဲ႔ သံုးတာတဲ့။ အရမ္းေႂကြစရာေကာင္းတာက ေရဝယ္ေသာက္စရာမလိုတာပါပဲ။ သူက Detox Water ေလးခ်ေပးတယ္။ Jar ေလးနဲ႔ အဝေသာက္ပဲ။ က်န္းမာေရးအတြက္ေတာ့ Five Star ေပးလိုက္ၿပီ။

နန္းႀကီးသုပ္၊ မုန္႔ဟင္းခါး၊ မုန္႔တီ၊ ခိုေတာင္ေခါက္ဆြဲ၊ ေကာက္ညင္းေပါင္း၊ ပဲဆီထမင္း၊ အေၾကာ္စံုနဲ႔ လက္ဖက္ရည္ ဘာညာေသာက္စရာက မနက္စာတလိုင္း။

ျပည္ထမင္းသုပ္၊ ျမင္းျခံထမင္းသုပ္၊ ပုန္းရည္ႀကီးထမင္းသုပ္နဲ႔ တျခားအသုပ္ေတြ အိမ္ခ်က္လက္ရာဟင္းေတြနဲ႔ အေၾကာ္၊ အမြ၊ ေျခာက္စပ္ေတြက ေန႔လည္စာတစ္သြယ္ ရပါတယ္တဲ့ရွင္။

မုန္႔ဟင္းခါးေလးက ငါးနံ႕ေလးသင္းလို႔ အခ်ိဳမႈန္႔မလိုဘဲကို ငါးရဲ႕ အခ်ိဳဓါတ္ေလးနဲ႔ ဘဲဥဖတ္ေလး၊ ငွက္ေပ်ာအူေလးနဲ႔ တစ္ပန္းကန္စီ ဖြယ္ဖြယ္ရာရာေလး။ ဗမာမုန္႔ဟင္းခါးစစ္စစ္ ေမႊးေနတာမ်ား စားေကာင္းမယ္ဆိုတာ အနံ႔နဲ႔တင္ သိေနရၿပီ။ အလြတ္ဆို ၈၀၀ ပါ။

ျပည္ထမင္းသုပ္ေလးကို ၾကက္ဥေၾကာ္ေလးနဲ႔ စားရေတာ့လည္း ပဲမႈန္႔ရဲ႕အရသာေပၚၿပီး ခပ္ေပါ့ေပါ့ေလးနဲ႔ စားၿမိန္ပါ့။ ေျမပဲကေတာ့ မႂကြပ္ဘဲေပ်ာ့ေနေလရဲ႕။ တစ္ပြဲ ၁၅၀၀ တဲ့။

အခရာသြားတဲ့အခ်ိန္က ေနာက္က်ေတာ့ တျခားဗမာမုန္႔ေတြေတာ့ ကုန္ေနၿပီ။ ဒါနဲ႔ပဲ စားခ်င္တာေလးေတြစားၿပီး အခ်ိဳေလးနဲ႔ပိတ္ဖို႔ လက္ဖက္ရည္ေတာင္မွ ကံ့ေကာ္ျဖဴလက္ဖက္ရည္ ဆိုတာေလး မွာလိုက္တာ။ လာခ်ေပးေတာ့ ခ်စ္စရာေလး။ ကရားေလးထဲကႏို႔စိမ္းခြက္၊ အက်ရည္သီးသန္႔ခြက္ေလးနဲ႔ လက္ဖက္ရည္အရသာ ဆိမ့္သက္သက္ေလးကြယ္။ တစ္ခြက္ ၇၀၀ ေလာက္နဲ႔ တန္ၿပီး သန္႔ေနတယ္ထင္တာပဲ။

အဓိကကေတာ့ မနက္စာေရာင္းတာဆိုေပမယ့္ ခုလတ္တေလာကတင္ ေန႔လည္စာ ဗမာဟင္းေတြပါတိုးခ်ဲ႕ေရာင္းေနတာ။ ကိုယ္ကလည္း ဗမာဟင္းေကာင္းေကာင္းဆို ျမင္တာနဲ႔ သြားေရက်ေတာ့ ခ်ဥ္ေပါင္နဲ႔ပုစြန္ေရာေၾကာ္တာေလးမွာခဲ့တယ္။ တကယ့္အိမ္လက္ရာစစ္စစ္ ေမႊးၿပီး စားေကာင္းလြန္းလို႔ အိမ္နားေတာင္ေျပာင္းဖြင့္ေစခ်င္တယ္။ မေကာင္းတာကေတာ့ ဟင္းပြဲေတြကို အဖံုးမအုပ္ထားေတာ့ အုပ္ထားေစခ်င္တယ္။

ဗမာဟင္းေတြကေတာ့ သူလိုကိုယ္လိုဆိုင္ေတြထက္ ေစ်းနည္းနည္းႀကီးတယ္ထင္တာပဲ။ ဒါေပမယ့္ ဆိုင္ေလးသန္႔ၿပီး ခ်စ္စရာေကာင္းတာရယ္ ဝန္ထမ္းေလးေတြက သေဘာေကာင္းၿပီး ေဖာ္ေရြလြန္းတာရယ္နဲ႔တင္ တစ္ထပ္ၿပီးတစ္ထပ္ သေဘာေတြက်ခဲ့ရတယ္။

သြားၾကည့္ပါ။ စိတ္ခ်မ္းသာစရာ ဆိုင္ေလးမွာ ထိုင္ရမွာ၊ အစားအေသာက္သန္႔သန္႔ေလးစားရမွာ၊ မိသားစုအတြက္မနက္စာဆိုင္သစ္ေလးျဖစ္လာမွာ၊ ကံ့ေကာ္ျဖဴေတြေတြေဝတဲ့ အစားအေသာက္ေျမမွာ ေႂကြသြားမွာေတာ့ အာမခံပါတယ္။

မနက္ ၇ ကေန ညေန ၅ နာရီထိ ဖြင့္တာမို႔ ရန္ကင္းေဘာက္ေထာ္ဘက္ေရာက္ရင္ Kant Kaw Phyu Food House ဆိုတဲ့ဆိုင္ေလးကေတာ့ ေႂကြမိသြားမယ့္ ခ်စ္စရာဆိုင္ေလးဆိုတာ တကယ္အာမခံလိုက္ၿပီေနာ္။

ဒီဆိုင္ေလးကေတာ့-
အျပင္အဆင္-3.5/5
အရသာ-4/5
သန္႔ရွင္းမႈ-4.5/5
ဝန္ေဆာင္မႈ-4/5
ေစ်းႏႈန္း-3/5 ရပါတယ္ရွင္။

ခ်စ္လွစြာေသာ
FoodieEi (အခရာ)

[Unicode]

အမေချက်တဲ့လက်ရာကိုလွမ်းမိစေမယ့် ရန်ကင်းက ကံ့ကော်ဖြူနယ်မြေလေး

ကံ့ကော်ပန်းတွေပွင့်တဲ့နယ်မြေတော့မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာ့ရိုးရာ လက်သုပ်စုံလေးတွေနဲ့ ဗမာစာစစ်စစ်ကို သန့်ပြန့်နေအောင်စားရမယ့် ကံ့ကော်ဖြူနယ်မြေလေးဆီ ရောက်ပြီးပြီလား?

“ဟိုးငယ်ငယ်တုန်းက မနက်စာစားတဲ့ဆိုင်လေးတွေရဲ့ အငွေ့အသက်ကို လွမ်းလိုက်တာ…”ဆိုတဲ့သူတွေ၊ ငယ်ငယ်တုန်းက ငယ်ဘဝလေးတွေကို တမ်းတမိတဲ့သူတွေအတွက် ရန်ကင်းက ဆိုင်သေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့ Kant Kaw Phyu Food House လေးကို ဒီတပတ် အခရာက ကံကောင်းထောက်မပြီး ရောက်သွားပလို့ပေါ့။

ကံကောင်းတယ်ဆိုတာက ဒီလို။ ဆိုင်လေးက အိမ်ဆိုင်သေးသေးလေးကိုမှ အမှတ် (၁၂)၊ အဝေရာလမ်း၊ ဘောက်ထော်၊ ရန်ကင်းမှာဆိုတော့ လမ်းထဲတော်တော်ဝင်ရတယ်။ ဒါပေမယ့် အေးချမ်းတိတ်ဆိတ်ပြီး သန့်ရှင်းနေတော့ အမောပြေရတယ်။ ခုံမြင့်လေး ၆ခုံလောက်နဲ့ အအေးကောင်တာ၊ အသီးဖျော်ရည်ကောင်တာရယ်၊ မြန်မာမုန့်နဲ့ထမင်းဟင်းကောင်တာရယ် ဖွယ်ဖွယ်ရာရာလေး။

ဆိုင်လေးက ဘာတွေရလဲမပြောခင် စိတ်ချမ်းသာစရာလေးပြောပြမယ်။ သူ့ဆိုင်မှာ အချိုမှုန့်လုံးဝမသုံးဘဲ မြေပဲဆီစစ်စစ်နဲ့ သုံးတာတဲ့။ အရမ်းကြွေစရာကောင်းတာက ရေဝယ်သောက်စရာမလိုတာပါပဲ။ သူက Detox Water လေးချပေးတယ်။ Jar လေးနဲ့ အဝသောက်ပဲ။ ကျန်းမာရေးအတွက်တော့ Five Star ပေးလိုက်ပြီ။

နန်းကြီးသုပ်၊ မုန့်ဟင်းခါး၊ မုန့်တီ၊ ခိုတောင်ခေါက်ဆွဲ၊ ကောက်ညင်းပေါင်း၊ ပဲဆီထမင်း၊ အကြော်စုံနဲ့ လက်ဖက်ရည် ဘာညာသောက်စရာက မနက်စာတလိုင်း။

ပြည်ထမင်းသုပ်၊ မြင်းခြံထမင်းသုပ်၊ ပုန်းရည်ကြီးထမင်းသုပ်နဲ့ တခြားအသုပ်တွေ အိမ်ချက်လက်ရာဟင်းတွေနဲ့ အကြော်၊ အမွ၊ ခြောက်စပ်တွေက နေ့လည်စာတစ်သွယ် ရပါတယ်တဲ့ရှင်။

မုန့်ဟင်းခါးလေးက ငါးနံ့လေးသင်းလို့ အချိုမှုန့်မလိုဘဲကို ငါးရဲ့ အချိုဓါတ်လေးနဲ့ ဘဲဥဖတ်လေး၊ ငှက်ပျောအူလေးနဲ့ တစ်ပန်းကန်စီ ဖွယ်ဖွယ်ရာရာလေး။ ဗမာမုန့်ဟင်းခါးစစ်စစ် မွှေးနေတာများ စားကောင်းမယ်ဆိုတာ အနံ့နဲ့တင် သိနေရပြီ။ အလွတ်ဆို ၈၀၀ ပါ။

ပြည်ထမင်းသုပ်လေးကို ကြက်ဥကြော်လေးနဲ့ စားရတော့လည်း ပဲမှုန့်ရဲ့အရသာပေါ်ပြီး ခပ်ပေါ့ပေါ့လေးနဲ့ စားမြိန်ပါ့။ မြေပဲကတော့ မကြွပ်ဘဲပျော့နေလေရဲ့။ တစ်ပွဲ ၁၅၀၀ တဲ့။

အခရာသွားတဲ့အချိန်က နောက်ကျတော့ တခြားဗမာမုန့်တွေတော့ ကုန်နေပြီ။ ဒါနဲ့ပဲ စားချင်တာလေးတွေစားပြီး အချိုလေးနဲ့ပိတ်ဖို့ လက်ဖက်ရည်တောင်မှ ကံ့ကော်ဖြူလက်ဖက်ရည် ဆိုတာလေး မှာလိုက်တာ။ လာချပေးတော့ ချစ်စရာလေး။ ကရားလေးထဲကနို့စိမ်းခွက်၊ အကျရည်သီးသန့်ခွက်လေးနဲ့ လက်ဖက်ရည်အရသာ ဆိမ့်သက်သက်လေးကွယ်။ တစ်ခွက် ၇၀၀ လောက်နဲ့ တန်ပြီး သန့်နေတယ်ထင်တာပဲ။

အဓိကကတော့ မနက်စာရောင်းတာဆိုပေမယ့် ခုလတ်တလောကတင် နေ့လည်စာ ဗမာဟင်းတွေပါတိုးချဲ့ရောင်းနေတာ။ ကိုယ်ကလည်း ဗမာဟင်းကောင်းကောင်းဆို မြင်တာနဲ့ သွားရေကျတော့ ချဉ်ပေါင်နဲ့ပုစွန်ရောကြော်တာလေးမှာခဲ့တယ်။ တကယ့်အိမ်လက်ရာစစ်စစ် မွှေးပြီး စားကောင်းလွန်းလို့ အိမ်နားတောင်ပြောင်းဖွင့်စေချင်တယ်။ မကောင်းတာကတော့ ဟင်းပွဲတွေကို အဖုံးမအုပ်ထားတော့ အုပ်ထားစေချင်တယ်။

ဗမာဟင်းတွေကတော့ သူလိုကိုယ်လိုဆိုင်တွေထက် ဈေးနည်းနည်းကြီးတယ်ထင်တာပဲ။ ဒါပေမယ့် ဆိုင်လေးသန့်ပြီး ချစ်စရာကောင်းတာရယ် ဝန်ထမ်းလေးတွေက သဘောကောင်းပြီး ဖော်ရွေလွန်းတာရယ်နဲ့တင် တစ်ထပ်ပြီးတစ်ထပ် သဘောတွေကျခဲ့ရတယ်။

သွားကြည့်ပါ။ စိတ်ချမ်းသာစရာ ဆိုင်လေးမှာ ထိုင်ရမှာ၊ အစားအသောက်သန့်သန့်လေးစားရမှာ၊ မိသားစုအတွက်မနက်စာဆိုင်သစ်လေးဖြစ်လာမှာ၊ ကံ့ကော်ဖြူတွေတွေဝေတဲ့ အစားအသောက်မြေမှာ ကြွေသွားမှာတော့ အာမခံပါတယ်။

မနက် ၇ ကနေ ညနေ ၅ နာရီထိ ဖွင့်တာမို့ ရန်ကင်းဘောက်ထော်ဘက်ရောက်ရင် Kant Kaw Phyu Food House ဆိုတဲ့ဆိုင်လေးကတော့ ကြွေမိသွားမယ့် ချစ်စရာဆိုင်လေးဆိုတာ တကယ်အာမခံလိုက်ပြီနော်။

ဒီဆိုင်လေးကတော့-
အပြင်အဆင်-3.5/5
အရသာ-4/5
သန့်ရှင်းမှု-4.5/5
ဝန်ဆောင်မှု-4/5
ဈေးနှုန်း-3/5 ရပါတယ်ရှင်။

ချစ်လှစွာသော
FoodieEi (အခရာ)