[Zawgyi]
Park Seo Joon & Park Min Young& Kang
“ဒရာမာဇာတ်လမ်းတွဲပါဆိုမှ ချစ်ခန်းကြိုက်ခန်းကတော့ ပါမှာပဲလေ ဇာတ်လမ်းတွဲတစ်ခုကြည့်ဖူးတိုင်း ဇာတ်ဆောင်မင်းသားမင်းသမီးတွေ တွဲနေကြပြီလားဆိုတာကတော့ ကျွန်တော့ကို အမြဲမေးလေ့ရှိတဲ့ သာမန်မေးခွန်းပါ တကယ်တော့ ဇာတ်ကားတစ်ကားထဲမှာအတူတူသရုပ်ဆောင်နေကြတဲ့ ကျွန်တော်တို့အနုပညာရှင်တွေက အလုပ်သဘောသက်သက်ပါပဲ၊ သူတို့နှစ်ယောက်က အလုပ်နဲ့ပတ်သက်ရင် တကယ်လေးစားဖို့ကောင်းတဲ့သူတွေပါ သူတို့တကယ်တွဲတွဲ၊ မတွဲတွဲ ကျွန်တော်တို့ သေချာမသိပေမယ့် တစ်ခုပြောချင်တာက ကျွန်တ်ာတို့တွေဟာ အလုပ်သဘောကြောင့် ဒီဇာတ်လမ်းတွဲတစ်ခုမှာလက်တွဲလုပ်ကြရတယ် တစ်ယောက်နဲ့တစ်ယောက်ရင်းရင်းနှီးနှီးလည်းရှိကြတယ်။”လို့လည်း ဆိုပါတယ်။
Stella(Akhayar)
www.Akhayar.com 
[Unicode]
မင်းသားနဲ့မင်းသမီးတကယ်တွဲနေကြပြီလားဆိုတာ Kang Ki Young ပြောပြီ
“What’s Wrong With Secretary Kim?”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ မင်းသား Park Seo Joon ရဲ့ သူငယ်ချင်းအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော်သရုပ်ဆောင် Kang Ki Young ကိုတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မှာပါ။ သရုပ်ဆောင် Kang Ki Young ဟာ သြဂုတ်လ(၂)ရက်နေ့က TvNရုပ်သံလိုင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အင်တာဗျူးတစ်ခုမှာ “What’s Wrong With Secretary Kim?”ဇာတ်လမ်းတွဲရဲ့ မင်းသားနဲ့မင်းသမီး အပြင်မှာချစ်သူတွေဖြစ်နေကြပြီလားဆိုတဲ့ ကောလဟလသတင်းတွေနဲ့ပတ်သက်ပြီး အခုလိုဖြေကြားခဲ့တာတွေ့ရပါတယ်။ ”
“ဒရာမာဇာတ်လမ်းတွဲပါဆိုမှ ချစ်ခန်းကြိုက်ခန်းကတော့ ပါမှာပဲလေ ဇာတ်လမ်းတွဲတစ်ခုကြည့်ဖူးတိုင်း ဇာတ်ဆောင်မင်းသားမင်းသမီးတွေ တွဲနေကြပြီလားဆိုတာကတော့ ကျွန်တော့ကို အမြဲမေးလေ့ရှိတဲ့ သာမန်မေးခွန်းပါ တကယ်တော့ ဇာတ်ကားတစ်ကားထဲမှာအတူတူသရုပ်ဆောင်နေကြတဲ့ ကျွန်တော်တို့အနုပညာရှင်တွေက အလုပ်သဘောသက်သက်ပါပဲ၊ သူတို့နှစ်ယောက်က အလုပ်နဲ့ပတ်သက်ရင် တကယ်လေးစားဖို့ကောင်းတဲ့သူတွေပါ သူတို့တကယ်တွဲတွဲ၊ မတွဲတွဲ ကျွန်တော်တို့ သေချာမသိပေမယ့် တစ်ခုပြောချင်တာက ကျွန်တာ်တို့တွေဟာ အလုပ်သဘောကြောင့် ဒီဇာတ်လမ်းတွဲတစ်ခုမှာလက်တွဲလုပ်ကြရတယ် တစ်ယောက်နဲ့တစ်ယောက်ရင်းရင်းနှီးနှီးလည်းရှိကြတယ်။”လို့လည်း ဆိုပါတယ်။
Kang ဟာ ကိုရီးယားဇာတ်လမ်းတွဲများစွာရိုက်ကူးထားရသူဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်နေရာအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ Kang ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းတွဲဟာ ဇူလိုင်လ(၂၆)ရက်နေ့မှာမှ ဇာတ်သိမ်းပိုင်းကိုအပြီးရိုက်ကူးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
Stella(Akhayar)
www.Akhayar.com