[Zawgyi]

အက္သလက္တီကိုအသင္းနဲ႔ ေဆးစစ္မႈခံယူေတာ့မယ့္ ကာလီနစ္ Kalinic

ဖီအိုရင္တီးနားအသင္းရဲ႕ ခရိုေအးရွားတိုက္စစ္မွဴး ကာလီနစ္ Kalinic ဟာ စပိန္လာလီဂါကလပ္ အက္သလက္တီကိုအသင္းကို ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီး ေဆးစစ္မႈ ခံယူေတာ့မွာျဖစ္ပါတယ္။ ကလပ္အသင္း (၂)သင္းၾကား ကာလီနစ္ Kalinic ရဲ႕ အေျပာင္းအေရႊ႕အတြက္ သေဘာတူညီမႈရရွိခဲ့ၿပီး ေနာက္ဆံုးအဆင့္အျဖစ္ ေဆးစစ္မႈေတြ ျပဳလုပ္သြားမွာပါ။ ဒီေန႔ (အဂၤါေန႔)မွာ ကာလီနစ္ Kalinic ဟာ စပိန္ႏိုင္ငံ၊ မက္ဒရစ္ၿမိဳ႕မွာ ေဆးစစ္မႈေတြ ခံယူသြားမွာျဖစ္ပါတယ္။ အက္သလက္တီကိုအသင္းဟာ ကာလီနစ္ Kalinic ကို တစ္ရာသီအငွားနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး အငွားစာခ်ဳပ္ျပည့္ခ်ိန္မွာ အၿပီးသတ္ေခၚယူသြားမွာပါ။ အက္သလက္တီကိုအသင္းက ကာလီနစ္ Kalinic အတြက္ ေျပာင္းေရႊ႕ေၾကး ယူရို (၂၅)သန္းခန္႔ ဖီအိုရင္တီးနားအသင္းကို ေပးေခ်သြားရမွာျဖစ္ပါတယ္။

Nikola-Kalinić

Nikola-Kalinić

ဗလင္စီယာအသင္းကို ေျပာင္းေရႊ႕ခဲ့တဲ့ တိုက္စစ္မွဴး ဂါမဲရိုး Gameiro ရဲ႕ ေနရာမွာ အစားထိုးဖို႔ အသက္ (၃၀)အရြယ္ရွိ ကာလီနစ္ Kalinic ကို အက္သလက္တီကိုအသင္းက ေခၚယူခဲ့တာပါ။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ေအစီမီလန္အသင္းမွာ ကာလီနစ္ Kalinic အငွားသြားေရာက္ ကစားခဲ့ၿပီး ၿပိဳင္ပြဲစံု (၄၁)ပြဲအထိ ကစားေပးခဲ့ေပမယ့္ (၆)ဂိုးသာ သြင္းယူႏိုင္ခဲ့ပါတယ္။ ေအစီမီလန္အသင္းအေနနဲ႔ ဖီအိုရင္တီးနားအသင္းကေန ကာလီနစ္ Kalinic ကို ေခၚယူခဲ့စဥ္က အငွားစာခ်ဳပ္ျပည့္ခ်ိန္မွာ အၿပီးသတ္ေခၚယူခြင့္ရဖို႔ စာခ်ဳပ္ထဲမွာ ထည့္သြင္းခ်ဳပ္ဆိုခဲ့ေပမယ့္ သူ႔ရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ အၿပီးသတ္ေခၚယူဖို႔ လက္တြန္႔ခဲ့တာျဖစ္ပါတယ္။

ကာလီနစ္ Kalinic ရဲ႕ ကစားသမားဘဝ ေအာင္ျမင္မႈမ်ား

Hajduk Split
Prva HNL Runner-up (2): 2006-07, 2008-09
Croatian Cup Runner-up (2): 2008, 2009

Dnipro
Ukrainian Premier League Runner-up (1): 2013–14
UEFA Europa League Runner-up (1): 2014–15

Individual
Hope of the Year: 2007
Croatian Football Cup Top scorer: 2008
Prva HNL Player of the Year: 2008
UEFA Europa League Team of the Group Stage: 2016–17

REF:Football Italia
Photo:Europa Calcio, Sporting News
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အက်သလက်တီကိုအသင်းနဲ့ ဆေးစစ်မှုခံယူတော့မယ့် ကာလီနစ် Kalinic

ဖီအိုရင်တီးနားအသင်းရဲ့ ခရိုအေးရှားတိုက်စစ်မှူး ကာလီနစ် Kalinic ဟာ စပိန်လာလီဂါကလပ် အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ဆေးစစ်မှု ခံယူတော့မှာဖြစ်ပါတယ်။ ကလပ်အသင်း (၂)သင်းကြား ကာလီနစ် Kalinic ရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိခဲ့ပြီး နောက်ဆုံးအဆင့်အဖြစ် ဆေးစစ်မှုတွေ ပြုလုပ်သွားမှာပါ။ ဒီနေ့ (အင်္ဂါနေ့)မှာ ကာလီနစ် Kalinic ဟာ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ ဆေးစစ်မှုတွေ ခံယူသွားမှာဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းဟာ ကာလီနစ် Kalinic ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အငှားစာချုပ်ပြည့်ချိန်မှာ အပြီးသတ်ခေါ်ယူသွားမှာပါ။ အက်သလက်တီကိုအသင်းက ကာလီနစ် Kalinic အတွက် ပြောင်းရွှေ့ကြေး ယူရို (၂၅)သန်းခန့် ဖီအိုရင်တီးနားအသင်းကို ပေးချေသွားရမှာဖြစ်ပါတယ်။

Nikola-Kalinić

Nikola-Kalinić

ဗလင်စီယာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး ဂါမဲရိုး Gameiro ရဲ့ နေရာမှာ အစားထိုးဖို့ အသက် (၃၀)အရွယ်ရှိ ကာလီနစ် Kalinic ကို အက်သလက်တီကိုအသင်းက ခေါ်ယူခဲ့တာပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီက အေစီမီလန်အသင်းမှာ ကာလီနစ် Kalinic အငှားသွားရောက် ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၄၁)ပွဲအထိ ကစားပေးခဲ့ပေမယ့် (၆)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အေစီမီလန်အသင်းအနေနဲ့ ဖီအိုရင်တီးနားအသင်းကနေ ကာလီနစ် Kalinic ကို ခေါ်ယူခဲ့စဉ်က အငှားစာချုပ်ပြည့်ချိန်မှာ အပြီးသတ်ခေါ်ယူခွင့်ရဖို့ စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုခဲ့ပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် အပြီးသတ်ခေါ်ယူဖို့ လက်တွန့်ခဲ့တာဖြစ်ပါတယ်။

ကာလီနစ် Kalinic ရဲ့ ကစားသမားဘဝ အောင်မြင်မှုများ

Hajduk Split
Prva HNL Runner-up (2): 2006-07, 2008-09
Croatian Cup Runner-up (2): 2008, 2009

Dnipro
Ukrainian Premier League Runner-up (1): 2013–14
UEFA Europa League Runner-up (1): 2014–15

Individual
Hope of the Year: 2007
Croatian Football Cup Top scorer: 2008
Prva HNL Player of the Year: 2008
UEFA Europa League Team of the Group Stage: 2016–17

REF:Football Italia
Photo:Europa Calcio, Sporting News
Aung Kyaw Wai (Akhayar)
www.akhayar.com