[Zawgyi]

ကမၻာ႔ဖလားဆုတံဆိပ္ကို လက္ခံဖို႔ ျငင္းဆန္လိုက္တဲ့ ခရိုေအးရွားတိုက္စစ္မွဴး ကာလီနစ္ Kalinic

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ခရိုေအးရွားအသင္း ရရွိခဲ့တဲ့ ဒုတိယဆုတံဆိပ္ကို တိုက္စစ္မွဴး ကာလီနစ္ Kalinic က လက္ခံရယူဖို႔ ကျငင္းဆန္ခဲ့ပါတယ္။ နည္းျပ ဒါလစ္ Dalic ကိုယ္တိုင္ ေပးပို႔ခဲ့တဲ့ ဆုတံဆိပ္ကို တိုက္စစ္မွဴး ကာလီနစ္ Kalinic က လက္ခံရယူဖို႔ ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ႏိုင္ငံအသင္းအတြက္ လူစားလဲဝင္ေရာက္ကစားေပးဖို႔ ျငင္းဆန္ခဲ့တဲ့ တိုက္စစ္မွဴး ကာလီနစ္ Kalinic ကို နည္းျပ ဒါလစ္ Dalic က အသင္းကေန ထုတ္ပယ္ခဲ့ၿပီး ေနရပ္ျပန္လည္ေစလႊတ္ခဲ့တာျဖစ္ပါတယ္။ ကာလီနစ္ Kalinic ဟာ ႏိုက္ဂ်ီးရီးယားအသင္းနဲ႔ ကစားခဲ့တဲ့ ခရိုေအးရွားအသင္းရဲ႕ အုပ္စုအဖြင့္ပြဲစဥ္အၿပီးမွာပဲ အသင္းလူစာရင္းကေန ထုတ္ပယ္ခံခဲ့ရတာပါ။

Kalinic-refuses-to-accept-World-Cup-runners-up-medal

Kalinic-refuses-to-accept-World-Cup-runners-up-medal

ခရိုေအးရွားေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕ နည္းစနစ္ပိုင္းဒါရိုက္တာနဲ႔ အသင္းေဖာ္ကစားသမားေတြ အားလံုးက အၿပီးသတ္ (၂၃)ဦးစာရင္းမွာ ပါဝင္ခဲ့တဲ့ တိုက္စစ္မွဴး ကာလီနစ္ Kalinic ကို ဆုတံဆိပ္ေပးအပ္ဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္ ေပးပို႔ခဲ့တာျဖစ္ပါတယ္။ Sportske Novosti နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးအစီအစဥ္မွာ ကာလီနစ္ Kalinic က “ဆုတံဆိပ္အတြက္ ေက်းဇူးတင္ပါတယ္၊ ဒါေပမယ့္ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ မကစားေပးခဲ့ရလို႔ လက္ခံသြားမွာ မဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။ ကာလီနစ္ Kalinic အေနနဲ႔ လက္ရွိကစားေနတဲ့ ေအစီမီလန္အသင္းကေန ထြက္ခြာၿပီး ကမ္းလွမ္းမႈေတြ ျပဳလုပ္ထားတဲ့ အက္သလက္တီကိုအသင္းကို ေျပာင္းေရႊ႕ကစားဖို႔ ဆႏၵရွိေနေၾကာင္းလည္းေျပာၾကားခဲ့ပါတယ္။

REF:Marca
Photo:Kasapa FM, Marca
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ကမ္ဘာ့ဖလားဆုတံဆိပ်ကို လက်ခံဖို့ ငြင်းဆန်လိုက်တဲ့ ခရိုအေးရှားတိုက်စစ်မှူး ကာလီနစ် Kalinic

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်း ရရှိခဲ့တဲ့ ဒုတိယဆုတံဆိပ်ကို တိုက်စစ်မှူး ကာလီနစ် Kalinic က လက်ခံရယူဖို့ ကငြင်းဆန်ခဲ့ပါတယ်။ နည်းပြ ဒါလစ် Dalic ကိုယ်တိုင် ပေးပို့ခဲ့တဲ့ ဆုတံဆိပ်ကို တိုက်စစ်မှူး ကာလီနစ် Kalinic က လက်ခံရယူဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် လူစားလဲဝင်ရောက်ကစားပေးဖို့ ငြင်းဆန်ခဲ့တဲ့ တိုက်စစ်မှူး ကာလီနစ် Kalinic ကို နည်းပြ ဒါလစ် Dalic က အသင်းကနေ ထုတ်ပယ်ခဲ့ပြီး နေရပ်ပြန်လည်စေလွှတ်ခဲ့တာဖြစ်ပါတယ်။ ကာလီနစ် Kalinic ဟာ နိုက်ဂျီးရီးယားအသင်းနဲ့ ကစားခဲ့တဲ့ ခရိုအေးရှားအသင်းရဲ့ အုပ်စုအဖွင့်ပွဲစဉ်အပြီးမှာပဲ အသင်းလူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရတာပါ။

Kalinic-refuses-to-accept-World-Cup-runners-up-medal

Kalinic-refuses-to-accept-World-Cup-runners-up-medal

ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းစနစ်ပိုင်းဒါရိုက်တာနဲ့ အသင်းဖော်ကစားသမားတွေ အားလုံးက အပြီးသတ် (၂၃)ဦးစာရင်းမှာ ပါဝင်ခဲ့တဲ့ တိုက်စစ်မှူး ကာလီနစ် Kalinic ကို ဆုတံဆိပ်ပေးအပ်ဖို့ တောင်းဆိုခဲ့တာကြောင့် ပေးပို့ခဲ့တာဖြစ်ပါတယ်။ Sportske Novosti နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ကာလီနစ် Kalinic က “ဆုတံဆိပ်အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မကစားပေးခဲ့ရလို့ လက်ခံသွားမှာ မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ ကာလီနစ် Kalinic အနေနဲ့ လက်ရှိကစားနေတဲ့ အေစီမီလန်အသင်းကနေ ထွက်ခွာပြီး ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတဲ့ အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေကြောင်းလည်းပြောကြားခဲ့ပါတယ်။

REF:Marca
Photo:Kasapa FM, Marca
Aung Kyaw Wai (Akhayar)
www.akhayar.com