[Zawgyi]

ေဘာလုံးပဲြတစ္ပဲြမွ မကစားဖူးခဲ့တဲ့ ဂႏၳ၀င္ေဘာလုံးသမားတစ္ဦးရဲ႕ဘ၀ဇာတ္ေၾကာင္း

ေခါင္းစဥ္ကို ဖတ္ၿပီး ပရိသတ္ေတြ စိတ္႐ႈပ္ေထြးသြားလား။ ေဘာလုံးပဲြ တစ္ပဲြမွ မကစားဖူးဘဲနဲ႔ ဂႏၳ၀င္ျဖစ္ခဲ့တဲ့ ေဘာလုံးသမားဆုိတာ ဘယ္လုိလုပ္ရွိႏုိင္မွာလဲဆုိၿပီး ေတြးမိလိမ့္မယ္။ ဒါေပမဲ့ မယုံမရွိပါနဲ႔၊ ေဘာလုံးတစ္ပဲြမွ မကစားဘဲ ေဘာလုံးဂႏၳ၀င္အျဖစ္ သတ္မွတ္ခံထားရသူတစ္ဦးရွိပါတယ္။ သူကေတာ့ ဘရာဇီးလ္ကစားသမားေဟာင္း ကားလုိ႔စ္ကုိင္ဇာ Carlos Kaiser ဆုိသူပါပဲ။ ေဘာလုံးစြမ္းရည္က အရမ္းအေကာင္းစားမဟုတ္၊ ပေရာ္ဖက္ရွင္နယ္ပဲြေတြလည္း တစ္ပဲြမွ မကစားဘဲ ေဘာလုံးေလာကမွ ႏွစ္ေပါင္း(၂၆)ႏွစ္ၾကာ က်င္လည္ခဲ့သူလည္းျဖစ္ပါတယ္။ သူ႔နာမည္ရင္းက Carlos Henrique Raposo ပါ။ ဒါေပမဲ့ ဂ်ာမန္ဂႏၳ၀င္ႀကီး ဘက္ကင္ေဘာင္၀ါ Beckenbauer ကုိ အားက်တဲ့အတြက္ ဘက္ကင္ေဘာင္၀ါရဲ႕နာမည္ေျပာင္ “King Kaizer”(ဘုရင္ႀကီးကုိင္ဇာ)ကုိ ယူၿပီး ကားလုိ႔စ္ကုိင္ဇာလုိ႔ ငယ္ငယ္ကတည္းက ေျပာင္းလဲခဲ့တာျဖစ္ပါတယ္။

Carlos-Kaizer1

Carlos-Kaizer1

လက္ရွိအခ်ိန္မွာ အသက္(၅၅)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ကားလုိ႔စ္ကုိင္ဇာဟာ ဘရာဇီးလ္ထိပ္သီးအသင္းေတြျဖစ္တဲ့ ဘုိတာဖုိဂုိ၊ ဖလူမင္နိစ္၊ ဖလာမင္ဂုိ၊ ဗာစကုိဒဂါးမားစတဲ့အသင္းေတြမွာ က်င္လည္ခဲ့ဖူးေပမယ့္ တစ္ပဲြမွ ပါ၀င္ မကစားခဲ့ပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူက ဒဏ္ရာရွိေနတယ္လုိ႔ ဟန္ေဆာင္အေၾကာင္းျပခဲ့ၿပီး အသင္းတစ္သင္းကေန ေနာက္တစ္သင္းကုိ ေျပာင္းေရႊ႕ကစားခဲ့လုိ႔ပါပဲ။ အံ့အားသင့္စရာေတာ့ေကာင္းတယ္။

For-26-years-Kaiser-bounced-from-club-to-club

For-26-years-Kaiser-bounced-from-club-to-club

ငယ္ဘ၀တုနး္က ဘုိတာဖုိဂို၊ ဖလာမင္ဂုိလူငယ္အသင္းေတြမွာ ကစားခဲ့ၿပီး ေလ့က်င့္ေရးကြင္းက သူ႔ရဲ႕ေျခစြမ္းကုိ သေဘာက်လုိ႔ မကၠဆီကုိကလပ္ Puebla အသင္းက ၁၉၇၉ ခုႏွစ္မွာ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တယ္။ ကားလုိ႔စ္ကုိင္ဇာက ေဘာလုံးသမားျဖစ္ခ်င္တယ္လုိ႔ ေၾကြးေၾကာ္ၿပီး ေဘာလုံးေလာကထဲ၀င္လာခဲ့ေပမယ့္ သူ႔စကားေတြက အလိမ္အညာသက္သက္ပါ။ Puebla အသင္းမွာ တစ္ပဲြမွ မကစားခဲ့ရဘဲ အဲဒီႏွစ္မွာပဲ ဘရာဇီးလ္ကုိ ျပန္ေရာက္လာခဲ့တယ္။ ကားလုိ႔စ္ကုိင္ဇာအတြက္ ကံေကာင္းတာက သူဟာ အဲဒီအခ်ိန္က ဘရာဇီးလ္နာမည္ေက်ာ္ေဘာလုံးသမားေတြျဖစ္ၾကတဲ့ ဘီဘတ္တို Bebeto၊ ကားလုိ႔စ္အယ္လ္ဘာတို Carlos Alberto ၊ ရီကာဒုိ႐ုိခ်ာ Ricardo Rocha ၊ ရီနာတိုဂါအူခ်ုိ Renato Gaúcho တုိ႔နဲ႔ ရင္းႏွီးမႈရွိခဲ့တာေၾကာင့္ အသင္းတစ္သင္းကုိ ေျပာင္းေရႊ႕ကစားလုိတဲ့အခါတိုင္း သူ႔ကုိ အဲဒီကစားသမားေတြက ကူညီေပးခဲ့လုိ႔ပါပဲ။

Kaiser-made-friends-in-the-game-including-Renato-Gaucho-right

Kaiser-made-friends-in-the-game-including-Renato-Gaucho-right

နာမည္ေက်ာ္ေဘာလုံးသမားေတြနဲ႔ ရင္းႏွီးခဲ့တာကလည္း အေၾကာင္းရွိတယ္။ ကားလုိ႔စ္ကုိင္ဇာဟာ ေဘာလုံးသာ မကစားတာ ျပင္ပေလာကမွာ အေပ်ာ္အပါးနဲ႔ပတ္သက္ၿပီး တစ္ဖက္ကမ္းခပ္ ကၽြမ္းက်င္သူ။ သူ႕ရဲ႕အသငး္ေဖာ္ေတြ ဘယ္ေနရာမွာ ေပ်ာ္ခ်င္သလဲ၊ အပ်ံစားမိန္းကေလးေတြနဲ႔ တဲြခ်င္လား ကားလုိ႔စ္ကုိင္ဇာက စီစဥ္ေပးလုိက္တာပဲ။ ပေရာ္ဖက္ရွင္တစ္ပဲြမွ မကစားခဲ့ရေပမယ့္ သူကစားခဲ့တဲ့ကလပ္ေတြက ဘရာဇီးလ္ထိပ္သီးအသင္းေတြျဖစ္တဲ့အတြက္ သူ႔ရဲ႕ CV က အလန္းစားျဖစ္ေနလုိ႔ ကလပ္အသင္းေတြကလည္း ယုံၾကည္ၿပီး ေခၚယူခဲ့ၾကတယ္။ အဲဒီေခတ္အခါတုန္းကလည္း အခုလုိ အင္တာနက္ေတြ၊ လူမႈကြန္ရက္စာမ်က္ႏွာေတြ မရွိေသးတာေၾကာင့္ ကားလုိ႔စ္ကုိင္ဇာက ဘယ္လုိလူစားမ်ိဳးလဲဆုိတာ ဘယ္သူသိႏုိင္မွာလဲ။

An-ID-that-Kaiser-got-for-his-days-at-Ajaccio

An-ID-that-Kaiser-got-for-his-days-at-Ajaccio

ေနာက္ၿပီး သူ႔ဒဏ္ရာကုိ စမ္းသပ္စစ္ေဆးဖုိ႔ကလည္း ဒီေန႔ေခတ္လုိ Scan ႐ုိက္တဲ့စက္ေတြ မရွိေသးလုိ႔ အဲဒီအားနည္းခ်က္ကုိ ကားလုိ႔စ္ကုိင္ဇာက ေကာင္းေကာင္းအသုံးခ်ေတာ့တာပါပဲ။ စတိဗ္ေဂ်ာ့ဘ္ Steve Jobs က Apple ပစၥညး္ေတြကုိ ေစ်းကြက္တြင္ေအာင္ ေရာင္းခ်ႏုိင္တာထက္ ကားလုိ႔စ္ကုိင္ဇာက Marketing ပုိေကာင္းခဲ့ၿပီး သူ႔ရဲ႕စကားလုံးေတြေအာက္မွာ အသင္းေတြရဲ႕ဥကၠဌေတြလည္း ေမ်ာပါခဲ့ရတယ္။

Bebeto

Bebeto

ကားလုိ႔စ္ကုိင္ဇာနဲ႔ပတ္သက္ၿပီး ၁၉၉၄ ကမၻာ႔ဖလားခ်န္ပီယံ ဘရာဇီးလ္ နာမည္ေက်ာ္ကစားသမားေဟာင္း ဘီဘတ္တိုက အခုလုိမွတ္ခ်က္ေပးခဲ့တယ္။ “ကားလုိ႔စ္ကုိင္ဇာက စကားေျပာအေတာ္ေကာင္းတဲ့လူဗ်။ သူ႔စကားေျပာတဲ့အခါ နားေထာင္တဲ့သူက အလုိလုိကုိ သေဘာတူၿပီးသားျဖစ္သြားတာပဲ။ သူစကားလုံးေတြမွာ ခင္ဗ်ားေမာ်ပါသြားၿပီး ဘာမွကုိ မျငင္းႏုိင္ေတာ့တဲ့အထိပဲ”။

Kaiser-agrees-to-sign-on-the-dotted-line-for-rights-to-his-film-with-Markham-and-Myles

Kaiser-agrees-to-sign-on-the-dotted-line-for-rights-to-his-film-with-Markham-and-Myles

ကားလုိ႔စ္ကုိင္ဇာဟာ ပေရာ္ဖက္ရွင္နယ္ပဲြ တစ္ပဲြမွ မကစားခဲ့ရေပမယ့္ သူ႔ရဲ႕ေနာက္ခံဇာတ္ေၾကာင္းက ထူးဆန္းၿပီး စိတ္၀င္စားဖုိ႔ေကာင္းတာေၾကာင့္ ဒါ႐ုိက္တာတစ္ဦးျဖစ္သူ Louis Myles က ကားလုိ႔စ္ကုိင္ဇာရဲ႕ Biography ကုိ Documentary ပုံစံ ႐ုိက္ကူးခဲ့ၿပီး အဲဒီကားကုိ Dr. Tom Markham နဲ႔ Rob Fullam တို႔က ထုတ္လုပ္သူအျဖစ္ တာ၀န္ယူသြားမွာျဖစ္ပါတယ္။ ဇာတ္ကားနာမည္ကလည္း ဆဲြေဆာင္မႈအျပည့္ပါ။ Kaiser: The Greatest Footballer Never To Play Football တဲ့။ အဲဒီကားကုိ အခု ဇူလုိင္လ (၂၆)ရက္က်ရင္ UK မွာ ႐ုံတင္ျပသြားမွာပါ။

Carlos-Kaizer

Carlos-Kaizer

အခုအခ်ိန္မွာေတာ့ ကားလုိ႔စ္ကုိင္ဇာဟာ ေဘာလုံးေလာကမွာ မရွိေတာ့ပါဘူး။ ဒါေပမဲ့ ေဘာလုံးေလာကမွာလည္း သူ႔လုိ ပေရာ္ဖက္ရွင္နယ္ပဲြတစ္ပဲြမွ မကစားဘဲ ႏွစ္ေပါင္း(၂၀)ေက်ာ္ က်င္လည္ခဲ့တဲ့သူဆုိတာ ေနာက္ထပ္ေပၚထြက္လာဖုိ႔မရွိေတာ့ဘူးလုိ႔ပဲ ဆုိရမွာျဖစ္ပါတယ္ . . . .

ကားလုိ႔စ္ကုိင္ဇာအေၾကာင္း႐ုိက္ကူးထားတဲ့ ႐ုပ္ရွင္ Trailer 

REF:The Sun
Photo:The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးပွဲတစ်ပွဲမှ မကစားဖူးခဲ့တဲ့ ဂန္ထဝင်ဘောလုံးသမားတစ်ဦးရဲ့ဘဝဇာတ်ကြောင်း

ခေါင်းစဉ်ကို ဖတ်ပြီး ပရိသတ်တွေ စိတ်ရှုပ်ထွေးသွားလား။ ဘောလုံးပွဲ တစ်ပွဲမှ မကစားဖူးဘဲနဲ့ ဂန္ထဝင်ဖြစ်ခဲ့တဲ့ ဘောလုံးသမားဆိုတာ ဘယ်လိုလုပ်ရှိနိုင်မှာလဲဆိုပြီး တွေးမိလိမ့်မယ်။ ဒါပေမဲ့ မယုံမရှိပါနဲ့၊ ဘောလုံးတစ်ပွဲမှ မကစားဘဲ ဘောလုံးဂန္ထဝင်အဖြစ် သတ်မှတ်ခံထားရသူတစ်ဦးရှိပါတယ်။ သူကတော့ ဘရာဇီးလ်ကစားသမားဟောင်း ကားလို့စ်ကိုင်ဇာ Carlos Kaiser ဆိုသူပါပဲ။ ဘာလုံးစွမ်းရည်က အရမ်းအကောင်းစားမဟုတ်၊ ပရော်ဖက်ရှင်နယ်ပွဲတွေလည်း တစ်ပွဲမှ မကစားဘဲ ဘောလုံးလောကမှ နှစ်ပေါင်း(၂၆)နှစ်ကြာ ကျင်လည်ခဲ့သူလည်းဖြစ်ပါတယ်။ သူ့နာမည်ရင်းက Carlos Henrique Raposo ပါ။ ဒါပေမဲ့ ဂျာမန်ဂန္ထဝင်ကြီး ဘက်ကင်ဘောင်ဝါ Beckenbauer ကို အားကျတဲ့အတွက် ဘက်ကင်ဘောင်ဝါရဲ့နာမည်ပြောင် “King Kaizer”(ဘုရင်ကြီးကိုင်ဇာ)ကို ယူပြီး ကားလို့စ်ကိုင်ဇာလို့ ငယ်ငယ်ကတည်းက ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

Carlos-Kaizer1

Carlos-Kaizer1

လက်ရှိအချိန်မှာ အသက်(၅၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကားလို့စ်ကိုင်ဇာဟာ ဘရာဇီးလ်ထိပ်သီးအသင်းတွေဖြစ်တဲ့ ဘိုတာဖိုဂို၊ ဖလူမင်နိစ်၊ ဖလာမင်ဂို၊ ဗာစကိုဒဂါးမားစတဲ့အသင်းတွေမှာ ကျင်လည်ခဲ့ဖူးပေမယ့် တစ်ပွဲမှ ပါဝင် မကစားခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ဒဏ်ရာရှိနေတယ်လို့ ဟန်ဆောင်အကြောင်းပြခဲ့ပြီး အသင်းတစ်သင်းကနေ နောက်တစ်သင်းကို ပြောင်းရွှေ့ကစားခဲ့လို့ပါပဲ။ အံ့အားသင့်စရာတော့ကောင်းတယ်။

For-26-years-Kaiser-bounced-from-club-to-club

For-26-years-Kaiser-bounced-from-club-to-club

ငယ်ဘဝတုန်းက ဘိုတာဖိုဂို၊ ဖလာမင်ဂိုလူငယ်အသင်းတွေမှာ ကစားခဲ့ပြီး လေ့ကျင့်ရေးကွင်းက သူ့ရဲ့ခြေစွမ်းကို သဘောကျလို့ မက္ကဆီကိုကလပ် Puebla အသင်းက ၁၉၇၉ ခုနှစ်မှာ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့တယ်။ ကားလို့စ်ကိုင်ဇာက ဘောလုံးသမားဖြစ်ချင်တယ်လို့ ကြွေးကြော်ပြီး ဘောလုံးလောကထဲဝင်လာခဲ့ပေမယ့် သူ့စကားတွေက အလိမ်အညာသက်သက်ပါ။ Puebla အသင်းမှာ တစ်ပွဲမှ မကစားခဲ့ရဘဲ အဲဒီနှစ်မှာပဲ ဘရာဇီးလ်ကို ပြန်ရောက်လာခဲ့တယ်။ ကားလို့စ်ကိုင်ဇာအတွက် ကံကောင်းတာက သူဟာ အဲဒီအချိန်က ဘရာဇီးလ်နာမည်ကျော်ဘောလုံးသမားတွေဖြစ်ကြတဲ့ ဘီဘတ်တို Bebeto၊ ကားလို့စ်အယ်လ်ဘာတို Carlos Alberto ၊ ရီကာဒိုရိုချာ Ricardo Rocha ၊ ရီနာတိုဂါအူချို Renato Gaúcho တို့နဲ့ ရင်းနှီးမှုရှိခဲ့တာကြောင့် အသင်းတစ်သင်းကို ပြောင်းရွှေ့ကစားလိုတဲ့အခါတိုင်း သူ့ကို အဲဒီကစားသမားတွေက ကူညီပေးခဲ့လို့ပါပဲ။

Kaiser-made-friends-in-the-game-including-Renato-Gaucho-right

Kaiser-made-friends-in-the-game-including-Renato-Gaucho-right

နာမည်ကျော်ဘောလုံးသမားတွေနဲ့ ရင်းနှီးခဲ့တာကလည်း အကြောင်းရှိတယ်။ ကားလို့စ်ကိုင်ဇာဟာ ဘောလုံးသာ မကစားတာ ပြင်ပလောကမှာ အပျော်အပါးနဲ့ပတ်သက်ပြီး တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သူ။ သူ့ရဲ့အသင်းဖော်တွေ ဘယ်နေရာမှာ ပျော်ချင်သလဲ၊ အပျံစားမိန်းကလေးတွေနဲ့ တွဲချင်လား ကားလို့စ်ကိုင်ဇာက စီစဉ်ပေးလိုက်တာပဲ။ ပရော်ဖက်ရှင်တစ်ပွဲမှ မကစားခဲ့ရပေမယ့် သူကစားခဲ့တဲ့ကလပ်တွေက ဘရာဇီးလ်ထိပ်သီးအသင်းတွေဖြစ်တဲ့အတွက် သူ့ရဲ့ CV က အလန်းစားဖြစ်နေလို့ ကလပ်အသင်းတွေကလည်း ယုံကြည်ပြီး ခေါ်ယူခဲ့ကြတယ်။ အဲဒီခေတ်အခါတုန်းကလည်း အခုလို အင်တာနက်တွေ၊ လူမှုကွန်ရက်စာမျက်နှာတွေ မရှိသေးတာကြောင့် ကားလို့စ်ကိုင်ဇာက ဘယ်လိုလူစားမျိုးလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။

An-ID-that-Kaiser-got-for-his-days-at-Ajaccio

An-ID-that-Kaiser-got-for-his-days-at-Ajaccio

နောက်ပြီး သူ့ဒဏ်ရာကို စမ်းသပ်စစ်ဆေးဖို့ကလည်း ဒီနေ့ခေတ်လို Scan ရိုက်တဲ့စက်တွေ မရှိသေးလို့ အဲဒီအားနည်းချက်ကို ကားလို့စ်ကိုင်ဇာက ကောင်းကောင်းအသုံးချတော့တာပါပဲ။ စတိဗ်ဂျော့ဘ် Steve Jobs က Apple ပစ္စည်းတွေကို ဈေးကွက်တွင်အောင် ရောင်းချနိုင်တာထက် ကားလို့စ်ကိုင်ဇာက Marketing ပိုကောင်းခဲ့ပြီး သူ့ရဲ့စကားလုံးတွေအောက်မှာ အသင်းတွေရဲ့ဥက္ကဌတွေလည်း မျောပါခဲ့ရတယ်။

Bebeto

Bebeto

ကားလို့စ်ကိုင်ဇာနဲ့ပတ်သက်ပြီး ၁၉၉၄ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးလ် နာမည်ကျော်ကစားသမားဟောင်း ဘီဘတ်တိုက အခုလိုမှတ်ချက်ပေးခဲ့တယ်။ “ကားလို့စ်ကိုင်ဇာက စကားပြောအတော်ကောင်းတဲ့လူဗျ။ သူ့စကားပြောတဲ့အခါ နားထောင်တဲ့သူက အလိုလိုကို သဘောတူပြီးသားဖြစ်သွားတာပဲ။ သူစကားလုံးတွေမှာ ခင်ဗျားမောျပါသွားပြီး ဘာမှကို မငြင်းနိုင်တော့တဲ့အထိပဲ”။

Kaiser-agrees-to-sign-on-the-dotted-line-for-rights-to-his-film-with-Markham-and-Myles

Kaiser-agrees-to-sign-on-the-dotted-line-for-rights-to-his-film-with-Markham-and-Myles

ကားလို့စ်ကိုင်ဇာဟာ ပရော်ဖက်ရှင်နယ်ပွဲ တစ်ပွဲမှ မကစားခဲ့ရပေမယ့် သူ့ရဲ့နောက်ခံဇာတ်ကြောင်းက ထူးဆန်းပြီး စိတ်ဝင်စားဖို့ကောင်းတာကြောင့် ဒါရိုက်တာတစ်ဦးဖြစ်သူ Louis Myles က ကားလို့စ်ကိုင်ဇာရဲ့ Biography ကို Documentary ပုံစံ ရိုက်ကူးခဲ့ပြီး အဲဒီကားကို Dr. Tom Markham နဲ့ Rob Fullam တို့က ထုတ်လုပ်သူအဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကလည်း ဆွဲဆောင်မှုအပြည့်ပါ။ Kaiser: The Greatest Footballer Never To Play Football တဲ့။ အဲဒီကားကို အခု ဇူလိုင်လ (၂၆)ရက်ကျရင် UK မှာ ရုံတင်ပြသွားမှာပါ။

Carlos-Kaizer

Carlos-Kaizer

အခုအချိန်မှာတော့ ကားလို့စ်ကိုင်ဇာဟာ ဘောလုံးလောကမှာ မရှိတော့ပါဘူး။ ဒါပေမဲ့ ဘောလုံးလောကမှာလည်း သူ့လို ပရော်ဖက်ရှင်နယ်ပွဲတစ်ပွဲမှ မကစားဘဲ နှစ်ပေါင်း(၂၀)ကျော် ကျင်လည်ခဲ့တဲ့သူဆိုတာ နောက်ထပ်ပေါ်ထွက်လာဖို့မရှိတော့ဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ် . . . .

ကားလို့စ်ကိုင်ဇာအကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင် Trailer 

REF:The Sun
Photo:The Sun
Naing Linn(Akhayar)
www.akhayar.com