[ZawGyi]










www.akhayar.com

[Unicode]

Kendall Jenner နဲ့ Gigi Hadid တို့ကို အပြတ်သတ်ကျော်တက်သွားတဲ့ တက်သစ်စ Model မလေး

Model လောကမှာ မသိသူမရှိ နာမည်ကြီးတဲ့ Fashion Queen တွေဆို Kendall Jenner,Gigi and Bella Hadid နဲ့ Cara Delevingne တို့ပဲ ဖြစ်မှာပါ။ ဒါပေမယ့် ထိပ်တန်းမော်ဒယ်လ် ၂ ယောက်ဖြစ်တဲ့ Kendall Jenner နဲ့ Gigi Hadid တို့ကို Instagram မှာ Like တွေ Engagementတွေ အပြတ်အသတ်ကျော်တက်သွားတဲ့ အသက် ၁၆ နှစ်အရွယ်မော်ဒယ်လ်မလေးတစ်ယောက် Fashion Industry မှာ ပေါ်ထွက်လာပါပြီ။

သူမရဲ့ နာမည်ကတော့ Kaia Gerber ဖြစ်ပြီး နာမည်ကျော် Super Model ကြီး Cindy Crawford ရဲ့ သမီးဖြစ်ပါတယ်။ သူမကလည်း ခေသူတော့မဟုတ်ပါဘူး။ အသက် ၁၃ နှစ်အရွယ်တည်းက IMG Models နဲ့ စာချုပ်ချုပ်ဆိုထားခဲ့သူဖြစ်ပြီး ဒီ လောကထဲ စတင်ဝင်ရောက်တည်းက တစ်လောကလုံးက Fashion Editors တွေနဲ့ တကယ့်ထိပ်တန်း Fashionists တွေရဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရသူပါ။ ဖက်ရှင်မော်ဒယ်လ်အဖြစ်နဲ့ Penshoppe လိုမျိုး Brand ကြီးတွေအပြင် အခြားသော နာမည်ကြီး Brand တွေကိုပါ ကိုယ်စားပြုတဲ့ Brand Model တစ်ယောက်လည်း ဖြစ်လို့နေပါပြီ။

သူမရဲ့ ပထမဆုံးပွဲဦးထွက်ရှိုးကတော့ မနှစ်က ကျင်းပခဲ့တာဖြစ်ပြီး Saint Laurent, Prada, Burberry နဲ့ Alexander Wang လိုပွဲမျိုးတွေရဲ့ Fashion Weeks တွေမှာ လွှမ်းမိုးခဲ့တဲ့သူပါ။ ဒါပေမယ့် နောက်ဆုံးထွက်ရှိတဲ့ သတင်းတွေအရ Social Media တွေထက်မှာ တခြားသူတွေထက် အထင်ရှားကြီး ထင်ရှားခဲ့တဲ့သူ ဖြစ်ပါတယ်။

ခု နောက်ဆုံး Instagram ပေါ်က Fashion အသားပေး Account တွေအားလုံးရဲ့ စာရင်းစစ်တမ်းအရ Engagement ကောင်းလွန်းတဲ့ Top Ten Model တွေရဲ့ စာရင်းကို ထုတ်ပြန်လိုက်တဲ့အခါ Follower 87.6 Million ရှိတဲ့ Kendall နဲ့ 38.5 Million ရှိတဲ့ Gigi တို့ထက် Follower 2.9 Million သာရှိတဲ့ Gerber ရဲ့ Account က ပုံတင်လိုက်တိုင်း ပရိသတ်တွေရဲ့ Like တွေ၊ comment တွေနဲ့ Engagement တအားကောင်းလွန်းနေပါတယ်။

Cindy Crawford ရဲ့ သွေးအပြည့်စီးဆင်းနေပြီး အသက် ၁၈ နှစ်အရွယ်လေးနဲ့ ထိပ်တန်းမော်ဒယ်လ်ကြီးတွေထက်တောင် ပရိသတ်အင်အားတောင့်နေခဲ့တဲ့ Gerber ဟာ နာမည်ကြီး Fashion Brand တွေဖြစ်တဲ့ Chanel၊ Valentino၊ Dior နဲ့ Celine တို့အတွက်လည်း Fashion Model လုပ်ပေးခဲ့ပါသေးတယ်။

သူမရဲ့ Instagram က Updated Post တွေကတော့ တကယ့် အောင်မြင်ပြီးသား model မမကြီးတွေတောင် မနာလိုစရာကောင်းလောက်အောင်ပါပဲ။ သူများနိုင်ငံမှာ အသက် ၁၈ နှစ်လေးနဲ့လည်း အောင်မြင်မှုတွေ ဆွတ်ခူးနိုင်တာ ချီးကျူးအားကျဖွယ် အံ့မခန်းစရာပါပဲ။

Fashion အကျဆုံး မိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်မှု၊ lifestyle တွေကိုလည်း တစ်နေရာတည်းမှာ ဝေဝေဆာဆာကြည့်ချင်တယ်ဆိုရင်တော့ Akhayar Lifestyle Instagram လေးကို Follow လုပ်ထားပြီး ဘယ်ပွဲလမ်းသဘင် ဘယ်နေရာအနေအထားနဲ့ ဘယ်လို Fashion မျိုးက အလိုက်ဖက်ဆုံးလဲဆိုတာ ဝင်လေ့လာလို့ရနေပြီနော်။ တစ်နေရာတည်းမှာဘဲ Fashion အကျဆုံး မိန်းကလေးတွေကို စုစည်းပေးထားတာမို့ Fashion Inspiration တစ်ခုအနေနဲ့ မိန်းကလေးတွေ သေချာပေါက် Followထားသင့်တာအမှန်ပဲနော်။

EiEiKhineMinn ( Akhayar )

www.akhayar.com