[Zawgyi]
ကျော်စိုးအောင် (အခရာ)
www.akhayar.com 
[Unicode]
လူ့ဘဝကို ဟန်ချက်ညီပြီး သာယာပျော်ရွှင်အောင် ဘယ်လိုနေထိုင်ရမလဲ
လူတစ်ယောက်ရဲ့ဘဝကို လူငယ်ဘဝ၊ လူလတ်ပိုင်းဘဝနဲ့ လူကြီးဘဝဆိုပြီး သုံးပိုင်းခွဲခြားနိုင်ပါတယ်။ ဒါ့ကြောင့် အောင်မြင်လိုတဲ့လူတွေဟာ လူငယ်ဘဝမှာ အကောင်းဆုံးကြိုးစားအားထုတ်ကြပါတယ်။ ဒါ့ကြောင့်သာ အားထုတ်မှုအသီးအပွင့်တွေဟာ ခံစားရမှာဖြစ်ပါတယ်။ ငယ်ရွယ်တုန်းမှာ ထိုက်တန်တဲ့ ငွေကြေးစုဆောင်းမှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပရဟိတလုပ်ငန်းတွေနဲ့ ဖြတ်သန်းမှသာ ပျော်ရွှင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်မှာပါ။
ဒါ့ကြောင့် အောင်မြင်ချင်တဲ့ လူငယ်တွေအနေနဲ့ ငွေကြေးစုဆောင်းမှုကို လုပ်ဆောင်ပြီး ဘဝရဲ့ပျော်စရာအချိန်တွေကို အလှူဒါနနဲ့ ပရဟိတလုပ်ငန်းတွေနဲ့ ကျော်ဖြတ်မှသာ သာယာပျော်ရွှင်စေမှာပါ။ တိုးတက်ချင်တဲ့ ဘဝခရီးလမ်းမှာ အလှူဒါနတွေကိုလည်း လုပ်ဆောင်ရင်း လှမ်းလျှောက်သွားရမယ့် အခြေအနေတစ်ခုကို ပြောပြချင်ပါတယ်။
တကယ်လို့ လူတစ်ယောက်က ပိုက်ဆံ (၅) သိန်းစုထားတယ်၊ သူ့ရဲ့ ဘဏ်စာရင်း လက်ကျန်ငွေထဲမှာ (၅) သိန်းကနေ (၁ဝ) သိန်းအထိ တိုးပွားလာရင် ဘယ်လိုဖြစ်လာမလဲ။ အဲဒီလို ပိုက်ဆံတွေ များလာရင် အလှူအတန်းတွေကိုလည်း ပိုလုပ်လာနိုင်ပြီ။ ခရီးတွေကိုလည်း ပိုထွက်လာနိုင်တာပေါ့။ ပိုက်ဆံတွေကို ပျော်ပျော်ပါးပါး သုံးရင်း ဘဝရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြတ်သန်းနိုင်ပြီလေ။
ငွေကြေးစုဆောင်းဖြစ်တဲ့ အလေ့အထကိုလုပ်ဆောင်ရင်း သင့်ရဲ့အပ်ငွေ ၂ဆ ရရှိနိုင်မယ့် ရိုးမဘဏ်ရဲ့ JZü account မှတစ်ဆင့် ရရှိနိုင်တယ်ဆိုတာကိုလည်း ပြောပြချင်ပါသေးတယ်။ JZü ဆိုတာကတော့ မြန်မာလို ကျေးဇူးလို့ အဓိပ္ပာယ်ရပါတယ်။ သူ့ရဲ့ အားသာချက်က တစ်နှစ်အတိုးနှုန်း (၃) ရာခိုင်နှုန်းကို နေ့စဉ်တွက်ချက်ပေးပြီး လစဉ်ထည့်ပေးသွားတာပါ။ ဒီထက်ထူးခြားတာက ကိုယ့်ရဲ့ စာရင်းထဲမှာ အပ်ငွေဟာ အနည်းဆုံး (၂) သိန်းရှိမယ်ဆိုရင် (၂) ဆရရှိနိုင်မယ့် ဆုရွေးချယ်မှုအစီအစဉ်မှာ လစဉ်ပါဝင်ခွင့်ရမှာပါ။ ဆိုလိုတဲ့သဘောက ဆုရတဲ့သူရဲ့ အနည်းဆုံးစာရင်းလက်ကျန်ငွေစာရင်းဟာ (၂) ဆ ဖြစ်လာပါမယ်။ ဥပမာ – စာရင်းရှိ ငွေလက်ကျန်က (၂) သိန်းဆိုရင် (၄) သိန်း ဖြစ်လာမှာဖြစ်ပြီး (၁၀) သိန်းဆိုရင် သိန်း (၂၀) ဖြစ်သွားမှာပါ။
ကိုယ့်အနေနဲ့ လက်ကျန်ငွေ (၄) သိန်းလောက်ရှိနေတုန်း ဆုရမယ်ဆိုရင်တော့ (၈) သိန်းအထိ ဖြစ်သွားမှာပါ။ အဲဒီလိုဆိုရင်တော့ ကလောမြို့ ထွက်မလား။ ပုဂံကို သွားမလား။ ဘားအံကို ခရီးဆက်မယ်လား။ ကြိုက်တဲ့နေရာကို သွားပေါ့။ JZü Account က ဆုတွေနဲ့ဆို ပျော်ပျော်ရွှင်ရွှင် သွားနိုင်ပြီလေ။ ပြီးတော့ ဆုရထားတဲ့ ပိုက်ဆံနဲ့ဆို မိဘမဲ့ကျောင်းတွေမှာပဲဖြစ်ဖြစ် ဘုန်းကြီးကျောင်းတွေမှာပဲဖြစ်ဖြစ် အလှူအတန်းတွေ ပေးနိုင်ပြီပေါ့။
JZü Account ကိုဖွင့်မယ်ဆိုရင် ရိုးမဘဏ်ရဲ့ SMART Account ရှိထားရမှာ ဖြစ်ပြီး အနည်းဆုံး ကျပ် (၂) သိန်းနဲ့ ဖွင့်နိုင်ပါတယ်။ စာရင်းအပ်ငွေအပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ ဆုရွေးချယ်မှုအစီအစဉ်အရ စာရင်းတစ်ခု/လူတစ်ယောက်ဟာ ကျပ် (၂,၀၀၀) သိန်းအထိ အများဆုံး ရရှိနိုင်ပါတယ်။ တစ်လအတွင်း အနည်းဆုံးအပ်ငွေစာရင်းလက်ကျန်ပမာဏဟာ ကျပ် (၃,ဝဝဝ) သိန်းရှိတဲ့သူကို ရွေးချယ်ခံရပါက အများဆုံးရရှိနိုင်တဲ့ ဆုငွေပမာဏကတော့ ငွေကျပ် (၂,၀၀၀) သိန်းပဲ ဖြစ်ပါတယ်။ ဒီလိုဆိုရင် စာရင်းလက်ကျန်ငွေက ကျပ် (၅,၀၀၀) သိန်းအထိ တိုးသွားမှာပါ။ JZü Account ကို နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲတိုင်းမှာ သွားရောက်ဖွင့်လှစ်နိုင်ပြီး စာရင်းဖွင့်လှစ်တဲ့ ပထမဆုံးလအတွက် (၁၆) ရက်နေ့ မတိုင်ခင် ဖွင့်လှစ်ဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် ကိုယ့်အနေနဲ့ တစ်နှစ်အတိုးနှုန်း (၃) ရာခိုင်နှုန်းကို ရရှိနိုင်ဖို့ လမကုန်ခင် ငွေအပ်နှံရမှာဖြစ်ပါတယ်။ JZü Account ကို ဖွင့်လှစ်ဖြစ်တာက ငွေကြေးစုဆောင်းဖြစ်တဲ့အပြင် ဆုငွေတွေလည်း ရရှိနိုင်ပါတယ်။ လူငယ်ဘဝမှာ ငွေကြေးစုဆောင်းဖြစ်တာက အသက်ကြီးလာတဲ့အခါ ငွေကြေးဖူလုံလာပြီး သက်သောင့်သက်သာ ဖြတ်သန်းနိုင်ပါတယ်။ ဒါ့ကြောင့် လူငယ်ဘဝမှာ ငွေကြေးစုဆောင်းတဲ့ အလေ့အထနဲ့ ဖြတ်သန်းမှသာ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေမှာ သာယာတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါလို့ ဆိုချင်ပါတော့တယ်။
ကျော်စိုးအောင် (အခရာ)
www.akhayar.com