[Zawgyi]

အိမ္ကြင္း ႐ႈံးပဲြေၾကာင့္ အုပ္စုကတက္ဖုိ႔ အမွားလုပ္လုိ႔မရေတာ့တဲ့ မန္ယူ

ခ်န္ပီယံလိဂ္ ပထမေန႔ပဲြစဥ္ေတြမွာ အေကာင္းဆုံးပဲြစဥ္ျဖစ္တဲ့ မန္ယူ-ဂ်ဴဗင္တပ္စ္ ပဲြမွာ ဂ်ဴဗင္တပ္စ္အသင္းက ဒီဘားလား Dybala ရဲ႕ တစ္လုံးတညး္ေသာ ဂုိးနဲ႔အႏုိင္ယူခဲ့ပါတယ္။ နယူးကာဆယ္၊ ခ်ယ္လ္ဆီးတို႔နဲ႔ပဲြမွာ အရႈံးကေန လုိက္ကစားၿပီး ႏုိင္ပဲြ၊ သေရပဲြေတြရယူခဲ့တဲ့ မန္ယူအသင္းဟာ ဒီပဲြမွာေတာ့ အဲဒီလုိ မစြမ္းေဆာင္ႏုိင္ခဲ့ဘဲ ႐ႈံးပဲြနဲ႔ ရင္ဆုိင္ခဲ့ရတယ္။ မန္ယူအသင္းရဲ႕ ေျခစြမ္းက ထုံးစံအတိုင္း အားရစရာမရိွခဲ့ဘဲ လင္ဒီေလာ့ဖ္ Lindelöf ၊ ဒီဂီယာ David de Gea တို႔က လဲြၿပီး က်န္တဲ့ကစားသမားေတြရဲ႕ ေျခစြမ္းက သာမန္ထက္ မပုိခဲ့ဘူး။ ရပ္ရွ္ဖုိ႔ဒ္ Rashford ဟာ ညာျခမ္းမွာ လူပုိတစ္ေယာက္လုိျဖစ္ေနၿပီး ၿပီးခဲ့တဲ့(၂)ပဲြတုန္းက ေျခစြမ္းျပခဲ့တဲ့ မာစီယဲလ္ Martial ကလည္း ဒီေန႔ပဲြမွာ အလုပ္မျဖစ္ခဲ့ဘူး။

De-Gea-Saves

De-Gea-Saves

ဂ်ဴဗင္တပ္စ္အသငး္ကေတာ့ အေ၀းကြင္းျဖစ္ေပမယ့္ တည္ၿငိမ္တဲ့ ေျခစြမ္းျပသခဲ့ၿပီး အဓိက ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ဂုိးမသြင္းႏုိင္ခဲ့ေပမယ့္ အသင္းေဟာင္းဘက္ကုိ အေကာင္းဆုံး ဒုကၡေပးႏုိင္ခဲ့တယ္။ ပထမပုိင္းကတည္းက ဂ်ဴဗင္တပ္စ္အသင္း အခြင့္အေရးေတြ အမ်ားႀကီးရခ့ဲၿပီး ဒီဂီယာသာ မကာကြယ္ႏုိင္ခဲ့ရင္ အခုထက္ပုိဂုိးျပတ္မယ့္ အေနအထားပဲ။ ခ်ီးက်ဴးရမွာက အရင္တုန္းက အမွားေတြ မ်ားခဲ့လုိ႔ ေ၀ဖန္ခံခဲ့ရတဲ့ လင္ဒီေလာ့ဖ္ အခုေနာက္ပုိင္းပဲြေတြမွာ ပုံစံေကာင္း ျပသႏုိင္ခဲ့တာပဲျဖစ္ပါတယ္။ (၁၇)မိနစ္မွာ ဂ်ဴဗင္တပ္စ္အသင္း အဖြင့္ဂုိးရခဲ့ၿပီး ဒီဘားလားက အပုိင္ကန္သြင္းခဲ့တာပါ။

Cristiano-Ronaldo-and-Dybala

Cristiano-Ronaldo-and-Dybala

မန္ယူအသင္းကေတာ့ မယ္မယ္ရရ အခြင့္အေရး မရခဲ့ဘဲ ေပါ့ဘာ Pogba ကန္တဲ့တစ္လုံးသာ ဂ်ဴဗင္တပ္စ္ဂုိးေပါက္ကုိ ႀကီးႀကီးမားမား ၿခိမ္းေျခာက္ႏုိင္ခဲ့တယ္။ မန္ယူအသင္းဟာ ၿပိဳင္ပဲြစုံ အိမ္ကြင္းေနာက္ဆုံး(၁၃)ပဲြမွာ (၄)ပဲြေျမာက္ ႐ႈံးပဲြနဲ႔ ရင္ဆုိင္ခဲ့ဲရၿပီး နည္းျပေမာ္ရင္ဟုိ Mourinho ဟာလည္း ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈနဲ႔ ရင္ဆုိင္ခဲ့ရတယ္။ တျခားပဲြစဥ္မွာ ဗလင္စီယာအသင္းဟာ ယန္းဘြိဳင္းစ္နဲ႔ သေရက်ခ့ဲလုိ႔ မန္ယူ ကံေကာင္းခဲ့တာျဖစ္ၿပီး အုပ္စုက တက္ဖုိ႔ဆုိရင္ ေနာက္ထပ္ အမွားလုပ္လုိ႔ မရေတာ့ပါဘူး။

အဂၤါေန႔ ခ်န္ပီယံလိဂ္ပဲြစဥ္ ရလဒ္မ်ား
AEK Athens 0 – 2 FC Bayern München
Ajax 1 – 0 Benfica
Hoffenheim 3 – 3 Lyon
Shakhtar Donetsk 0 – 3 Manchester City
Real Madrid 2 – 1 Viktoria Plzen
Roma 3 – 0 CSKA Moscow
Young Boys 1 – 1 Valencia
Manchester United 0 – 1 Juventus

Photo:Telegraph,Guardian
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အိမ်ကွင်း ရှုံးပွဲကြောင့် အုပ်စုကတက်ဖို့ အမှားလုပ်လို့မရတော့တဲ့ မန်ယူ

ချန်ပီယံလိဂ် ပထမနေ့ပွဲစဉ်တွေမှာ အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ မန်ယူ-ဂျူဗင်တပ်စ် ပွဲမှာ ဂျူဗင်တပ်စ်အသင်းက ဒီဘားလား Dybala ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့အနိုင်ယူခဲ့ပါတယ်။ နယူးကာဆယ်၊ ချယ်လ်ဆီးတို့နဲ့ပွဲမှာ အရှုံးကနေ လိုက်ကစားပြီး နိုင်ပွဲ၊ သရေပွဲတွေရယူခဲ့တဲ့ မန်ယူအသင်းဟာ ဒီပွဲမှာတော့ အဲဒီလို မစွမ်းဆောင်နိုင်ခဲ့ဘဲ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတယ်။ မန်ယူအသင်းရဲ့ ခြေစွမ်းက ထုံးစံအတိုင်း အားရစရာမရှိခဲ့ဘဲ လင်ဒီလော့ဖ် Lindelöf ၊ ဒီဂီယာ David de Gea တို့က လွဲပြီး ကျန်တဲ့ကစားသမားတွေရဲ့ ခြေစွမ်းက သာမန်ထက် မပိုခဲ့ဘူး။ ရပ်ရှ်ဖို့ဒ် Rashford ဟာ ညာခြမ်းမှာ လူပိုတစ်ယောက်လိုဖြစ်နေပြီး ပြီးခဲ့တဲ့(၂)ပွဲတုန်းက ခြေစွမ်းပြခဲ့တဲ့ မာစီယဲလ် Martial ကလည်း ဒီနေ့ပွဲမှာ အလုပ်မဖြစ်ခဲ့ဘူး။

De-Gea-Saves

De-Gea-Saves

ဂျူဗင်တပ်စ်အသင်းကတော့ အဝေးကွင်းဖြစ်ပေမယ့် တည်ငြိမ်တဲ့ ခြေစွမ်းပြသခဲ့ပြီး အဓိက ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အသင်းဟောင်းဘက်ကို အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့တယ်။ ပထမပိုင်းကတည်းက ဂျူဗင်တပ်စ်အသင်း အခွင့်အရေးတွေ အများကြီးရခဲ့ပြီး ဒီဂီယာသာ မကာကွယ်နိုင်ခဲ့ရင် အခုထက်ပိုဂိုးပြတ်မယ့် အနေအထားပဲ။ ချီးကျူးရမှာက အရင်တုန်းက အမှားတွေ များခဲ့လို့ ဝေဖန်ခံခဲ့ရတဲ့ လင်ဒီလော့ဖ် အခုနောက်ပိုင်းပွဲတွေမှာ ပုံစံကောင်း ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။ (၁၇)မိနစ်မှာ ဂျူဗင်တပ်စ်အသင်း အဖွင့်ဂိုးရခဲ့ပြီး ဒီဘားလားက အပိုင်ကန်သွင်းခဲ့တာပါ။

Cristiano-Ronaldo-and-Dybala

Cristiano-Ronaldo-and-Dybala

မန်ယူအသင်းကတော့ မယ်မယ်ရရ အခွင့်အရေး မရခဲ့ဘဲ ပေါ့ဘာ Pogba ကန်တဲ့တစ်လုံးသာ ဂျူဗင်တပ်စ်ဂိုးပေါက်ကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်ခဲ့တယ်။ မန်ယူအသင်းဟာ ပြိုင်ပွဲစုံ အိမ်ကွင်းနောက်ဆုံး(၁၃)ပွဲမှာ (၄)ပွဲမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ဲရပြီး နည်းပြမော်ရင်ဟို Mourinho ဟာလည်း ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်။ တခြားပွဲစဉ်မှာ ဗလင်စီယာအသင်းဟာ ယန်းဘွိုင်းစ်နဲ့ သရေကျခဲ့လို့ မန်ယူ ကံကောင်းခဲ့တာဖြစ်ပြီး အုပ်စုက တက်ဖို့ဆိုရင် နောက်ထပ် အမှားလုပ်လို့ မရတော့ပါဘူး။

အင်္ဂါနေ့ ချန်ပီယံလိဂ်ပွဲစဉ် ရလဒ်များ
AEK Athens 0 – 2 FC Bayern München
Ajax 1 – 0 Benfica
Hoffenheim 3 – 3 Lyon
Shakhtar Donetsk 0 – 3 Manchester City
Real Madrid 2 – 1 Viktoria Plzen
Roma 3 – 0 CSKA Moscow
Young Boys 1 – 1 Valencia
Manchester United 0 – 1 Juventus

Photo:Telegraph,Guardian
Naing Linn(Akhayar)
www.akhayar.com