[Zawgyi]

ဒီရာသီ ပထမဆုံးဆုဖလားအတြက္ အၿပိဳင္ႀကိဳးပမ္းရမယ့္ ဂ်ဴဗင္တပ္စ္နဲ႔ ေအစီမီလန္

ကုိပါအီတာလီယာဖလားဗုိလ္လုပဲြ (ၾကာသပေတး နံနက္ ၁း၃၀)

စီးရီးေအ ထိပ္သီးႏွစ္သင္းျဖစ္တဲ့ ဂ်ဴဗင္တပ္စ္နဲ႔ ေအစီမီလန္အသင္းတို႔ဟာ ဒီရာသီ ပထမဆုံး ဆုဖလားအတြက္ ထိပ္တုိက္ေတြ႕ၾကပါၿပီ။ ဂ်ဴဗင္တပ္စ္အသင္းဟာ စီးရီးေအဖလားရဖုိ႔ ေသခ်ာသေလာက္ျဖစ္ေနၿပီး ဒီရာသီမွာ ျပည္တြင္းဖလား(၂)ခုကုိ သိမ္းပုိက္ႏုိင္မလား ေစာင့္ၾကည့္ရမယ္။ ေအစီမီလန္အသင္းကေတာ့ ၂၀၁၆ ခုႏွစ္က အီတလီစူပါဖလားကုိ ရယူခဲ့ၿပီးေနာက္ပုိင္း ဆုဖလားေတြနဲ႔ ေ၀းကြာေနတဲ့အျပင္ ၂၀၁၁ မွာ စီးရီးေအဖလား ရယူခဲ့ၿပီးတဲ့ေနာက္ အဓိက ဆုဖလားမရခဲ့ဘူး။ မွတ္မွတ္ရရေျပာရရင္ ေအစီမီလန္အသင္းကုိ ေနာက္ ဆုံးအႀကိမ္ စီးရီးေအခ်န္ပီယံဆုဖလားရယူေပးခဲ့တာက အခုဂ်ဴဗင္တပ္စ္နည္းျပ အယ္လီဂရီ Allegri ျဖစ္ ေနၿပီး အသင္းေဟာင္းနဲ႔ ျပန္ရင္ဆုိင္ရမွာပါ။ ေအစီမီလန္အသင္းအေနနဲ႔ ေနာက္ရာသီ ယူ႐ုိပါလိဂ္၀င္ခြင့္ရဖုိ႔ ဖိအားေတြရွိေနလုိ႔ ကုိပါအီတာလီယာဖလားကုိ ရယူႏုိင္ခဲ့မယ္ဆုိရင္ ယူ႐ုိပါလိဂ္အုပ္စုအဆင့္ကုိ တုိက္႐ုိက္ ၀င္ခြင့္ရမွာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းကေတာ့ အခုေနာက္ပုိင္းႏွစ္ေတြမွာ အီတလီ ေဘာလုံးေလာကကုိ စုိးမုိးထားႏုိင္တဲ့အသင္းျဖစ္သလုိ ျပည္တြင္းဆုဖလားေတြကုိလည္း ဆက္တိုက္ရယူေနတဲ့အသငး္ပါ။ ဒါေၾကာင့္ စီးရီးေအထိပ္သီးႏွစ္သင္းဆုံေတြ႕တဲ့ ဒီဗုိလ္လုပဲြမွာ ဘယ္အသင္းက ဗုိလ္အျဖစ္ ေအာင္ပဲြခံႏုိင္မလဲဆုိတာ စိတ္၀င္စားစရာပါပဲ။

ဒဏ္ရာႏွင့္ပဲြပယ္ျပႆနာ

ဂ်ဴဗင္တပ္စ္အသင္းမွာ ဒဏ္ရာျပႆနာနဲ႔ ရင္ဆုိင္ေနရတယ္။ ကြင္းလယ္လူ စတူအာ႐ုိ Sturaro၊ ေနာက္ခံ လူေတြျဖစ္တဲ့ ဟုိ၀ီဒက္စ္ Höwedes၊ တိုက္စစ္မွဴး မန္ဇူကစ္ Mandzukic တို႔အားလုံး ဒဏ္ရာျပႆနာရွိေန ေပမယ့္ ဟုိ၀ီဒက္စ္ကလဲြၿပီး က်န္တဲ့ကစားသမားေတြ ဒီပဲြမွာ ပါ၀င္ကစားႏုိင္ေျခရွိတယ္လုိ႔ သတင္းထြက္ေန တယ္။ ဒါေပမဲ့ အဓိကေနာက္ခံလူ ခ်ီလီနီ Chiellini ကေတာ့ ပဲြပယ္ျပစ္ဒဏ္ေၾကာင့္ ဒီပဲြကုိ လဲြေခ်ာ္မွာပါ။ ေအစီမီလန္အသင္းမွာ ေနာက္ခံလူ အန္ဒေရကြန္တီ Andrea Conti ဒူးဒဏ္ရာရွိေနလုိ႔ ပါ၀င္ႏုိင္မွာ မဟုတ္ဘဲ ေနာက္ေက်ာဒဏ္ရာကေန ျပန္သက္သာလာတဲ့ ဘီဂလီယာ Biglia အေနနဲ႔ ဒီပဲြမွာ ပါ၀င္ႏုိင္ဖုိ႔ေတာ့ ရွိၿပီး ပဲြပယ္ျပႆနာေတာ့ မရွိပါဘူး။

Argentine-Striker-Dybala-Strikes-For-Juventus-

Argentine-Striker-Dybala-Strikes-For-Juventus-

သုံးသပ္ခ်က္

ဂ်ဴဗင္တပ္စ္နဲ႔ ေအစီမီလန္အသင္းတို႔ဟာ ဒီရာသီ စီးရီးေအၿပိဳင္ပဲြမွာ ႏွစ္ေက်ာ႔စလုံး ဆုံေတြ႕ခဲ့ၿပီးသားျဖစ္ၿပီး ဂ်ဴဗင္တပ္စ္က အေ၀းကြင္းမွာ (၂-၀)ဂုိး၊ အိမ္ကြင္းမွာ (၃-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။ အရင္တုန္းက ေအစီမီလန္ဆုိတာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ေအာင္ျမင္မႈ၊ အဆင့္အတန္း ကြာဟခ်က္မရွိေပမယ့္လည္း ဒီေနာက္ပုိင္းမွာေတာ့ အသင္းက အႏုတ္လကၡဏာျပလာၿပီး ဂ်ဴဗင္တပ္စ္အသင္းကုိ ရင္ေဘာင္တန္းႏုိင္စြမ္း မရွိေတာ့ဘူး။ နည္းျပခ်င္းယွဥ္ရင္လည္း အယ္လီဂရီနဲ႔ ဂတ္တူဆုိ Gattuso တို႔က အရည္အေသြးပုိင္း ကြာဟခ်က္ ႀကီမားလြန္းပါတယ္။ ဂတ္တူဆုိ လက္ထက္မွာ ေအစီမီလန္က ႐ုိလာကုိစတာအသင္းလုိျဖစ္ေနၿပီး အနိမ့္ အျမင့္အတက္အက် မ်ားလြန္းတယ္။ ေအစီမီလန္ နည္းျပဘ၀အစမွာ (၅)ပဲြဆက္အႏုိင္နဲ႔ ပ်ားရည္ဆမ္းခရီး ျဖစ္ခဲ့ေပမယ့္ အာဆင္နယ္ကုိ ႐ႈံးၿပီး ယူ႐ုိပါလိဂ္က ထြက္ခဲ့ရတဲ့ေနာက္ပုိင္း (၆)ပဲြဆက္ ႏုိင္ပဲြေပ်ာက္ခဲ့သလုိ အခုအခ်ိန္မွာ ေနာက္ဆုံး(၂)ပဲြဆက္ႏုိင္ၿပီး ရလဒ္ေတြ ျပန္ေကာင္းေနျပန္ပါၿပီ။ ဂ်ဴဗင္တပ္စ္အသင္းကေတာ့ ပုံမွန္ေျခစြမ္းအတိုင္း ေရွ႕ဆက္ေနတာျဖစ္ပါတယ္။ ဒီႏွစ္သင္းဟာ ၂၀၁၆ ခုႏွစ္တုန္းက အီတလီစူပါဖလားပဲြအျဖစ္ ဆုံေတြ႕ခဲ့ၾကၿပီး ေအစီမီလန္အသင္းက ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏုိင္ရဗုိလ္စဲြခဲ့ဖူးတယ္။ ေအစီမီလန္အသင္း ေျချပန္မွန္လာၿပီျဖစ္ေပမယ့္ ဂ်ဴဗင္တပ္စ္အသင္းက ပုိၿပီး consistency ျဖစ္ပါတယ္။ လက္ရွိအေနအထားအရလည္း ဂ်ဴဗင္တပ္စ္အသင္းကုိ ေအစီမီလန္ ယွဥ္ႏုိင္ဖုိ႔ဆုိတာ သိပ္ေတာ့ မျဖစ္ႏုိင္ေလာက္ဘူး။ အတိုင္းအတာတစ္ခုအထိ ဂ်ဴဗင္တပ္စ္ကို ေအစီမီလန္ ဒုကၡေပးႏုိင္ေပမယ့္ အႏုိင္ရဖုိ႔ မျဖစ္ႏုိင္ ဘူးထင္တာေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္းပဲ ဗုိလ္စဲြသြားမွာပါ။

ဂ်ဴဗင္တပ္စ္ – ေအစီမီလန္ပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မ်ား

– ဂ်ဴဗင္တပ္စ္အသင္းဟာ ကုိပါအီတာလီယာဖလားၿပိဳင္ပဲြမွာ (၃)ႏွစ္ဆက္ (၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇)ဗုိလ္စဲြခဲ့ၿပီး ၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ (၁၂)ႀကိမ္အထိ ဗုိလ္စဲြခဲ့တယ္။
– ေအစီမီလန္အသငး္က ကုိပါအီတာလီယာဖလားကုိ ၂၀၀၃ ခုႏွစ္က ေနာက္ဆုံးအႀကိမ္ဆြတ္ခူးခဲ့ၿပီး စုစုေပါင္း (၅)ႀကိမ္ ဗုိလ္စဲြခဲ့ဖူးပါတယ္။
– ေအစီမီလန္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔ဟာ ကုိပါအီတာလီယာဖလားဗုိလ္လုပဲြမွာ (၅)ႀကိမ္ေျမာက္ ဆုံေတြ႕ တာျဖစ္ၿပီး အရင္(၄)ႀကိမ္တုန္းက ဂ်ဴဗင္တပ္စ္က (၃)ႀကိမ္ႏုိင္၊ ေအစီမီလန္က(၁)ႀကိမ္သာ ႏုိင္ခဲ့တယ္။
– ကုိပါအီတာလီယာဖလားဗုိလ္လုပဲြမွာ ၂၀၁၆ ေနာက္ဆုံးဆုံေတြ႕ခဲ့တဲ့ပဲြတုန္းက ဂ်ဴဗင္တပ္စ္က အခ်ိန္ပုိ အႏုိင္ဂုိးနဲ႔ အႏုိင္ရခဲ့ပါတယ္။

အေလးေပးမႈ
ဂ်ဴဗင္တပ္စ္ႏုိင္ – ၄ ေလး/၅ေလး
ေအစီမီလန္ ႏုိင္ – ၁၅ ေလး / ၄ ေလး

ျဖစ္ႏုိင္ဖြယ္ရလဒ္ – ဂ်ဴဗင္တပ္စ္ ၃-၁ ေအစီမီလန္

Naing Linn(Akhayar)
Photo:Bola.net,iworldcup2018.com
www.akhayar.com

 

[Unicode]

ဒီရာသီ ပထမဆုံးဆုဖလားအတွက် အပြိုင်ကြိုးပမ်းရမယ့် ဂျူဗင်တပ်စ်နဲ့ အေစီမီလန်

ကိုပါအီတာလီယာဖလားဗိုလ်လုပွဲ (ကြာသပတေး နံနက် ၁း၃၀)

စီးရီးအေ ထိပ်သီးနှစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်စ်နဲ့ အေစီမီလန်အသင်းတို့ဟာ ဒီရာသီ ပထမဆုံး ဆုဖလားအတွက် ထိပ်တိုက်တွေ့ကြပါပြီ။ ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေဖလားရဖို့ သေချာသလောက်ဖြစ်နေပြီး ဒီရာသီမှာ ပြည်တွင်းဖလား(၂)ခုကို သိမ်းပိုက်နိုင်မလား စောင့်ကြည့်ရမယ်။ အေစီမီလန်အသင်းကတော့ ၂၀၁၆ ခုနှစ်က အီတလီစူပါဖလားကို ရယူခဲ့ပြီးနောက်ပိုင်း ဆုဖလားတွေနဲ့ ဝေးကွာနေတဲ့အပြင် ၂၀၁၁ မှာ စီးရီးအေဖလား ရယူခဲ့ပြီးတဲ့နောက် အဓိက ဆုဖလားမရခဲ့ဘူး။ မှတ်မှတ်ရရပြောရရင် အေစီမီလန်အသင်းကို နောက် ဆုံးအကြိမ် စီးရီးအေချန်ပီယံဆုဖလားရယူပေးခဲ့တာက အခုဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီ Allegri ဖြစ် နေပြီး အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမှာပါ။ အေစီမီလန်အသင်းအနေနဲ့ နောက်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ရဖို့ ဖိအားတွေရှိနေလို့ ကိုပါအီတာလီယာဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် ယူရိုပါလိဂ်အုပ်စုအဆင့်ကို တိုက်ရိုက် ဝင်ခွင့်ရမှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းကတော့ အခုနောက်ပိုင်းနှစ်တွေမှာ အီတလီ ဘောလုံးလောကကို စိုးမိုးထားနိုင်တဲ့အသင်းဖြစ်သလို ပြည်တွင်းဆုဖလားတွေကိုလည်း ဆက်တိုက်ရယူနေတဲ့အသင်းပါ။ ဒါကြောင့် စီးရီးအေထိပ်သီးနှစ်သင်းဆုံတွေ့တဲ့ ဒီဗိုလ်လုပွဲမှာ ဘယ်အသင်းက ဗိုလ်အဖြစ် အောင်ပွဲခံနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

ဒဏ်ရာနှင့်ပွဲပယ်ပြဿနာ

ဂျူဗင်တပ်စ်အသင်းမှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတယ်။ ကွင်းလယ်လူ စတူအာရို Sturaro၊ နောက်ခံ လူတွေဖြစ်တဲ့ ဟိုဝီဒက်စ် Höwedes၊ တိုက်စစ်မှူး မန်ဇူကစ် Mandzukic တို့အားလုံး ဒဏ်ရာပြဿနာရှိနေ ပေမယ့် ဟိုဝီဒက်စ်ကလွဲပြီး ကျန်တဲ့ကစားသမားတွေ ဒီပွဲမှာ ပါဝင်ကစားနိုင်ခြေရှိတယ်လို့ သတင်းထွက်နေ တယ်။ ဒါပေမဲ့ အဓိကနောက်ခံလူ ချီလီနီ Chiellini ကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီပွဲကို လွဲချော်မှာပါ။ အေစီမီလန်အသင်းမှာ နောက်ခံလူ အန်ဒရေကွန်တီ Andrea Conti ဒူးဒဏ်ရာရှိနေလို့ ပါဝင်နိုင်မှာ မဟုတ်ဘဲ နောက်ကျောဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ဘီဂလီယာ Biglia အနေနဲ့ ဒီပွဲမှာ ပါဝင်နိုင်ဖို့တော့ ရှိပြီး ပွဲပယ်ပြဿနာတော့ မရှိပါဘူး။

Argentine-Striker-Dybala-Strikes-For-Juventus-

Argentine-Striker-Dybala-Strikes-For-Juventus-

သုံးသပ်ချက်

ဂျူဗင်တပ်စ်နဲ့ အေစီမီလန်အသင်းတို့ဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ နှစ်ကျော့စလုံး ဆုံတွေ့ခဲ့ပြီးသားဖြစ်ပြီး ဂျူဗင်တပ်စ်က အဝေးကွင်းမှာ (၂-ဝ)ဂိုး၊ အိမ်ကွင်းမှာ (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ အရင်တုန်းက အေစီမီလန်ဆိုတာ ဂျူဗင်တပ်စ်အသင်းနဲ့ အောင်မြင်မှု၊ အဆင့်အတန်း ကွာဟချက်မရှိပေမယ့်လည်း ဒီနောက်ပိုင်းမှာတော့ အသင်းက အနုတ်လက္ခဏာပြလာပြီး ဂျူဗင်တပ်စ်အသင်းကို ရင်ဘောင်တန်းနိုင်စွမ်း မရှိတော့ဘူး။ နည်းပြချင်းယှဉ်ရင်လည်း အယ်လီဂရီနဲ့ ဂတ်တူဆို Gattuso တို့က အရည်အသွေးပိုင်း ကွာဟချက် ကြီမားလွန်းပါတယ်။ ဂတ်တူဆို လက်ထက်မှာ အေစီမီလန်က ရိုလာကိုစတာအသင်းလိုဖြစ်နေပြီး အနိမ့် အမြင့်အတက်အကျ များလွန်းတယ်။ အေစီမီလန် နည်းပြဘဝအစမှာ (၅)ပွဲဆက်အနိုင်နဲ့ ပျားရည်ဆမ်းခရီး ဖြစ်ခဲ့ပေမယ့် အာဆင်နယ်ကို ရှုံးပြီး ယူရိုပါလိဂ်က ထွက်ခဲ့ရတဲ့နောက်ပိုင်း (၆)ပွဲဆက် နိုင်ပွဲပျောက်ခဲ့သလို အခုအချိန်မှာ နောက်ဆုံး(၂)ပွဲဆက်နိုင်ပြီး ရလဒ်တွေ ပြန်ကောင်းနေပြန်ပါပြီ။ ဂျူဗင်တပ်စ်အသင်းကတော့ ပုံမှန်ခြေစွမ်းအတိုင်း ရှေ့ဆက်နေတာဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ၂၀၁၆ ခုနှစ်တုန်းက အီတလီစူပါဖလားပွဲအဖြစ် ဆုံတွေ့ခဲ့ကြပြီး အေစီမီလန်အသင်းက ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရဗိုလ်စွဲခဲ့ဖူးတယ်။ အေစီမီလန်အသင်း ခြေပြန်မှန်လာပြီဖြစ်ပေမယ့် ဂျူဗင်တပ်စ်အသင်းက ပိုပြီး consistency ဖြစ်ပါတယ်။ လက်ရှိအနေအထားအရလည်း ဂျူဗင်တပ်စ်အသင်းကို အေစီမီလန် ယှဉ်နိုင်ဖို့ဆိုတာ သိပ်တော့ မဖြစ်နိုင်လောက်ဘူး။ အတိုင်းအတာတစ်ခုအထိ ဂျူဗင်တပ်စ်ကို အေစီမီလန် ဒုက္ခပေးနိုင်ပေမယ့် အနိုင်ရဖို့ မဖြစ်နိုင် ဘူးထင်တာကြောင့် ဂျူဗင်တပ်စ်အသင်းပဲ ဗိုလ်စွဲသွားမှာပါ။

ဂျူဗင်တပ်စ် – အေစီမီလန်ပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်များ

– ဂျူဗင်တပ်စ်အသင်းဟာ ကိုပါအီတာလီယာဖလားပြိုင်ပွဲမှာ (၃)နှစ်ဆက် (၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇)ဗိုလ်စွဲခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် (၁၂)ကြိမ်အထိ ဗိုလ်စွဲခဲ့တယ်။
– အေစီမီလန်အသင်းက ကိုပါအီတာလီယာဖလားကို ၂၀၀၃ ခုနှစ်က နောက်ဆုံးအကြိမ်ဆွတ်ခူးခဲ့ပြီး စုစုပေါင်း (၅)ကြိမ် ဗိုလ်စွဲခဲ့ဖူးပါတယ်။
– အေစီမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ဟာ ကိုပါအီတာလီယာဖလားဗိုလ်လုပွဲမှာ (၅)ကြိမ်မြောက် ဆုံတွေ့ တာဖြစ်ပြီး အရင်(၄)ကြိမ်တုန်းက ဂျူဗင်တပ်စ်က (၃)ကြိမ်နိုင်၊ အေစီမီလန်က(၁)ကြိမ်သာ နိုင်ခဲ့တယ်။
– ကိုပါအီတာလီယာဖလားဗိုလ်လုပွဲမှာ ၂၀၁၆ နောက်ဆုံးဆုံတွေ့ခဲ့တဲ့ပွဲတုန်းက ဂျူဗင်တပ်စ်က အချိန်ပို အနိုင်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အလေးပေးမှု
ဂျူဗင်တပ်စ်နိုင် – ၄ လေး/၅လေး
အေစီမီလန် နိုင် – ၁၅ လေး / ၄ လေး

ဖြစ်နိုင်ဖွယ်ရလဒ် – ဂျူဗင်တပ်စ် ၃-၁ အေစီမီလန်

Naing Linn(Akhayar)
Photo:Bola.net,iworldcup2018.com
www.akhayar.com