[Zawgyi]
Juventus-merchandise-
Juventus-merchandise-
ဗြိတိန်နာမည်ကျော် The Guardian ရဲ့ဖော်ပြချက်အရ စီရော်နယ်လ်ဒိုရဲ့နံပါတ်(၇)အင်္ကျီတွေကို ဈေးကွက်အတွင်း စတင်ဖြန့်ဖြူးပြီး (၂၄)နာရီအတွင်းမှာပဲ အင်္ကျီအထည်ပေါင်း(၅၂၀၀၀၀)အထိ ရောင်းချခဲ့ရတယ်လို့ သိရတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ၂၀၁၆-၁၇ ရာသီတုန်းက တစ်ရာသီလုံးမှာ အင်္ကျီစုစုပေါင်း (၈၅၀၀၀၀) အထိ ရောင်းချခဲ့ရပြီး အခု စီရော်နယ်လ်ဒိုရဲ့အင်္ကျီရောင်းအားက လာမယ့်ရာသီမစခင်မှာပဲ အဲဒီပမာဏကို ကျော်ဖြတ်နိုင်ဖို့ များနေပြီ။
စီးပွားရေးသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Business Insider က အခုလောလောဆယ် စီရော်နယ်လ်ဒိုရဲ့အင်္ကျီတွေဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ (၆၂.၄)သန်းအထိရောင်းချခဲ့ရပြီး အဲဒီပမာဏက စီရော်နယ်လ်ဒိုအတွက် ပေးချေခဲ့ရတဲ့ပြောင်းရွှေ့ကြေး အမေရိကန်ဒေါ်လာ(၁၂၉.၃)သန်းထက်ဝက်နီးပါးအထိ ရှိနေပြီလို့ ဆိုခဲ့တယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်အသင်းက စီရော်နယ်လ်ဒိုအင်္ကျီရောင်းချရတဲ့ဝင်ငွေတွေကို အပြည့်အ၀ရရှိမှာမဟုတ်ဘဲ သူတို့ရဲ့ အင်္ကျီစပွန်ဆာကုမ္ပဏီ Adidas နဲ့စာချုပ်အရ အဲဒီဝင်ငွေထဲက (၁၀)ရာခိုင်နှုန်းကနေ (၁၅)ရာခိုင်နှုန်းအကြား ရရှိမှာဖြစ်လို့ အမေရိကန်ဒေါ်လာ(၆)သန်းနဲ့(၉)သန်းအကြား ရရှိမှာပါ။
စီရော်နယ်လ်ဒိုရဲ့ အင်္ကျီတွေ အခုလောက်အထိ ရောင်းအားကောင်းနေလို့ ဈေးပေါတယ်လို့တော့ မထင်လိုက်ပါနဲ့။ ကလေးဝတ်အင်္ကျီတစ်ထည်ရဲ့ ပျမ်းမျှတန်ဖိုးက အမေရိကန်ဒေါ်လာ (၉၈.၉) (ယူရို၈၄.၉၅)၊ အမျိုးသမီးဝတ်ဂျာစီ တန်ဖိုးက အမေရိကန်ဒေါ်လာ(၁၁၀.၆)(ယူရို၉၄.၉၅)၊ အမျိုးသားဝတ်ဂျာစီတစ်ထည်ကို အမေရိကန်ဒေါ်လာ(၁၂၂.၂)(ယူရို၁၀၄.၉၅) ကျသင့်မှာဖြစ်ပါတယ်။
REF:.cnbc
Naing Linn(Akhayar)
www.akhayar.com
[Unicode]
C Ronaldo ကို ခေါ်ယူပြီး နာရီပိုင်းအကြာမှာပဲ ငွေကြေးအမြတ်အစွန်းရရှိလာတဲ့ ဂျူဗင်တပ်စ်
စီရော်နယ်လ်ဒို Cristiano Ronaldo ကတော့ ဂျူဗင်တပ်စ် Juventus အသင်းအတွက် တစ်ပွဲမှတောင် မကစားရသေးဘူး အသင်းကို စတင်အကျိုးပြုနေပြီ။ အခုဇူလိုင်လ(၁၀)ရက်မှာ စီရော်နယ်လ်ဒိုဟာ (၉)နှစ်ကြာကစားခဲ့တဲ့ ရီးယဲလ်နဲ့ လမ်းခွဲပြီး ဂျူဗင်တပ်စ်အသင်းကို တရားဝင်ပြောင်းရွှေ့ခဲ့တယ်။
Cristiano-Ronaldo-Holding-Juventus-Shirt
Cristiano-Ronaldo-Holding-Juventus-Shirt
ဂျူဗင်တပ်စ်အသင်းက စီရော်နယ်လ်ဒိုကို (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့တာကြောင့် စုစုပေါင်းလစာငွေအဖြစ် အမေရိကန်ဒေါ်လာသန်း(၁၀၀)ကျော် ပေးချေရမှာဖြစ်ပေမယ့် အဲဒီပမာဏ အသုံးပြုလိုက်ရလို့ ဂျူဗင်တပ်စ်အတွက် အချည်းနှီးမဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စီရော်နယ်လ်ဒိုအမည်ပါတဲ့ နံပါတ်(၇)အကျႌတွေဟာ အခု ဈေးကွက်ထဲမှာ ဂျူဗင်တပ်စ်ပရိသတ်တွေ အလုအယက်ဝယ်ယူနေတာကြောင့် ဂျူဗင်တပ်စ်အသင်းအတွက် ဝင်ငွေတွေ စတင်ရရှိနေလို့ပါပဲ။
Juventus-merchandise-
Juventus-merchandise-
ဗြိတိန်နာမည်ကျော် The Guardian ရဲ့ဖော်ပြချက်အရ စီရော်နယ်လ်ဒိုရဲ့နံပါတ်(၇)အကျႌတွေကို ဈေးကွက်အတွင်း စတင်ဖြန့်ဖြူးပြီး (၂၄)နာရီအတွင်းမှာပဲ အကျႌအထည်ပေါင်း(၅၂၀၀၀၀)အထိ ရောင်းချခဲ့ရတယ်လို့ သိရတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ၂၀၁၆-၁၇ ရာသီတုန်းက တစ်ရာသီလုံးမှာ အကျႌစုစုပေါင်း (၈၅၀၀၀၀) အထိ ရောင်းချခဲ့ရပြီး အခု စီရော်နယ်လ်ဒိုရဲ့အကျႌရောင်းအားက လာမယ့်ရာသီမစခင်မှာပဲ အဲဒီပမာဏကို ကျော်ဖြတ်နိုင်ဖို့ များနေပြီ။
Juventus-fans-with-C-Ronaldo-Shirts
Juventus-fans-with-C-Ronaldo-Shirts
စီးပွားရေးသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ business Insider က အခုလောလောဆယ် စီရော်နယ်လ်ဒိုရဲ့အကျႌတွေဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ (၆၂.၄)သန်းအထိရောင်းချခဲ့ရပြီး အဲဒီပမာဏက စီရော်နယ်လ်ဒိုအတွက် ပေးချေခဲ့ရတဲ့ပြောင်းရွှေ့ကြေး အမေရိကန်ဒေါ်လာ(၁၂၉.၃)သန်းထက်ဝက်နီးပါးအထိ ရှိနေပြီလို့ ဆိုခဲ့တယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်အသင်းက စီရော်နယ်လ်ဒိုအကျႌရောင်းချရတဲ့ဝင်ငွေတွေကို အပြည့်အဝရရှိမှာမဟုတ်ဘဲ သူတို့ရဲ့ အကျႌစပွန်ဆာကုမ္ပဏီ Adidas နဲ့စာချုပ်အရ အဲဒီဝင်ငွေထဲက (၁၀)ရာခိုင်နှုန်းကနေ (၁၅)ရာခိုင်နှုန်းအကြား ရရှိမှာဖြစ်လို့ အမေရိကန်ဒေါ်လာ(၆)သန်းနဲ့(၉)သန်းအကြား ရရှိမှာပါ။
Cristiano-Ronaldo-Shirts-Sale
Cristiano-Ronaldo-Shirts-Sale
စီရော်နယ်လ်ဒိုရဲ့ အကျႌတွေ အခုလောက်အထိ ရောင်းအားကောင်းနေလို့ ဈေးပေါတယ်လို့တော့ မထင်လိုက်ပါနဲ့။ ကလေးဝတ်အကျႌတစ်ထည်ရဲ့ ပျမ်းမျှတန်ဖိုးက အမေရိကန်ဒေါ်လာ (၉၈.၉) (ယူရို၈၄.၉၅)၊ အမျိုးသမီးဝတ်ဂျာစီ တန်ဖိုးက အမေရိကန်ဒေါ်လာ(၁၁၀.၆)(ယူရို၉၄.၉၅)၊ အမျိုးသားဝတ်ဂျာစီတစ်ထည်ကို အမေရိကန်ဒေါ်လာ(၁၂၂.၂)(ယူရို၁၀၄.၉၅) ကျသင့်မှာဖြစ်ပါတယ်။
Cristiano-Ronaldo-Presentation
Cristiano-Ronaldo-Presentation
စီရော်နယ်လ်ဒိုရောက်ရှိလာလို့ ဂျူဗင်တပ်စ်အသင်းအတွက် အကျႌရောင်းချမှုတစ်ခုတည်း မြင့်မားလာတာ မဟုတ်ပါဘူး။ သူတို့ရဲ့ Twitter Account က စီရော်နယ်လ်ဒိုကို ခေါ်ယူအပြီး တစ်ညအတွင်းမှာပဲ Followers တစ်သန်းကျော် မြင့်တက်လာခဲ့တယ်။ ကဲ ..ပရိသတ်ကြီးရေ ..အခုအချိန်မှာတော့ ဂျူဗင်တပ်စ်အသင်းဟာ စီရော်နယ်လ်ဒိုကို ခေါ်ယူလိုက်တဲ့အတွက် စတင်ပြီး အကျိုးခံစားနေရပါပြီ။ ဒီလိုပဲ စီရော်နယ်လ်ဒိုက ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တာဟာ သူ့အတွက်လည်း အကျိုးရှိစေတယ်လို့ ယူဆထားတာကြောင့် ဂျူဗင်တပ်စ်-စီရော်နယ်လ်ဒို အပြောင်းအရွှေ့က Win-Win Situation လို့ပဲ ဆိုရမှာပါ။
REF:.cnbc
Photo:Sports Illustrated,sputniknews,newsexpert,ESPN,Best World News,dailymail
Naing Linn(Akhayar)
www.akhayar.com