[Zawgyi]
Cristiano-Ronaldo
Cristiano-Ronaldo
စီရော်နယ်လ်ဒိုဟာ မန်ယူအသင်းအတွက် လိဂ်ဂိုး(၈၄)ဂိုး ၊ ရီးယဲလ်အသင်းအတွက် လိဂ်ဂိုး(၃၁၁)ဂိုးသွင်းယူခဲ့ပြီး ၊ ဂျူဗင်တပ်စ်အသင်းအတွက်တော့ လက်ရှိအချိန်ထိ လိဂ်ဂိုး(၇)ဂိုးသွင်းယူထားတာကြောင့် သူ့ရဲ့ လိဂ်ဂိုးအရေအတွက်ဟာ (၄၀၂) ဂိုးထိရှိလာခဲ့ပြီဖြစ်ပါတယ်။
Ko Kyue(Akhayar)
www.akhayar.com
[Unicode]
လိဂ်ဂိုး(၄၀၀)ပြည့် အမှတ်တရဂျာစီကို ရရှိခဲ့တဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo
ဂျူဗင်တပ်စ်အသင်းဟာ ကာဂလီယာရီကို( ၃ – ၁) နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမစခင်မှာ အသင်းရဲ့ တိုက်စစ်မှူး စီရော်နယ်လ်ဒို Cristiano Ronaldo ကို လိဂ်ဂိုး(၄၀၀)ပြည့် အမှတ်တရဂျာစီ လက်ဆောင်ပေးခဲ့ပါတယ်။ စီရော်နယ်လ်ဒို ဟာ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ လိဂ်ဂိုး(၄၀၀)ပြည့်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ထားသူပဲဖြစ်ပါတယ်။ ဒီမှတ်တမ်းကောင်းကို စီရော်နယ်လ်ဒို ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ရရှိခဲ့တာဖြစ်ပါတယ်။
Cristiano-Ronaldo
Cristiano-Ronaldo
စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မှတ်တမ်းကောင်းတစ်ခုကိုရရှိခဲ့ပါတယ်။ ဒါကတော့ စီးရီးအေ (၁၀)ပွဲကစားပြီးချိန်မှာ (၇)ဂိုးအထိ သွင်းထားပြီး (၆၁)နှစ်အတွင်း ဂျူဗင်တပ်စ်အသင်းအတွက် ပွဲဦးထွက် စီးရီးအေ (၁၀)ပွဲမှာ (၇)ဂိုးသွင်းယူခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ကာဂလီယာရီနဲ့ ပွဲမှာလည်း စီရော်နယ်လ်ဒိုဟာ ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်နိုင်ခဲ့သလို သူ့ရဲ့ ကန်ချက်တစ်ကြိမ်ဟာလည်း တိုင်ထိထွက်ခဲ့ရပါတယ်။
Cristiano-Ronaldo-Celebrate
Cristiano-Ronaldo-Celebrate
စီရော်နယ်လ်ဒိုဟာ မန်ယူအသင်းအတွက် လိဂ်ဂိုး(၈၄)ဂိုး ၊ ရီးယဲလ်အသင်းအတွက် လိဂ်ဂိုး(၃၁၁)ဂိုးသွင်းယူခဲ႔ပြီး ၊ ဂျူဗင်တပ်စ်အသင်းအတွက်တော့ လက်ရှိအချျိန်ထိ လိဂ်ဂိုး(၇)ဂိုးသွင်းယူထားတာကြောင့် သူ့ရဲ့ လိဂ်ဂိုးအရေအတွက်ဟာ (၄၀၂) ဂိုးထိရှိလာခဲ့ပြီဖြစ်ပါတယ်။
Photo: Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com