[Zawgyi]

အီကာဒီ Icardi အတြက္ ယူ႐ုိသန္း(၅၀)အျပင္ ဟီဂြါအင္ Higuain ကုိပါ အလုိက္ေပး ကမ္းလွမ္းမယ့္ ဂ်ဴဗင္တပ္စ္

စီးရီးေအခ်န္ပီယံကလပ္ ဂ်ဴဗင္တပ္စ္အသင္းဟာ အင္တာမီလန္အသင္းက အာဂ်င္တီးနား တိုက္စစ္မွဴး အီကာဒီ Icardi ကုိ ေျပာင္းေရႊ႕ေၾကး ယူ႐ုိသန္း(၅၀)အျပင္ သူတို႔ရဲ႕ ၀ါရင့္တုိက္စစ္မွဴး ဟီဂြါအင္ Higuain ကုိ ပါ အလုိက္ေပးကမ္းလွမ္းသြားဖုိ႔ စီစဥ္ေနပါတယ္။ ႏွစ္ဖက္အသင္း အားကစားဒါ႐ုိက္တာေတြျဖစ္တဲ့ ေအာ္စီ လီယုိ Ausilio နဲ႔ ပါရာတီစီ Paratici တို႔ဟာ အီကာဒီရဲ႕အေျပာင္းအေရႊ႕ကိစၥအတြက္ ေတြ႕ဆုံေဆြးေႏြးခဲ့သလုိ အီကာဒီ စာခ်ဳပ္နဲ႔ပတ္သက္လုိ႔ ေမးျမန္းခဲ့တယ္ဆုိၿပီး သတင္းေတြ ထြက္ေပၚေနပါတယ္။

Higuain-And-Icardi

Higuain-And-Icardi

အီကာဒီရဲ႕ စာခ်ဳပ္က အ႐ႈပ္အေထြးေတြ ရွိေနေပမယ့္လည္း ဂ်ဴဗင္တပ္စ္အသင္းဘုတ္အဖြဲ႕ကေတာ့ အီကာဒီကုိ ေခၚယူႏုိင္လိမ့္မယ္လုိ႔ အခုိင္အမာ ယုံၾကည္ေနၾကတယ္။ ၂၀၁၆ ခုႏွစ္က နာပုိလီအသင္းကေန ဂ်ဴဗင္တပ္စ္အသင္းကုိ ေျပာင္းေရႊ႕ခဲ့တဲ့ ဟီဂြါအင္ဟာ ၿပိဳင္ပဲြစုံ (၁၀၅)ပဲြကစား၊ (၅၅)ဂုိး သြင္းယူခဲ့ၿပီး စီးရီးေအ(၂)ႀကိမ္၊ ကုိပါအီတာလီယာ (၂)ႀကိမ္ ဆြတ္ခူးခဲ့ပါတယ္။ ဒါေပမဲ့ ဟီဂြါအင္နဲ႔ နည္းျပအယ္လီဂရီ Allegri တို႔ အၾကား ဆက္ဆံေရးအဆင္မေျပျဖစ္ေနၿပီး ဂ်ဴဗင္တပ္စ္အသင္း ဒုဥကၠ႒ နက္ဗက္ Nedved ဟာ ဂ်ဴဗင္တပ္စ္ အသင္းက ဟီဂြါအင္က ထြက္ခြာဖြယ္ရွိတဲ့သတင္းေတြကုိ ျငင္းဆန္ခဲ့ျခင္းမရွိပါဘူး။ အာဂ်င္တီးနား ၀ါရင့္တိုက္စစ္မွဴး ဟီဂြါအင္ကုိ ဥေရာပထိပ္သီးကလပ္ေတြျဖစ္တဲ့ ခ်ယ္လ္ဆီး၊ PSG အသင္းတို႔ က စိတ္၀င္စားေနၿပီး ခ်ယ္လ္ဆီးအသင္းက ေပါင္(၇၈)သန္းအထိေပးၿပီး ကမ္းလွမ္းမယ္လုိ႔ သတင္းထြက္ ေနပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ အသက္အရြယ္ေၾကာင့္ ေျခစြမ္းက်လာတဲ့ ဟီဂြါအင္ေနရာမွာ အီကာဒီနဲ႔ အစားထုိးဖုိ႔ ျပင္ဆင္ေနတာျဖစ္သလုိ အီကာဒီဟာ ၿပီးခဲ့တဲ့ရာသီက စီးရီးေအမွာ (၂၉)ဂုိးသြင္းၿပီး သြင္းဂုိးအမ်ားဆုံးကစားသမားအျဖစ္ လာဇီယုိတိုက္စစ္မွဴး အီမုိဘီလီ Immobile နဲ႔အတူ ထိပ္ဆုံးမွာ ရပ္တည္ႏုိင္ခဲ့သူလည္းျဖစ္ပါတယ္

ဟီဂြါအင္ရဲ႕ ကစားသမားဘ၀တစ္ေလွ်ာက္မွာ ရရွိခဲ့တဲ့ ဆုဖလားမ်ား

Real Madrid

La Liga: 2006–07, 2007–08, 2011–12

Copa del Rey: 2010–11

Supercopa de España: 2008, 2012

Napoli

Coppa Italia: 2013–14

Supercoppa Italiana: 2014

Juventus

Serie A: 2016–17, 2017–18

Coppa Italia: 2016–17, 2017–18

REF:Marca
Photo: Goal.com,Squawka
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အီကာဒီ Icardi အတွက် ယူရိုသန်း(၅၀)အပြင် ဟီဂွါအင် Higuain ကိုပါ အလိုက်ပေး ကမ်းလှမ်းမယ့် ဂျူဗင်တပ်စ်

စီးရီးအေချန်ပီယံကလပ် ဂျူဗင်တပ်စ်အသင်းဟာ အင်တာမီလန်အသင်းက အာဂျင်တီးနား တိုက်စစ်မှူး အီကာဒီ Icardi ကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)အပြင် သူတို့ရဲ့ ဝါရင့်တိုက်စစ်မှူး ဟီဂွါအင် Higuain ကို ပါ အလိုက်ပေးကမ်းလှမ်းသွားဖို့ စီစဉ်နေပါတယ်။ နှစ်ဖက်အသင်း အားကစားဒါရိုက်တာတွေဖြစ်တဲ့ အော်စီ လီယို Ausilio နဲ့ ပါရာတီစီ Paratici တို့ဟာ အီကာဒီရဲ့အပြောင်းအရွှေ့ကိစ္စအတွက် တွေ့ဆုံဆွေးနွေးခဲ့သလို အီကာဒီ စာချုပ်နဲ့ပတ်သက်လို့ မေးမြန်းခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။

Higuain-And-Icardi

Higuain-And-Icardi

အီကာဒီရဲ့ စာချုပ်က အရှုပ်အထွေးတွေ ရှိနေပေမယ့်လည်း ဂျူဗင်တပ်စ်အသင်းဘုတ်အဖွဲ့ကတော့ အီကာဒီကို ခေါ်ယူနိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်နေကြတယ်။ ၂၀၁၆ ခုနှစ်က နာပိုလီအသင်းကနေ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဟီဂွါအင်ဟာ ပြိုင်ပွဲစုံ (၁၀၅)ပွဲကစား၊ (၅၅)ဂိုး သွင်းယူခဲ့ပြီး စီးရီးအေ(၂)ကြိမ်၊ ကိုပါအီတာလီယာ (၂)ကြိမ် ဆွတ်ခူးခဲ့ပါတယ်။ ဒါပေမဲ့ ဟီဂွါအင်နဲ့ နည်းပြအယ်လီဂရီ Allegri တို့ အကြား ဆက်ဆံရေးအဆင်မပြေဖြစ်နေပြီး ဂျူဗင်တပ်စ်အသင်း ဒုဥက္ကဋ္ဌ နက်ဗက် Nedved ဟာ ဂျူဗင်တပ်စ် အသင်းက ဟီဂွါအင်က ထွက်ခွာဖွယ်ရှိတဲ့သတင်းတွေကို ငြင်းဆန်ခဲ့ခြင်းမရှိပါဘူး။ အာဂျင်တီးနား ဝါရင့်တိုက်စစ်မှူး ဟီဂွါအင်ကို ဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီး၊ PSG အသင်းတို့ က စိတ်ဝင်စားနေပြီး ချယ်လ်ဆီးအသင်းက ပေါင်(၇၈)သန်းအထိပေးပြီး ကမ်းလှမ်းမယ်လို့ သတင်းထွက် နေပါတယ်။ ဂျူဗင်တပ်စ်အသင်းအနေနဲ့ အသက်အရွယ်ကြောင့် ခြေစွမ်းကျလာတဲ့ ဟီဂွါအင်နေရာမှာ အီကာဒီနဲ့ အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်သလို အီကာဒီဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေမှာ (၂၉)ဂိုးသွင်းပြီး သွင်းဂိုးအများဆုံးကစားသမားအဖြစ် လာဇီယိုတိုက်စစ်မှူး အီမိုဘီလီ Immobile နဲ့အတူ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့သူလည်းဖြစ်ပါတယ်

ဟီဂွါအင်ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ ရရှိခဲ့တဲ့ ဆုဖလားများ

Real Madrid

La Liga: 2006–07, 2007–08, 2011–12

Copa del Rey: 2010–11

Supercopa de España: 2008, 2012

Napoli

Coppa Italia: 2013–14

Supercoppa Italiana: 2014

Juventus

Serie A: 2016–17, 2017–18

Coppa Italia: 2016–17, 2017–18

REF:Marca
Photo: Goal.com,Squawka
Naing Linn(Akhayar)
www.akhayar.com