[Zawgyi]

စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ဂုိးမသြင္းႏုိင္ခဲ့ေပမယ့္ ႏုိင္ပဲြရခဲ့တဲ့ ဂ်ဴဗင္တပ္စ္

ဂ်ဴဗင္တပ္စ္အသင္းဟာ စီးရီးေအရာသီအဖြင့္ပဲြမွာ ခ်ီေယဗုိအသငး္ကုိ ခက္ခက္ခဲခဲကစားခဲ့ၿပီးမွ (၃-၂)ဂုိးနဲ႔ အႏုိင္ယူၿပီး ရာသီသစ္ကုိ ႏုိင္ပဲြနဲ႔ စတင္ခဲ့တယ္။ ဒီပဲြမွာ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ဂုိးမသြင္းႏုိင္ခဲ့ေပမယ့္လည္း ေျခစြမ္းျပကစားႏုိင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ ပဲြအစအဆုံး ခ်ီေယဗုိအသင္းကုိ ဖိအားေပးကစားႏုိင္ခဲ့ေပမယ့္ မထင္မွတ္ဘဲ ဂုိးေတြ ေပးခဲ့ရလုိ႔ ေနာက္က လုိက္ကစားခဲ့ရတာပါ။ ဂ်ဴဗင္တပ္စ္အသင္းအတြက္ အဖြင့္ဂုိးကုိ ပဲြအစ(၃)မိနစ္မွာပဲ ခ်ီလီနီ Chiellini နဲ႔ထိၿပီး ထြက္လာတဲ့ေဘာလုံးကုိ ခီဒီရာ Khedira က ဂုိးဧရိယာထဲအပုိင္ကန္သြင္းယူခဲ့တယ္။

Khedira-Score-For-Juventus

Khedira-Score-For-Juventus

အဲဒီေနာက္ပုိင္းလည္း ဂ်ဴဗင္တပ္စ္အသင္းက ေဘာလုံးပုိင္ဆုိင္မႈ အသာနဲ႔ ကစားခဲ့ေပမယ့္ (၃၈)မိနစ္မွာ ခ်ီေယဗုိ ေခ်ပဂုိးျပန္ရခဲ့ၿပီး စတက္ပင္စကီး Stępiński က ေခါင္းတိုက္ သြင္းခဲ့တာပါ။ (၅၆)မိနစ္မွာ ခ်ီေယဗုိ ပယ္နယ္တီကန္ခြင့္ရခဲ့ၿပီး ဂီရာခ်ီရီနီ Giaccherini က အမွားအယြင္းမရွိကန္သြင္းခဲ့တယ္။ ဂ်ဴဗင္တပ္စ္အသင္း ဦးေဆာင္ဂုိးေပးရလုိ႔ တိုက္စစ္ျမႇင့္ကစားခဲ့ၿပီး စီေရာ္နယ္လ္ဒုိရဲ႕ ဂုိးကန္ခ်က္ေတြကုိလည္း ခ်ီေယဗုိ ဂုိးသမား လက္စြမ္းျပကာကြယ္ခဲ့လုိ႔ ဂ်ဴဗင္တပ္စ္အသင္း ႐ုန္းကန္ခဲ့ရပါတယ္။

Cristiano-Ronaldo-Attack-Chievo

Cristiano-Ronaldo-Attack-Chievo

ဒါေပမဲ့ (၇၅)မိနစ္မွာ ခ်ီေယဗုိ ေနာက္ခံလူ ဘာနီ Bani ကုိယ့္ဂုိးကုိယ္ျပန္သြင္းခဲ့လုိ႔ ဂ်ဴဗင္တပ္စ္ ေခ်ပဂုိးျပန္ခဲ့တယ္။ (၁၀)မိနစ္ေလာက္အၾကာမွာပဲ ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴး မန္ဇူကစ္ Mandžukić ရဲ႕ ေခါင္းတိုက္ခ်က္က ဂုိးစည္းကုိ ေက်ာ္ၿပီးမွ ခ်ီေယဗုိကစားသမားေတြ ဖ်က္ထုတ္ခဲ့ေပမယ့္ ဒုိင္လူႀကီးက VAR ျပန္ၾကည့္ၿပီး စီေရာ္နယ္လ္ဒုိ ဂုိးသမားကုိ ျပစ္ဒဏ္က်ဴးလြန္ခဲ့လုိ႔ ဂုိးမေပးခဲ့ဘူး။ ေတာက္ေလ်ာက္ ဖိကစားေနတဲ့ ဂ်ဴဗင္တပ္စ္ (၉၃)မိနစ္မွာ အႏုိင္ဂုိးရခဲ့ၿပီး အဲလက္စ္ဆန္ဒ႐ုိ Alex Sandro ရဲ႕ ျဖတ္တင္ေဘာကုိ ဘာနာဒက္ခီ Bernardeschi က ပိတ္သြင္းခဲ့တာပါ။

Photo:Juventus Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

စီရော်နယ်လ်ဒို Cristiano Ronaldo ဂိုးမသွင်းနိုင်ခဲ့ပေမယ့် နိုင်ပွဲရခဲ့တဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေရာသီအဖွင့်ပွဲမှာ ချီယေဗိုအသင်းကို ခက်ခက်ခဲခဲကစားခဲ့ပြီးမှ (၃-၂)ဂိုးနဲ့ အနိုင်ယူပြီး ရာသီသစ်ကို နိုင်ပွဲနဲ့ စတင်ခဲ့တယ်။ ဒီပွဲမှာ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ပွဲအစအဆုံး ချီယေဗိုအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် မထင်မှတ်ဘဲ ဂိုးတွေ ပေးခဲ့ရလို့ နောက်က လိုက်ကစားခဲ့ရတာပါ။ ဂျူဗင်တပ်စ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ(၃)မိနစ်မှာပဲ ချီလီနီ Chiellini နဲ့ထိပြီး ထွက်လာတဲ့ဘောလုံးကို ခီဒီရာ Khedira က ဂိုးဧရိယာထဲအပိုင်ကန်သွင်းယူခဲ့တယ်။

Khedira-Score-For-Juventus

Khedira-Score-For-Juventus

အဲဒီနောက်ပိုင်းလည်း ဂျူဗင်တပ်စ်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားခဲ့ပေမယ့် (၃၈)မိနစ်မှာ ချီယေဗို ချေပဂိုးပြန်ရခဲ့ပြီး စတက်ပင်စကီး Stępiński က ခေါင်းတိုက် သွင်းခဲ့တာပါ။ (၅၆)မိနစ်မှာ ချီယေဗို ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး ဂီရာချီရီနီ Giaccherini က အမှားအယွင်းမရှိကန်သွင်းခဲ့တယ်။ ဂျူဗင်တပ်စ်အသင်း ဦးဆောင်ဂိုးပေးရလို့ တိုက်စစ်မြှင့်ကစားခဲ့ပြီး စီရော်နယ်လ်ဒိုရဲ့ ဂိုးကန်ချက်တွေကိုလည်း ချီယေဗို ဂိုးသမား လက်စွမ်းပြကာကွယ်ခဲ့လို့ ဂျူဗင်တပ်စ်အသင်း ရုန်းကန်ခဲ့ရပါတယ်။

Cristiano-Ronaldo-Attack-Chievo

Cristiano-Ronaldo-Attack-Chievo

ဒါပေမဲ့ (၇၅)မိနစ်မှာ ချီယေဗို နောက်ခံလူ ဘာနီ Bani ကိုယ့်ဂိုးကိုယ်ပြန်သွင်းခဲ့လို့ ဂျူဗင်တပ်စ် ချေပဂိုးပြန်ခဲ့တယ်။ (၁၀)မိနစ်လောက်အကြာမှာပဲ ဂျူဗင်တပ်စ်တိုက်စစ်မှူး မန်ဇူကစ် Mandžukić ရဲ့ ခေါင်းတိုက်ချက်က ဂိုးစည်းကို ကျော်ပြီးမှ ချီယေဗိုကစားသမားတွေ ဖျက်ထုတ်ခဲ့ပေမယ့် ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီး စီရော်နယ်လ်ဒို ဂိုးသမားကို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ဂိုးမပေးခဲ့ဘူး။ တောက်လျောက် ဖိကစားနေတဲ့ ဂျူဗင်တပ်စ် (၉၃)မိနစ်မှာ အနိုင်ဂိုးရခဲ့ပြီး အဲလက်စ်ဆန်ဒရို Alex Sandro ရဲ့ ဖြတ်တင်ဘောကို ဘာနာဒက်ခီ Bernardeschi က ပိတ်သွင်းခဲ့တာပါ။

Photo:Juventus Twitter
Naing Linn(Akhayar)
www.akhayar.com