[Zawgyi]

ဂ်ဴဗင္တပ္စ္ကေန ထြက္ခြာခဲ႔ရတဲ႔ ဟီဂြါအင္ Higuaín ရဲ႕ ခံစားခ်က္ကဘယ္လိုရိွမလဲ

ေဘာလံုးကမၻာဟာ တျဖည္းျဖည္းနဲ႔ သစၥာတရားေတြမဲ႔ခဲ႔ျပီလား ၊ ကစားသမားေတြရဲ႕ ခံစားခ်က္ေတြကို ထည္႔မတြက္ေတာ႔ဘူးလား ၊ ပေရာ္ဖက္ရွင္နယ္ပဲ ဆန္လြန္းအားၾကီးေနတာလား စဥ္းစားစရာေတြမ်ိဳးစံုပါ။ တကယ္တမ္းျပန္ၾကည္႔မယ္ဆိုရင္ေတာ႔ ကလပ္အသင္းေတြကိုပဲ အျပစ္တင္္လို႔မရပါဘူး။ ကိုယ္႔ရဲ႕တိုးတက္ရာ လမ္းေၾကာင္းအတြက္ ကလပ္အသင္းကိုစြန္႔ခြာဖို႔ ၀န္မေလးတဲ႔ ကစားသမားေတြရိွေနတာေၾကာင္႔ပါ။ ဒီေတာ႔ ေျပာရရင္ ကလပ္အသင္းေၾကာင္႔ နစ္နာရတဲ႔ ကစားသမားရိွသလို ကစားသမားေၾကာင္႔ နစ္နာရတဲ႔ ကလပ္အသင္းလည္း ရိွတာေၾကာင္႔ ဘဲစားဘဲေခ်လို႔ပဲေျပာရမွာပါ။ ဒါေပမယ္႔ လက္ရိွ ေအစီမီလန္တိုက္စစ္မႈး ဟီဂြါအင္ Higuaín ကေတာ႔ ကလပ္အသင္းေၾကာင္႔ နစ္နာခဲ႔ရတဲ႔ ကစားသမားျဖစ္ခဲ႔ပါတယ္။

Higuain

Higuain

ဆိုၾကပါစို႔ လူတစ္ေယာက္ဟာ အဖြဲ႕အစည္းတစ္ခုအတြက္ အရာအားလံုးေပးဆပ္ျပီး လုပ္ကိုင္ေနရင္ သူ႔ရဲ႕အနာဂတ္ဟာ ဒီအဖြဲ႕အစည္းမွာ ေတာ္ေတာ္ၾကာၾကာရ္ိွေနဦးမယ္လို႔ သူ႕စိတ္ထဲမွာထင္ေနမွာက အမွန္ပါပဲ။ ဒီေနရာမွာ အရာအားလံုးဟာ မထင္မွတ္ပဲ႐ုတ္ခ်ည္းေျပာင္းလဲ သြားခဲ႔ရင္ ဒီလူဟာ စိတ္ဒဏ္ရာေတာင္ရသြားႏိုင္ပါတယ္။ ဟီဂြါအင္ရဲ႕ ျဖစ္ရပ္ကလည္း ဒီလိုမ်ိဳးပါပဲ။ နာပိုလီမွာ ေျခစြမ္းျပေနတဲ႔ ဟီဂြါအင္ကို ဂ်ဴဗင္တပ္စ္အသင္းက ေခၚယူဖို႔အသည္းအသန္ၾကိဳးပမ္းခဲ႔ျပီး ေနာက္ဆံုးမွာေတာ႔ ယူ႐ုိသန္း(၉၀)နဲ႔ ေခၚယူခဲ႔ပါတယ္။ ဟီဂြါအင္ရဲ႕ ဂ်ဴဗင္တပ္စ္ကစားသမားဘ၀ဟာ ပန္းခင္းလမ္းျဖစ္ခဲ႔ေပမယ္႔ မထင္မွတ္တဲ႔ အရာေတြျဖစ္ခဲ႔ပါတယ္။ ဒါကေတာ႔ ဂ်ဴဗင္တပ္စ္အသင္းဟာ စီေရာ္နယ္လ္ဒို Cristiano Ronaldo ကိုေခၚယူျပီး ဟီဂြါအင္ကို ေအစီမီလန္အသင္းထံ ေျပာင္းေရႊ႕ခြင္႔ျပဳခဲ႔တာပါပဲ။ ဂူတစ္ဂူထဲမွာ ျခေသၤ႔ႏွစ္ေကာင္ မေအာင္းဘူးဆိုေပမယ္႔ တျခား  ျခေသၤ႔တစ္ေကာင္ကို လြယ္လြယ္ကူကူရွင္းထုတ္ခဲ႔တာကေတာ႔ မျဖစ္သင္႔ဘူးလို႔ ဆိုရမွာပါ။ ဒါေၾကာင္႔ ဟီဂြါအင္ကေတာ႔ ဂ်ဴဗင္တပ္စ္အသင္းဟာ သူ႔ကိုကန္ထုတ္ခဲ႔တယ္လို႔ ခံစားေနရေၾကာင္း ဖြင္႔ဟခဲ႔ပါတယ္။ ဒီလိုမ်ိဳးျဖစ္ရပ္မ်ိဳးကို ဟီဂြါအင္ဟာ ရီးယဲလ္အသင္းမွာ ကစားတုန္းကၾကံဳေတြ႕ခဲ႔ရေပမယ္႔ အခုေလာက္ေတာ႔ မဆိုးခဲ႔ဘူးလို႔ ေျပာရမွာပါ။ အဲဒီတုန္းကလည္း ရီးယဲလ္အသင္းဟာ ဘန္ဇီမာ Benzema နဲ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo တို႔ကိုသာ ဦးစားေပးအသံုးျပဳခဲ႔တာေၾကာင္႔ ဟီဂြါအင္က အသင္းကေနထြက္ခြာခဲ႔ပါတယ္။

Benzema-Cristiano-Ronaldo-And-Higuaín

Benzema-Cristiano-Ronaldo-And-Higuaín

ဟီဂြါအင္က ” က်ြန္ေတာ္ ဂ်ဴဗင္တပ္စ္အသင္းအတြက္ အရာအားလံုးေပးဆပ္ခဲ႔ပါတယ္။ ျပီးေတာ႔ ဆုဖလားေတြလည္း ရရိွခဲ႔တယ္။ အသင္းကို စီေရာ္နယ္လ္ဒိုေရာက္လာေတာ႔ သူတို႔(အသင္းတာ၀န္ရိွသူ)က မင္းအသင္းမွာ ေနရေတာ႔မွာမဟုတ္ဘူးလို႔ ေျပာခဲ႔တယ္လို႔ ” ဖြင္႔ဟခဲ႔တာပါ။ ဒီေနရာမွာ တစ္ခုေတြးမိခဲ႔တာကေတာ႔ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ျဖတ္သန္းရမယ္႔ ေဘာလံုးရာသီရွည္ၾကီးမွာ အရည္အေသြးျမင္႔တိုက္စစ္မႈးနွစ္ေယာက္ေလာက္ေတာ႔ အသင္းမွာထားသင္႔တယ္လို႔ယူဆမိပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ လုပ္ရပ္ဟာ ဟီဂြါအင္အတြက္ ရင္နာစရာျဖစ္ခဲ႔ရပါတယ္။ ပေရာ္ဖက္ရွင္နယ္ဆန္လြန္းသူေတြေၾကာင္႔ ဟီဂြါအင္ရဲ႕ ေပးဆပ္မႈဟာ နစ္မြန္းခဲ႔ရတယ္။

Ref: Bleacher Report Football
Photo: Goal.com , 800Noticias , The Independent
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဂျူဗင်တပ်စ်ကနေ ထွက်ခွာခဲ့ရတဲ့ ဟီဂွါအင် Higuaín ရဲ့ ခံစားချက်ကဘယ်လိုရှိမလဲ

ဘောလုံးကမ္ဘာဟာ တဖြည်းဖြည်းနဲ့ သစ္စာတရားတွေမဲ့ခဲ့ပြီလား ၊ ကစားသမားတွေရဲ့ ခံစားချက်တွေကို ထည့်မတွက်တော့ဘူးလား ၊ ပရော်ဖက်ရှင်နယ်ပဲ ဆန်လွန်းအားကြီးနေတာလား စဉ်းစားစရာတွေမျိုးစုံပါ။ တကယ်တမ်းပြန်ကြည့်မယ်ဆိုရင်တော့ ကလပ်အသင်းတွေကိုပဲ အပြစ်တင်လို့မရပါဘူး။ ကိုယ့်ရဲ့တိုးတက်ရာ လမ်းကြောင်းအတွက် ကလပ်အသင်းကိုစွန့်ခွာဖို့ ဝန်မလေးတဲ့ ကစားသမားတွေရှိနေတာကြောင့်ပါ။ ဒီတော့ ပြောရရင် ကလပ်အသင်းကြောင့် နစ်နာရတဲ့ ကစားသမားရှိသလို ကစားသမားကြောင့် နစ်နာရတဲ့ ကလပ်အသင်းလည်း ရှိတာကြောင့် ဘဲစားဘဲချေလို့ပဲပြောရမှာပါ။ ဒါပေမယ့် လက်ရှိ အေစီမီလန်တိုက်စစ်မှုး ဟီဂွါအင် Higuaín ကတော့ ကလပ်အသင်းကြောင့် နစ်နာခဲ့ရတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။

Higuain

Higuain

ဆိုကြပါစို့ လူတစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုအတွက် အရာအားလုံးပေးဆပ်ပြီး လုပ်ကိုင်နေရင် သူ့ရဲ့အနာဂတ်ဟာ ဒီအဖွဲ့အစည်းမှာ တော်တော်ကြာကြာရ်ှိနေဦးမယ်လို့ သူ့စိတ်ထဲမှာထင်နေမှာက အမှန်ပါပဲ။ ဒီနေရာမှာ အရာအားလုံးဟာ မထင်မှတ်ပဲရုတ်ချည်းပြောင်းလဲ သွားခဲ့ရင် ဒီလူဟာ စိတ်ဒဏ်ရာတောင်ရသွားနိုင်ပါတယ်။ ဟီဂွါအင်ရဲ့ ဖြစ်ရပ်ကလည်း ဒီလိုမျိုးပါပဲ။ နာပိုလီမှာ ခြေစွမ်းပြနေတဲ့ ဟီဂွါအင်ကို ဂျူဗင်တပ်စ်အသင်းက ခေါ်ယူဖို့အသည်းအသန်ကြိုးပမ်းခဲ့ပြီး နောက်ဆုံးမှာတော့ ယူရိုသန်း(၉၀)နဲ့ ခေါ်ယူခဲ့ပါတယ်။ ဟီဂွါအင်ရဲ့ ဂျူဗင်တပ်စ်ကစားသမားဘဝဟာ ပန်းခင်းလမ်းဖြစ်ခဲ့ပေမယ့် မထင်မှတ်တဲ့ အရာတွေဖြစ်ခဲ့ပါတယ်။ ဒါကတော့ ဂျူဗင်တပ်စ်အသင်းဟာ စီရော်နယ်လ်ဒို Cristiano Ronaldo ကိုခေါ်ယူပြီး ဟီဂွါအင်ကို အေစီမီလန်အသင်းထံ ပြောင်းရွှေ့ခွင့်ပြုခဲ့တာပါပဲ။ ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် မအောင်းဘူးဆိုပေမယ့် တခြား  ခြင်္သေ့တစ်ကောင်ကို လွယ်လွယ်ကူကူရှင်းထုတ်ခဲ့တာကတော့ မဖြစ်သင့်ဘူးလို့ ဆိုရမှာပါ။ဒါကြောင့် ဟီဂွါအင်ကတော့ ဂျူဗင်တပ်စ်အသင်းဟာ သူ့ကိုကန်ထုတ်ခဲ့တယ်လို့ ခံစားနေရကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒီလိုမျိုးဖြစ်ရပ်မျိုးကို ဟီဂွါအင်ဟာ ရီးယဲလ်အသင်းမှာ ကစားတုန်းကကြုံတွေ့ခဲ့ရပေမယ့် အခုလောက်တော့ မဆိုးခဲ့ဘူးလို့ ပြောရမှာပါ။ အဲဒီတုန်းကလည်း ရီးယဲလ်အသင်းဟာ ဘန်ဇီမာ Benzema နဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo တို့ကိုသာ ဦးစားပေးအသုံးပြုခဲ့တာကြောင့် ဟီဂွါအင်က အသင်းကနေထွက်ခွာခဲ့ပါတယ်။

Benzema-Cristiano-Ronaldo-And-Higuaín

Benzema-Cristiano-Ronaldo-And-Higuaín

ဟီဂွါအင်က ” ကျွန်တော် ဂျူဗင်တပ်စ်အသင်းအတွက် အရာအားလုံးပေးဆပ်ခဲ့ပါတယ်။ ပြီးတော့ ဆုဖလားတွေလည်း ရရှိခဲ့တယ်။ အသင်းကို စီရော်နယ်လ်ဒိုရောက်လာတော့ သူတို့(အသင်းတာဝန်ရှိသူ)က မင်းအသင်းမှာ နေရတော့မှာမဟုတ်ဘူးလို့ ပြောခဲ့တယ်လို့ ” ဖွင့်ဟခဲ့တာပါ။ ဒီနေရာမှာ တစ်ခုတွေးမိခဲ့တာကတော့ ဂျူဗင်တပ်စ်အသင်းအနေနဲ့ ဖြတ်သန်းရမယ့် ဘောလုံးရာသီရှည်ကြီးမှာ အရည်အသွေးမြင့်တိုက်စစ်မှုးနှစ်ယောက်လောက်တော့ အသင်းမှာထားသင့်တယ်လို့ယူဆမိပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ လုပ်ရပ်ဟာ ဟီဂွါအင်အတွက် ရင်နာစရာဖြစ်ခဲ့ရပါတယ်။ ပရော်ဖက်ရှင်နယ်ဆန်လွန်းသူတွေကြောင့် ဟီဂွါအင်ရဲ့ ပေးဆပ်မှုဟာ နစ်မွန်းခဲ့ရတယ်။

Ref: Bleacher Report Football
Photo: Goal.com , 800Noticias , The Independent
Ko Kyue(Akhayar)
www.akhayar.com