[Zawgyi]

ရြန္နီ Rooney နဲ႔ ကစားခဲ႔တဲ႔ အခ်ိန္ေတြကို ျပန္သတိရေနတဲ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo

ရြန္နီ Rooney နဲ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo တို႔အတြဲဟာ မန္ယူအသင္းရဲ႕ ဆုဖလားေအာင္ျမင္မႈေတြမွာ အဓိက က်တဲ႔ေနရာမွာရိွခဲ႔တာကို အားလံုးအသိပါပဲ။ သူတို႔အတြဲဟာ မန္ယူအသင္းမွာ ၂၀၀၄ ခုႏွစ္ကေန ၂၀၀၉ ခုႏွစ္ထိ တြဲဖက္ကစားခဲ႔ၾကသလို အဲဒီအခ်ိန္ကာလအတြင္းမွာ ပရီးမီးယားလိဂ္(၃)ၾကိမ္ ၊ ခ်န္ပီယံလိဂ္(၁)ၾကိမ္နဲ႔ တျခားဆုဖလားေတြကိုလည္း ရရိွခဲ႔ၾကပါတယ္။

Rooney-And-Cristiano-Ronaldo-celebrate-winning-the-2006-2007-Premier-League

Rooney-And-Cristiano-Ronaldo-celebrate-winning-the-2006-2007-Premier-League

ရြန္နီ ဟာ ေမဂ်ာလိဂ္ကလပ္ DC United အသင္းမွာေျခစြမ္းျပ ကစားေနသလို စီေရာ္နယ္လ္ဒို ဟာ လည္း ဂ်ဴဗင္တပ္စ္အသင္းမွာ ေျခစြမ္းျပကစားေနပါတယ္။ လက္ရိွမွာေတာ႔ စီေရာ္နယ္လ္ဒို ဟာ ရြန္နီနဲ႔ အတူတြဲကစားခဲ႔တဲ႔ အခ်ိန္ေတြကို ျပန္သတိရေနတယ္လို႔ ေျပာၾကားခဲ႔ပါတယ္။

Rooney

Rooney

စီေရာ္နယ္လ္ဒို က ” ရြန္နီရဲ႕ စိတ္ဓာတ္ၾကံခိုင္မႈနဲ႔ ခြန္အားရိွမႈေတြက သူ႔ရဲ႕ စြမ္းရည္ေတြပါပဲ။ သူ႕ဟာ ဘယ္ေတာ႔မွ မရပ္တန္႔တဲ႔သူပါ ။ အၿမဲတမ္းၾကိဳးစားေနျပီး အသင္းကို အကူအညီေပးပါတယ္။ သူဟာ ထူးျခားတဲ႔ ကစားသမားျဖစ္ျပီး အသင္းအတြက္ ဂိုးေတြအမ်ားၾကီးသြင္းယူပါတယ္။ သူသြင္းတဲ႔ ဂိုးေတြဟာလည္း အေရးပါတဲ႔ ဂိုးေတြပါပဲ။ သူဟာ က်ြန္ေတာ္႔အတြက္ေတာ႔ ထူးျခားပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

Cristiano-Ronaldo-And-Rooney

Cristiano-Ronaldo-And-Rooney

ဆက္လက္ျပီး စီေရာ္နယ္လ္ဒို က ” သူကို အဂၤလန္မွာ လူတိုင္းကခ်စ္ၾကပါတယ္။ သူက ထူးျခားတဲ႔ ေကာင္ေလး ၊ ထူးျခားတဲ႔ ကစားသမား ။ က်ြန္ေတာ္ကေတာ႔ သူ႔ကို ေခြးဘီလူးလို႔ ေခၚပါတယ္။ သူက ေဘာလံုးဆံုးရံႈးခဲ႔ရင္လည္း စြမ္းအားအျပည္႔ သန္မာမႈအျပည္႔နဲ႔ လိုက္လုတာကိုလည္း က်ြန္ေတာ္ မွတ္မိပါေသးတယ္။ သူ႕ရဲ႕ ကန္ခ်က္ေတြကလည္း မယံုႏိုင္စရာပါပဲ။ က်ြန္ေတာ္ သူနဲ႔တြဲကစားခဲ႔တဲ႔ အခ်ိန္ေတြကို သတိရမိပါတယ္။ အနာဂတ္ကို ဘယ္သူမွၾကိဳမသိႏိုင္ပါဘူး။ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာေတာ႔ က်ြန္ေတာ္တို႔ (၂)ေယာက္ထပ္ျပီး အတူတြဲကစားႏိုင္ပါတယ္ ” လို႔ ေျပာၾကားခဲ႔ပါတယ္။

Ref: Express
Photo: Sports Illustrated , Dream Team , Les Transferts , Mirror
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရွန်နီ Rooney နဲ့ ကစားခဲ့တဲ့ အချိန်တွေကို ပြန်သတိရနေတဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo

ရွန်နီ Rooney နဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo တို့အတွဲဟာ မန်ယူအသင်းရဲ့ ဆုဖလားအောင်မြင်မှုတွေမှာ အဓိက ကျတဲ့နေရာမှာရှိခဲ့တာကို အားလုံးအသိပါပဲ။ သူတို့အတွဲဟာ မန်ယူအသင်းမှာ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ထိ တွဲဖက်ကစားခဲ့ကြသလို အဲဒီအချိန်ကာလအတွင်းမှာ ပရီးမီးယားလိဂ်(၃)ကြိမ် ၊ ချန်ပီယံလိဂ်(၁)ကြိမ်နဲ့ တခြားဆုဖလားတွေကိုလည်း ရရှိခဲ့ကြပါတယ်။

Rooney-And-Cristiano-Ronaldo-celebrate-winning-the-2006-2007-Premier-League

Rooney-And-Cristiano-Ronaldo-celebrate-winning-the-2006-2007-Premier-League

ရွန်နီ ဟာ မေဂျာလိဂ်ကလပ် DC United အသင်းမှာခြေစွမ်းပြ ကစားနေသလို စီရော်နယ်လ်ဒို ဟာ လည်း ဂျူဗင်တပ်စ်အသင်းမှာ ခြေစွမ်းပြကစားနေပါတယ်။ လက်ရှိမှာတော့ စီရော်နယ်လ်ဒို ဟာ ရွန်နီနဲ့ အတူတွဲကစားခဲ့တဲ့ အချိန်တွေကို ပြန်သတိရနေတယ်လို့ ပြောကြားခဲ့ပါတယ်။

Rooney

Rooney

စီရော်နယ်လ်ဒို က ” ရွန်နီရဲ့ စိတ်ဓာတ်ကြံခိုင်မှုနဲ့ ခွန်အားရှိမှုတွေက သူ့ရဲ့ စွမ်းရည်တွေပါပဲ။ သူ့ဟာ ဘယ်တော့မှ မရပ်တန့်တဲ့သူပါ ။ အမြဲတမ်းကြိုးစားနေပြီး အသင်းကို အကူအညီပေးပါတယ်။ သူဟာ ထူးခြားတဲ့ ကစားသမားဖြစ်ပြီး အသင်းအတွက် ဂိုးတွေအများကြီးသွင်းယူပါတယ်။ သူသွင်းတဲ့ ဂိုးတွေဟာလည်း အရေးပါတဲ့ ဂိုးတွေပါပဲ။ သူဟာ ကျွန်တော့်အတွက်တော့ ထူးခြားပါတယ် ” လို့ပြောခဲ့ပါတယ်။

Cristiano-Ronaldo-And-Rooney

Cristiano-Ronaldo-And-Rooney

ဆက်လက်ပြီး စီရော်နယ်လ်ဒို က ” သူကို အင်္ဂလန်မှာ လူတိုင်းကချစ်ကြပါတယ်။ သူက ထူးခြားတဲ့ ကောင်လေး ၊ ထူးခြားတဲ့ ကစားသမား ။ ကျွန်တော်ကတော့ သူ့ကို ခွေးဘီလူးလို့ ခေါ်ပါတယ်။ သူက ဘောလုံးဆုံးရှုံးခဲ့ရင်လည်း စွမ်းအားအပြည့် သန်မာမှုအပြည့်နဲ့ လိုက်လုတာကိုလည်း ကျွန်တော် မှတ်မိပါသေးတယ်။ သူ့ရဲ့ ကန်ချက်တွေကလည်း မယုံနိုင်စရာပါပဲ။ ကျွန်တော် သူနဲ့တွဲကစားခဲ့တဲ့ အချိန်တွေကို သတိရမိပါတယ်။ အနာဂတ်ကို ဘယ်သူမှကြိုမသိနိုင်ပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ (၂)ယောက်ထပ်ပြီး အတူတွဲကစားနိုင်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

Ref: Express
Photo: Sports Illustrated , Dream Team , Les Transferts , Mirror
Ko Kyue(Akhayar)
www.akhayar.com