[Zawgyi]

ပရိသတ္ေတြ ကြင္းထဲထိ က်ဴးေက်ာ္၀င္ေရာက္ခဲ့လုိ႔ ပဲြပ်က္ခဲ့တဲ့ ဂ်ဴဗင္တပ္စ္အသင္းေျခစမ္းပဲြ

ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ကစားခဲ့တဲ့ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေျခစမ္းပဲြမွာ ဂ်ဴဗင္တပ္စ္ပရိသတ္ေတြ ကြင္းထဲကုိ က်ဴးေက်ာ္ ၀င္ေရာက္ခဲ့တာေၾကာင့္ ပြဲၿပီးဖုိ႔မိနစ္(၂၀)အလိုမွာပဲ ပဲြကုိ ရပ္ဆုိင္းခဲ့ရတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ ရာသီႀကိဳေနာက္ဆုံးေျခစမ္းပဲြအျဖစ္ ဂ်ဴဗင္တပ္စ္ယူ-၁၉အသင္းနဲ႔ ေျခစမ္းပဲြကစားခဲ့တာျဖစ္ၿပီး ဒီပဲြမွာ ကစားသမားသစ္ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ပါ၀င္ကစားခဲ့လုိ႔ ပရိသတ္ေတြ ထိန္းမႏုိင္သိမ္းမရ ျဖစ္ခဲ့တာပါ။ ပဲြအစ(၈)မိနစ္မွာပဲ စီေရာ္နယ္လ္ဒုိက ဂ်ဴဗင္တပ္စ္အသင္းအတြက္ ပထမဆုံးဂုိးသြင္းယူခဲ့ၿပီး ပဲြကစားေနခ်ိန္အတြင္း ပရိသတ္ေတြဟာ စီေရာ္နယ္လ္ဒုိနဲ႔အတူ ဓာတ္ပုံ႐ုိက္ခံဖုိ႔ ကြင္းထဲကုိ ၀င္ေရာက္ခဲ့ၾကလုိ႔ လုံၿခံဳေရးေတြက ထိန္းသိမ္းခဲ့ရပါတယ္။

Fans-stormed-the-pitch-20-minutes-before-the-final-whistle-and-mobbed-Ronaldo-and-Co

Fans-stormed-the-pitch-20-minutes-before-the-final-whistle-and-mobbed-Ronaldo-and-Co

ဒါေပမဲ့ ဂ်ဴဗင္တပ္စ္ကြင္းလယ္လူ မာခီစီယုိ Marchisio က ပဥၥမေျမာက္ဂုိး သြင္းယူၿပီးတဲ့ေနာက္မွာေတာ့ ပရိသတ္ေတြက ထိန္းလုိ႔မႏုိင္ေတာ့ဘဲ ကြင္းထဲကုိ ၀င္ေရာက္လာခဲ့ၿပီး စီေရာ္နယ္လ္ဒုိနဲ႔အတူ ဓာတ္ပုံေတြ႐ုိက္ခဲ့ၾကတယ္။

The-33-year-old-celebrates-after-netting-the-opener-against-Juventus-Under-19-side

The-33-year-old-celebrates-after-netting-the-opener-against-Juventus-Under-19-side

လုံၿခံဳေရးေတြလည္း တားလုိ႔မရေတာ့တာေၾကာင့္ စီေရာ္နယ္လ္ဒုိေဘးနားမွာပဲ Bodyguard သေဘာမ်ိဳး ေစာင့္ေရွာက္ေပးခဲ့ရၿပီး အဲဒါေၾကာင့္ပဲ ဂ်ဴဗင္တပ္စ္တာ၀န္ရွိသူေတြက ပဲြၿပီးဖုိ႔မိနစ္(၂၀)ေလာက္အလုိမွာ ပဲြရပ္ဆုိင္းဖုိ႔ ဆုံးျဖတ္ခဲ့တာပါ။ ဂ်ဴဗင္တပ္စ္အသင္းဟာ အရင္ႏွစ္ေတြကလည္း ဒီလုိပဲ ရာသီသစ္ မစခင္ တစ္ပတ္ေလာက္အလုိမွာ ေျခစမ္းပဲြကစားေလ့ရွိၿပီး ပရိသတ္ေတြ ကြင္းထဲ၀င္တာမ်ိဳး ျဖစ္တတ္ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ စီေရာ္နယ္လ္ဒုိ ေရာက္ရွိလာတဲ့အတြက္ အရင္ကထက္ အားေပးတာ ပုိမ်ားခဲ့တာျဖစ္ပါတယ္။

REF:Daily Mail
Photo:Juventus Twitter,Daily Mail
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရိသတ်တွေ ကွင်းထဲထိ ကျူးကျော်ဝင်ရောက်ခဲ့လို့ ပွဲပျက်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းခြေစမ်းပွဲ

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ခြေစမ်းပွဲမှာ ဂျူဗင်တပ်စ်ပရိသတ်တွေ ကွင်းထဲကို ကျူးကျော် ဝင်ရောက်ခဲ့တာကြောင့် ပွဲပြီးဖို့မိနစ်(၂၀)အလိုမှာပဲ ပွဲကို ရပ်ဆိုင်းခဲ့ရတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ရာသီကြိုနောက်ဆုံးခြေစမ်းပွဲအဖြစ် ဂျူဗင်တပ်စ်ယူ-၁၉အသင်းနဲ့ ခြေစမ်းပွဲကစားခဲ့တာဖြစ်ပြီး ဒီပွဲမှာ ကစားသမားသစ် စီရော်နယ်လ်ဒို Cristiano Ronaldo ပါဝင်ကစားခဲ့လို့ ပရိသတ်တွေ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့တာပါ။ ပွဲအစ(၈)မိနစ်မှာပဲ စီရော်နယ်လ်ဒိုက ဂျူဗင်တပ်စ်အသင်းအတွက် ပထမဆုံးဂိုးသွင်းယူခဲ့ပြီး ပွဲကစားနေချိန်အတွင်း ပရိသတ်တွေဟာ စီရော်နယ်လ်ဒိုနဲ့အတူ ဓာတ်ပုံရိုက်ခံဖို့ ကွင်းထဲကို ဝင်ရောက်ခဲ့ကြလို့ လုံခြုံရေးတွေက ထိန်းသိမ်းခဲ့ရပါတယ်။

Fans-stormed-the-pitch-20-minutes-before-the-final-whistle-and-mobbed-Ronaldo-and-Co

Fans-stormed-the-pitch-20-minutes-before-the-final-whistle-and-mobbed-Ronaldo-and-Co

ဒါပေမဲ့ ဂျူဗင်တပ်စ်ကွင်းလယ်လူ မာခီစီယို Marchisio က ပဉ္စမမြောက်ဂိုး သွင်းယူပြီးတဲ့နောက်မှာတော့ ပရိသတ်တွေက ထိန်းလို့မနိုင်တော့ဘဲ ကွင်းထဲကို ဝင်ရောက်လာခဲ့ပြီး စီရော်နယ်လ်ဒိုနဲ့အတူ ဓာတ်ပုံတွေရိုက်ခဲ့ကြတယ်။

The-33-year-old-celebrates-after-netting-the-opener-against-Juventus-Under-19-side

The-33-year-old-celebrates-after-netting-the-opener-against-Juventus-Under-19-side

လုံခြုံရေးတွေလည်း တားလို့မရတော့တာကြောင့် စီရော်နယ်လ်ဒိုဘေးနားမှာပဲ Bodyguard သဘောမျိုး စောင့်ရှောက်ပေးခဲ့ရပြီး အဲဒါကြောင့်ပဲ ဂျူဗင်တပ်စ်တာဝန်ရှိသူတွေက ပွဲပြီးဖို့မိနစ်(၂၀)လောက်အလိုမှာ ပွဲရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဂျူဗင်တပ်စ်အသင်းဟာ အရင်နှစ်တွေကလည်း ဒီလိုပဲ ရာသီသစ် မစခင် တစ်ပတ်လောက်အလိုမှာ ခြေစမ်းပွဲကစားလေ့ရှိပြီး ပရိသတ်တွေ ကွင်းထဲဝင်တာမျိုး ဖြစ်တတ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ စီရော်နယ်လ်ဒို ရောက်ရှိလာတဲ့အတွက် အရင်ကထက် အားပေးတာ ပိုများခဲ့တာဖြစ်ပါတယ်။

REF:Daily Mail
Photo:Juventus Twitter,Daily Mail
Naing Linn(Akhayar)
www.akhayar.com