စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းဟာ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Instagram မှာ Follower အများဆုံးအသင်းအဖြစ် မန်ယူကို ကျော်တက်ပြီး တတိယနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းကို စီရော်နယ်လ်ဒို Cristiano Ronaldo ရောက်ရှိခဲ့ပြီးနောက်ပိုင်း Follower အရေအတွက်က အရင်ကထက် သန်း(၂၀)အထိ မြင့်တက်လာခဲ့ပြီး အခုဆိုရင် (၃၁.၁)သန်းအထိရှိလာတာကြောင့် ပရီးမီးယားလိဂ် နာမည်ကျော်ကလပ် မန်ယူကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အရင်က တတိယနေရာမှာ ရပ်တည်ခဲ့တဲ့ မန်ယူအသင်းကတော့ (၃၁)သန်းနဲ့ တစ်ဆင့်လျော့ကျသွားခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ Instagram ကို Follower လုပ်တဲ့သူများလာရတဲ့ နောက်ထပ်အကြောင်းရင်းကတော့ ဒီနွေရာသီမှာ ဒီလိဂ် Matthijs de Ligt ၊ ရမ်ဆေး Aaron Ramsey တို့လို Social Media မှာ Popular ဖြစ်တဲ့ ကစားသမားတွေကို ခေါ်ယူခဲ့တာဖြစ်ပြီး ဒီလိဂ်က Follower (၃.၈)သန်း၊ ရမ်ဆေးက Follower (၃.၆)သန်းရှိနေတာဖြစ်တာကြောင့် အခုလို Follower များလာတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ Follower အရေအတွက်က နံပါတ်(၁)နေရာမှာရှိနေတဲ့ ရီးယဲလ်အသင်းနဲ့ နိုင်းယှဉ်ရင် အများကြီးကွာဟနေပြီး ရီးယဲလ်အသင်းက Follower (၇၇.၆)သန်းအထိရှိနေတာပါ။ ရီးယဲလ်အသင်းနောက်မှာတော့ သူတို့ရဲ့အဓိကပြိုင်ဘက် ဘာစီလိုနာအသင်းက (၇၆.၄)သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ပြင်သစ်ထိပ်သီး PSG အသင်းကလည်း ထိပ်ဆုံး(၅)သင်းစာရင်းထဲမှာ ပါဝင်ခဲ့ပြီး Follower (၂၃.၈)သန်းနဲ့ အဆင့်(၅)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

TOP FIVE MOST POPULAR CLUBS ON INSTAGRAM

1. Real Madrid – 77.6m followers
2. Barcelona – 76.4m
3. Juventus – 31.1m
4. Manchester United – 31m
5. PSG – 23.8m

REF:Daily Mail
Photo:Juventus Facebook,Real Madrid C.F Facebook
Naing Linn(Akhayar)
www.akhayar.com