[Zawgyi]

လက္ရွိအေျပာင္းအေရႊ႕ေစ်းကြက္မွာ ေငြသုံးအမ်ားဆုံးအသင္းျဖစ္ေနတဲ့ ဂ်ဴဗင္တပ္စ္

စီးရီးေအထိပ္သီးကလပ္ ဂ်ဴဗင္တပ္စ္ Juventus အသင္းဟာ လက္ရွိအေျပာင္းအေရႊ႕ေစ်းကြက္မွာ တျခားဥေရာပထိပ္သီးအသင္းေတြကုိ ေက်ာ္ျဖတ္ၿပီး ေျပာင္းေရႊ႕ေၾကးသုံးစဲြမႈအမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ေနပါတယ္။ ေပၚတူဂီ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ကုိ ယူ႐ုိသန္း(၁၀၀)ေပးၿပီး ေခၚယူထားတဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ လာမယ့္ရာသီသစ္မွာ ျပည္တြင္းေအာင္ျမင္မႈထက္ ဥေရာပေအာင္ျမင္မႈေတြကုိ ပုိမုိရယူႏုိင္ဖုိ႔အတြက္ ကစားသမားသစ္ေတြ ေခၚယူအားျဖည့္ခဲ့တာေၾကာင့္ ေငြေၾကးသုံးစဲြမႈ ပမာဏက ျမင့္တက္လာခဲ့တာပါ။

Cristiano-Ronaldo-Presentation

Cristiano-Ronaldo-Presentation

အခုေလာေလာဆယ္အထိ ဂ်ဴဗင္တပ္စ္အသင္း ေခၚယူထားတဲ့ ကစားသမား(၄)ဦးရွိၿပီး က်န္တဲ့ကစားသမား(၃)ဦးကေတာ့ အငွားကေန အၿပီးသတ္ေခၚယူခဲ့တာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္း ေခၚယူခဲ့တဲ့ ကစားသမားေတြကေတာ့ ပါရင္ Perin (ဂ်ီႏုိအာ)၊ အမ္မရီခ်န္ Emre Can (လီဗာပူးလ္)၊ ယာအုိကန္ဆယ္လုိ João Cancelo (ဗလင္စီယာ)၊ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo (ရီးယဲလ္)တို႔ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္း သုံးစဲြခဲ့တဲ့ ေျပာင္းေရႊ႕ေၾကးပမာဏက ယူ႐ုိသန္း(၂၀၀)ေက်ာ္ရွိခဲ့ၿပီး ေျပာင္းေရႊ႕ေၾကးသုံးစဲြမႈအမ်ားဆုံးအျဖစ္ ဦးေဆာင္ေနသလုိ သူတို႔ၿပီးရင္ေတာ့ လီဗာပူးလ္ (ယူ႐ုိ ၁၈၂.၂သန္း)၊ ႐ုိးမား (ယူ႐ုိ၁၃၃.၄ သန္း)တို႔က အမ်ားဆုံးျဖစ္ေနတယ္။

Emery-Can

Emery-Can

ဥေရာပထိပ္သီးလိဂ္ေတြထဲမွာ ေငြေၾကးသုံးစဲြမႈအမ်ားဆုံးကေတာ့ ထုံးစံအတိုင္း ပရီးမီးယားလိဂ္ၿပိဳင္ပဲြျဖစ္ၿပီး ဒီေန႔အထိ ယူ႐ုိ(၉၃၅.၈)သန္းအထိ သုံးစဲြထားတာပါ။ အခုေႏြရာသီအေျပာင္းအေရႊ႕မွာ ၿငိမ္သက္ေနတာက ဘြန္ဒစ္လီဂါ၊ ျပင္သစ္လီဂူးၿပိဳင္ပဲြေတြျဖစ္ၿပီး ဂ်ာမန္ထိပ္သီး ဘုိင္ယန္ျမဴးနစ္အသင္းဆုိရင္ အခုအခ်ိန္အထိ ေငြေၾကးသုံးစဲြမႈ မရွိေသးပါဘူး။ ျပင္သစ္လိဂ္မွာလည္း PSG အသင္းက ၿပီးခဲ့တဲ့ရာသီမွာ မုိနာကုိအသင္းဆီကေန အငွားေခၚထားတဲ့ ဘာေပ Mbappe ကုိ အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တာပဲရွိပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ဒီေႏြရာသီအေျပာင္းအေရႊ႕အတြင္း ကစားသမားေခၚယူမႈ
ပါရင္ (ဂုိး) – ဂ်ီႏုိအာ – ယူ႐ုိ(၁၂)သန္း(ေအာင္ျမင္မႈအရ ဆုေၾကး ယူ႐ုိ၃သန္း ေပးေခ်ရမည္)
အမ္မရီခ်န္ – လီဗာပူးလ္ – အလြတ္
ကန္ဆယ္လုိ – ဗလင္စီယာ – ယူ႐ုိ(၄၀.၄)သန္း
စီေရာ္နယ္လ္ဒုိ – ရီးယဲလ္ – ယူ႐ုိသန္း(၁၀၀)(ယူ႐ုိ ၁၂ သန္း ထပ္မံေပးေခ်ရမည္)
ေဒါက္ဂလပ္စ္ေကာ္စတာ -ဘုိင္ယန္ – ယူ႐ုိသန္း(၄၀)
ဖာဗယ္လီ – အက္စ္ကုိလီ – ယူ႐ုိ(၇.၅)သန္း
မက္ဂ္နန္နီ – ပီ႐ူဂ်ီယာ – ယူ႐ုိ(၅)သန္း

REF:AS
Photo:thesun.co.uk,standard,Sportsration
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လက်ရှိအပြောင်းအရွှေ့ဈေးကွက်မှာ ငွေသုံးအများဆုံးအသင်းဖြစ်နေတဲ့ ဂျူဗင်တပ်စ်

စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ် Juventus အသင်းဟာ လက်ရှိအပြောင်းအရွှေ့ဈေးကွက်မှာ တခြားဥရောပထိပ်သီးအသင်းတွေကို ကျော်ဖြတ်ပြီး ပြောင်းရွှေ့ကြေးသုံးစွဲမှုအများဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ပေါ်တူဂီ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ကို ယူရိုသန်း(၁၀၀)ပေးပြီး ခေါ်ယူထားတဲ့ ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်ရာသီသစ်မှာ ပြည်တွင်းအောင်မြင်မှုထက် ဥရောပအောင်မြင်မှုတွေကို ပိုမိုရယူနိုင်ဖို့အတွက် ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ခဲ့တာကြောင့် ငွေကြေးသုံးစွဲမှု ပမာဏက မြင့်တက်လာခဲ့တာပါ။

Cristiano-Ronaldo-Presentation

Cristiano-Ronaldo-Presentation

အခုလောလောဆယ်အထိ ဂျူဗင်တပ်စ်အသင်း ခေါ်ယူထားတဲ့ ကစားသမား(၄)ဦးရှိပြီး ကျန်တဲ့ကစားသမား(၃)ဦးကတော့ အငှားကနေ အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်း ခေါ်ယူခဲ့တဲ့ ကစားသမားတွေကတော့ ပါရင် Perin (ဂျီနိုအာ)၊ အမ်မရီချန် Emre Can (လီဗာပူးလ်)၊ ယာအိုကန်ဆယ်လို João Cancelo (ဗလင်စီယာ)၊ စီရော်နယ်လ်ဒို Cristiano Ronaldo (ရီးယဲလ်)တို့ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်း သုံးစွဲခဲ့တဲ့ ပြောင်းရွှေ့ကြေးပမာဏက ယူရိုသန်း(၂၀၀)ကျော်ရှိခဲ့ပြီး ပြောင်းရွှေ့ကြေးသုံးစွဲမှုအများဆုံးအဖြစ် ဦးဆောင်နေသလို သူတို့ပြီးရင်တော့ လီဗာပူးလ် (ယူရို ၁၈၂.၂သန်း)၊ ရိုးမား (ယူရို၁၃၃.၄ သန်း)တို့က အများဆုံးဖြစ်နေတယ်။

Emery-Can

Emery-Can

ဥရောပထိပ်သီးလိဂ်တွေထဲမှာ ငွေကြေးသုံးစွဲမှုအများဆုံးကတော့ ထုံးစံအတိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲဖြစ်ပြီး ဒီနေ့အထိ ယူရို(၉၃၅.၈)သန်းအထိ သုံးစွဲထားတာပါ။ အခုနွေရာသီအပြောင်းအရွှေ့မှာ ငြိမ်သက်နေတာက ဘွန်ဒစ်လီဂါ၊ ပြင်သစ်လီဂူးပြိုင်ပွဲတွေဖြစ်ပြီး ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းဆိုရင် အခုအချိန်အထိ ငွေကြေးသုံးစွဲမှု မရှိသေးပါဘူး။ ပြင်သစ်လိဂ်မှာလည်း PSG အသင်းက ပြီးခဲ့တဲ့ရာသီမှာ မိုနာကိုအသင်းဆီကနေ အငှားခေါ်ထားတဲ့ ဘာပေ Mbappe ကို အပြီးသတ်စာချုပ်ချုပ်ဆိုခဲ့တာပဲရှိပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ ဒီနွေရာသီအပြောင်းအရွှေ့အတွင်း ကစားသမားခေါ်ယူမှု
ပါရင် (ဂိုး) – ဂျီနိုအာ – ယူရို(၁၂)သန်း(အောင်မြင်မှုအရ ဆုကြေး ယူရို၃သန်း ပေးချေရမည်)
အမ်မရီချန် – လီဗာပူးလ် – အလွတ်
ကန်ဆယ်လို – ဗလင်စီယာ – ယူရို(၄၀.၄)သန်း
စီရော်နယ်လ်ဒို – ရီးယဲလ် – ယူရိုသန်း(၁၀၀)(ယူရို ၁၂ သန်း ထပ်မံပေးချေရမည်)
ဒေါက်ဂလပ်စ်ကော်စတာ -ဘိုင်ယန် – ယူရိုသန်း(၄၀)
ဖာဗယ်လီ – အက်စ်ကိုလီ – ယူရို(၇.၅)သန်း
မက်ဂ်နန်နီ – ပီရူဂျီယာ – ယူရို(၅)သန်း

REF:AS
Photo:thesun.co.uk,standard,Sportsration
Naing Linn(Akhayar)
www.akhayar.com