[Zawgyi]

လာဇီယိုကို အႏိုင္ယူျပီး အမွားအယြင္းမရိွခဲ႔တဲ႔ ဂ်ဴဗင္တပ္စ္

စီးရီးေအပြဲစဥ္(၂)ရဲ႕ ပြဲေကာင္းတစ္ပြဲျဖစ္တဲ႔ ဂ်ဴဗင္တပ္စ္ နဲ႔ လာဇီယိုပြဲမွာေတာ႔ ဂ်ဴဗင္တပ္စ္အသင္းဟာ (၂ – ၀ )နဲ႔ အႏိုင္ရရိွခဲ႔ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ တည္ျငိမ္တဲ႔ေျခစြမ္းေတြကို ျမင္ေတြ႕ခဲ႔ရတဲ႔ ပြဲစဥ္လည္းျဖစ္ခဲ႔ပါတယ္။

Juventus

Juventus

ႏွစ္သင္းလံုးဟာ လူစံုတက္စံုနဲ႔ပြဲထြက္လာၾကတာျဖစ္ျပီး ဂ်ဴဗင္တပ္စ္အသင္းရဲ႕ တိုက္စစ္ပိုင္းမွာေတာ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo ၊ မန္ဇူကစ္ Mandžukić ၊ ဘာနာဒက္ခ်ီ Bernardeschi တို႔ကဦးေဆာင္လာခဲ႔သလို လာဇီယိုအသင္းကိုေတာ႔ အီမိုဘီလီ Immobile ၊ မီလင္ကိုဗစ္ Milinković တို႔ကဦးေဆာင္လာခဲ႔ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္း ဟာ လာဇီယိုအသင္းကို အသာစီးကေနကစားႏိုင္ခဲ႔ေပမယ္႔ ဂိုးရရိွဖို႔ကေတာ႔ အနည္းငယ္ခက္ခဲခဲ႔ပါတယ္။ ပြဲခ်ိန္မိနစ္(၃၀)မွာေတာ႔ အသင္းနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားတဲ႔ ကြင္းလယ္ကစားသမား ယာနစ္ Pjanić ဟာသူ႔ရဲ႕ပံုစံအတိုင္းပဲ ေကာင္းမြန္တဲ႔ကန္ခ်က္နဲ႔ ဂ်ဴဗင္တပ္စ္အသင္း အတြက္သြင္းဂိုးသြင္းယူခဲ႔ပါတယ္။ ပထမပိုင္းမွာ ဂ်ဴဗင္တပ္စ္အသင္းဟာ လာဇီယိုအသင္းကို ေဘာလံုးပိုင္ဆိုင္မႈအသာစီးနဲ႔ ကစားႏိုင္ခဲ႔သလို အသင္းရဲ႕တိုက္စစ္မႈး စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာလည္း ေျခစြမ္းျပသႏိုင္ဖို႔ ရုန္းကန္ခဲ႔ရပါတယ္။ ပထမပိုင္းျပီးခါနီးမွာ လာဇီယိုကြင္းလယ္လူ ပါရိုလို Parolo အပိုင္ေခါင္းတိုက္ခြင္႔ ရရိွခဲ႔ေပမယ္႔ အသံုးခ်ႏိုင္ခဲ႔ျခင္းမရိွခဲ႔ပါဘူး။

Matuidi-and-Pjanić

Matuidi-and-Pjanić

ဒုတိယပိုင္းမွာလည္း လာဇီယိုအသင္းဟာ ေခ်ပဂိုးရဖို႔ ထိေရာက္တဲ႔ဂိုးေပါက္ ကန္သြင္းခ်က္ေတြျပဳလုပ္ႏိုင္ခဲ႔ျခင္းမရိွခဲ႔ပါဘူး။ စီေရာ္နယ္လ္ဒို Cristiano Ronaldo ရဲ႕ဂိုးဧရိယာထိပ္ကေန ျပင္းထန္တဲ႔ကန္ခ်က္ကို လာဇီယို ဂိုးသမားလက္စြမ္းျပ ကာကြယ္ႏိုင္ခဲ႔ပါတယ္။ပြဲခ်ိန္(၇၅)မိနစ္မွာေတာ႔ ညာေတာင္ပံကခ်ိဳးေပးလိုက္တဲ႔ ေဘာလံုးကို စီေရာ္နယ္လ္ဒို Cristiano Ronaldo အပိုင္ပိတ္သြင္းဖို႔ အခြင္႔အေရးရခဲ႔ေပမယ္႔ လြဲေခ်ာ္ခဲ႔တာေၾကာင္႔ အေနာက္မွာ အသင္႔ရိွေနတဲ႔ မန္ဇူကစ္ Mandžukić က ေျပး၀င္ကန္သြင္းျပီး အသင္းအတြက္ အႏိုင္ေသခ်ာေစမယ္႔ ဒုတိယဂိုးကိုသြင္းယူေပးခဲ႔ပါတယ္။

Cristiano-Ronaldo-and-Mandžukić

Cristiano-Ronaldo-and-Mandžukić

ဂ်ဴဗင္တပ္စ္အသင္းဟာ စီးရီးေအ(၂)ပြဲဆက္ ႏိုင္ပြဲရရိွခဲ႔ေပမယ္႔ အသင္းရဲ႕တိုက္စစ္မႈး စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာေတာ႔ ဂိုးေပါက္ေပ်ာက္ေနဆဲပဲျဖစ္ပါတယ္။ ေရွ႕လာမယ္႔ ပြဲစဥ္ေတြမွာ စီေရာ္နယ္လ္ဒို Cristiano Ronaldo အေနနဲ႔ အသင္းအတြက္သြင္းဂိုးသြင္းယူေပးႏိုင္ဖို႔ လိုအပ္ေနျပီလို႔ပဲ ဆိုရမွာပါ။

Photo: Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လာဇီယိုကို အနိုင်ယူပြီး အမှားအယွင်းမရှိခဲ့တဲ့ ဂျူဗင်တပ်စ်

စီးရီးအေပွဲစဉ်(၂)ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်တဲ့ ဂျူဗင်တပ်စ် နဲ့ လာဇီယိုပွဲမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ (၂ – ၀ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ တည်ငြိမ်တဲ့ခြေစွမ်းတွေကို မြင်တွေ့ခဲ့ရတဲ့ ပွဲစဉ်လည်းဖြစ်ခဲ့ပါတယ်။

Juventus

Juventus

နှစ်သင်းလုံးဟာ လူစုံတက်စုံနဲ့ပွဲထွက်လာကြတာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာတော့ စီရော်နယ်လ်ဒို Cristiano Ronaldo ၊ မန်ဇူကစ် Mandžukić ၊ ဘာနာဒက်ချီ Bernardeschi တို့ကဦးဆောင်လာခဲ့သလို လာဇီယိုအသင်းကိုတော့ အီမိုဘီလီ Immobile ၊ မီလင်ကိုဗစ် Milinković တို့ကဦးဆောင်လာခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်း ဟာ လာဇီယိုအသင်းကို အသာစီးကနေကစားနိုင်ခဲ့ပေမယ့် ဂိုးရရှိဖို့ကတော့ အနည်းငယ်ခက်ခဲခဲ့ပါတယ်။ ပွဲချိန်မိနစ်(၃၀)မှာတော့ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုထားတဲ့ ကွင်းလယ်ကစားသမား ယာနစ် Pjanić ဟာသူ့ရဲ့ပုံစံအတိုင်းပဲ ကောင်းမွန်တဲ့ကန်ချက်နဲ့ ဂျူဗင်တပ်စ်အသင်း အတွက်သွင်းဂိုးသွင်းယူခဲ့ပါတယ်။ ပထမပိုင်းမှာ ဂျူဗင်တပ်စ်အသင်းဟာ လာဇီယိုအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့သလို အသင်းရဲ့တိုက်စစ်မှုး စီရော်နယ်လ်ဒို Cristiano Ronaldo ဟာလည်း ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပထမပိုင်းပြီးခါနီးမှာ လာဇီယိုကွင်းလယ်လူ ပါရိုလို Parolo အပိုင်ခေါင်းတိုက်ခွင့် ရရှိခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

Matuidi-and-Pjanić

Matuidi-and-Pjanić

ဒုတိယပိုင်းမှာလည်း လာဇီယိုအသင်းဟာ ချေပဂိုးရဖို့ ထိရောက်တဲ့ဂိုးပေါက် ကန်သွင်းချက်တွေပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ဂိုးဧရိယာထိပ်ကနေ ပြင်းထန်တဲ့ကန်ချက်ကို လာဇီယို ဂိုးသမားလက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ပွဲချိန်(၇၅)မိနစ်မှာတော့ ညာတောင်ပံကချိုးပေးလိုက်တဲ့ ဘောလုံးကို စီရော်နယ်လ်ဒို Cristiano Ronaldo အပိုင်ပိတ်သွင်းဖို့ အခွင့်အရေးရခဲ့ပေမယ့် လွဲချော်ခဲ့တာကြောင့် အနောက်မှာ အသင့်ရှိနေတဲ့ မန်ဇူကစ် Mandžukić က ပြေးဝင်ကန်သွင်းပြီး အသင်းအတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကိုသွင်းယူပေးခဲ့ပါတယ်။

Cristiano-Ronaldo-and-Mandžukić

Cristiano-Ronaldo-and-Mandžukić

ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေ(၂)ပွဲဆက် နိုင်ပွဲရရှိခဲ့ပေမယ့် အသင်းရဲ့တိုက်စစ်မှုး စီရော်နယ်လ်ဒို Cristiano Ronaldo ဟာတော့ ဂိုးပေါက်ပျောက်နေဆဲပဲဖြစ်ပါတယ်။ ရှေ့လာမယ့် ပွဲစဉ်တွေမှာ စီရော်နယ်လ်ဒို Cristiano Ronaldo အနေနဲ့ အသင်းအတွက်သွင်းဂိုးသွင်းယူပေးနိုင်ဖို့ လိုအပ်နေပြီလို့ပဲ ဆိုရမှာပါ။

Photo: Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com