[Zawgyi]

အခ်စ္ေလးနဲ႕ အတူတူေစ်း၀ယ္ထြက္ရင္းသာယာေနတဲ့ Justin Bieber

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသဲေက်ာ္ အဆုိေတာ္ ဂ်က္စတင္ဘီဘာ(Justin Bieber) ကေတာ့ သူ႕ရဲ႕အခ်စ္ေလး ေမာ္ဒယ္လ္ ေဟလီဘက္ဒ္၀င္ (Hailey Badwin) နဲ႕ေစ့စပ္လုိက္ျပီးမွ ပုိျပီး ရုိမက္တစ္ဆန္ျပေနသလားမွတ္ရပါတယ္။ ဘီဘာကုိခ်စ္ခင္အားေပးတဲ့ မိန္းကေလးပရိသတ္အမ်ားစုကေတာ့ ဘီဘာ တုိ႕စုံတြဲရဲ႕ အခုလုိေပ်ာ္ရႊင္ၾကည္ႏူးပုံေတြထပ္ျမင္လုိက္ရင္ အျမင္ေတြကပ္ေနေလာက္မွာ ေသခ်ာပါတယ္။

Justin and Hailey

ဇူလုိင္လ(၂၈)ရက္ေန႕က နယူးေယာက္စီးတီးျမိဳ႕က အစားအေသာက္စတုိးဆုိင္ေလးတစ္ဆုိင္မွာ ပူပူေႏြးေႏြးေစ့စပ္ထားၾကတဲ့ ဘီဘာ နဲ႕ ေဟလီ တုိ႕ စုံတြဲ ရဲ႕ ႏွစ္ေယာက္သားၾကည္ၾကည္ႏူးႏူး ေစ်း၀ယ္ထြက္ေနတဲ့ ပုံေတြကုိ Daily Mail သတင္းဌာနက ေဖာ္ျပထားပါတယ္။အခ်စ္ၾကဳိးေတြတစ္ရစ္ထပ္တုိးထားတဲ့ သူတုိ႕စုံတြဲဟာ အိမ္ေထာင္ရက္သားက်ျပီးသားဇနီးေမာင္ႏွံေတြလုိပဲ လက္ခ်င္းတြဲျပီး ပစၥည္းတြန္းလွည္းျခင္းကုိင္ရင္း မုန္႕ေတြ၀ယ္ေနၾကတာကုိေတြ႕ရပါတယ္။ အသက္(၂၁)ႏွစ္အရြယ္ ေဟလီ က ဂ်င္းအက်ၤီခပ္ပြပြကုိ ၀တ္ဆင္ထားျပီး အသက္(၂၄)ႏွစ္အရြယ္ ဘီဘာကေတာ့ ဟူဒီအပြၾကီး၀တ္ကာ ဦးထုတ္အ၀ါေရာင္ေလး ေဆာင္းထားတာျဖစ္ပါတယ္။


လြန္ခဲ့တဲ့ ရက္ပုိင္းက ထြက္ေပၚလာတဲ့အတြင္းသတင္းေတြအရ ဘီဘာ ရဲ႕ ေနအိမ္မွာ ေဟလီ တစ္ေယာက္ အတူတူေနေနတယ္လုိ႕ သိရျပီး စေန၊ တနဂၤေႏြ အားလပ္ရက္ ညဘက္ေတြဆုိရင္ နီးစပ္ရာစူပါမားကတ္ေတြမွာ ႏွစ္ေယာက္သားအတူတူ တစ္ပတ္တစ္ခါ ခ်က္ျပဳတ္စားေသာက္ဖုိ႕ ေစ်းထြက္၀ယ္ေလ့ရွိတယ္လုိ႕သိရပါတယ္။


ဘီဘာဟာ ဘယ္မိန္းကေလးကုိမွ ေလးေလးနက္နက္မခ်စ္ခဲ့ဖူးသူမုိ႕ အခုလုိ ေဟလီကုိ ေစ့စပ္လုိက္တဲ့အထိ ပုံေအာခ်စ္လုိက္ပုံအရ တကယ္ခ်စ္မိသြားတာျဖစ္ႏုိင္တယ္လုိ႕ အတြင္းလူေတြက ေျပာၾကားထားၾကပါတယ္။ ဘီဘာတစ္ေယာက္ ဆလီနာနဲ႕တြဲခဲ့စဥ္မွာ ဆလီနာရဲ႕မိဘေတြဘက္က သေဘာမတူခဲ့ေပမယ့္ ေဟလီရဲ႕ မိသားစု၀င္ေတြကေတာ့ ဘီဘာကုိ မိသားစု၀င္တစ္ေယာက္လုိပဲ သေဘာထားၾကတယ္လုိ႕ ဆုိပါတယ္။ မိုးမျမင္ေလမျမင္ ခ်စ္မိသြားတဲ့ ဘီဘာတစ္ေယာက္ ေဟလီနဲ႕က်မွ အိမ္ေထာင္ရွင္ၾကီး ျဖစ္ေတာ့မွာလားဆုိတာ စိတ္၀င္စားစရာပါပဲ။

Stella (Akhayar)

www.Akhayar.com 

[Unicode]

အချစ်လေးနဲ့ အတူတူဈေးဝယ်ထွက်ရင်းသာယာနေတဲ့ Justin Bieber

နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော် အဆိုတော် ဂျက်စတင်ဘီဘာ(Justin Bieber) ကတော့ သူ့ရဲ့အချစ်လေး မော်ဒယ်လ် ဟေလီဘက်ဒ်ဝင် (Hailey Badwin) နဲ့စေ့စပ်လိုက်ပြီးမှ ပိုပြီး ရိုမက်တစ်ဆန်ပြနေသလားမှတ်ရပါတယ်။ ဘီဘာကိုချစ်ခင်အားပေးတဲ့ မိန်းကလေးပရိသတ်အများစုကတော့ ဘီဘာ တို့စုံတွဲရဲ့ အခုလိုပျော်ရွှင်ကြည်နူးပုံတွေထပ်မြင်လိုက်ရင် အမြင်တွေကပ်နေလောက်မှာ သေချာပါတယ်။

Justin and Hailey

ဇူလိုင်လ(၂၈)ရက်နေ့က နယူးယောက်စီးတီးမြို့က အစားအသောက်စတိုးဆိုင်လေးတစ်ဆိုင်မှာ ပူပူနွေးနွေးစေ့စပ်ထားကြတဲ့ ဘီဘာ နဲ့ ဟေလီ တို့ စုံတွဲ ရဲ့ နှစ်ယောက်သားကြည်ကြည်နူးနူး ဈေးဝယ်ထွက်နေတဲ့ ပုံတွေကို Daily Mail သတင်းဌာနက ဖော်ပြထားပါတယ်။ အချစ်ကြိုးတွေတစ်ရစ်ထပ်တိုးထားတဲ့ သူတို့စုံတွဲဟာ အိမ်ထောင်ရက်သားကျပြီးသားဇနီးမောင်နှံတွေလိုပဲ လက်ချင်းတွဲပြီး ပစ္စည်းတွန်းလှည်းခြင်းကိုင်ရင်း မုန့်တွေဝယ်နေကြတာကိုတွေ့ရပါတယ်။ အသက်(၂၁)နှစ်အရွယ် ဟေလီ က ဂျင်းအင်္ကျီခပ်ပွပွကို ဝတ်ဆင်ထားပြီး အသက်(၂၄)နှစ်အရွယ် ဘီဘာကတော့ ဟူဒီအပွကြီးဝတ်ကာ ဦးထုတ်အဝါရောင်လေး ဆောင်းထားတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်လာတဲ့အတွင်းသတင်းတွေအရ ဘီဘာ ရဲ့ နေအိမ်မှာ ဟေလီ တစ်ယောက် အတူတူနေနေတယ်လို့ သိရပြီး စနေ၊ တနင်္ဂနွေ အားလပ်ရက် ညဘက်တွေဆိုရင် နီးစပ်ရာစူပါမားကတ်တွေမှာ နှစ်ယောက်သားအတူတူ တစ်ပတ်တစ်ခါ ချက်ပြုတ်စားသောက်ဖို့ ဈေးထွက်ဝယ်လေ့ရှိတယ်လို့သိရပါတယ်။


ဘီဘာဟာ ဘယ်မိန်းကလေးကိုမှလေးလေးနက်နက်မချစ်ခဲ့ဖူးသူမို့ အခုလို ဟေလီကို စေ့စပ်လိုက်တဲ့အထိ ပုံအောချစ်လိုက်ပုံအရ တကယ်ချစ်မိသွားတာဖြစ်နိုင်တယ်လို့ အတွင်းလူတွေက ပြောကြားထားကြပါတယ်။ ဘီဘာတစ်ယောက် ဆလီနာနဲ့တွဲခဲ့စဉ်မှာ ဆလီနာရဲ့မိဘတွေဘက်က သဘောမတူခဲ့ပေမယ့် ဟေလီရဲ့ မိသားစုဝင်တွေကတော့ ဘီဘာကို မိသားစုဝင်တစ်ယောက်လိုပဲ သဘောထားကြတယ်လို့ ဆိုပါတယ်။မိုးမမြင်လေမမြင် ချစ်မိသွားတဲ့ ဘီဘာတစ်ယောက် ဟေလီနဲ့ကျမှ အိမ်ထောင်ရှင်ကြီး ဖြစ်တော့မှာလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Stella (Akhayar)

www.Akhayar.com