[Zawgyi]

အေပၚပိုင္းအက်ီၤမပါပံုကို IG မွာတင္ျပီး တက္တူးေတြ ၾကြားခဲ့တဲ့ Justin Bieber

Justin Bieber ဟာ တက္တူးေတြကို ေရလည္ၾကိဳက္သလို သူ႔ရဲ့ ဘာသာတရားအေပၚယံုၾကည္သက္ဝင္မႈကိုလည္း ျပသဖို႔ လက္မေႏွးတတ္သူပါ။ Instagram မွာ တင္ထားတဲ့ စာသားမွာေတာ့ “အႏုပညာကို ခ်စ္ျမတ္ႏုိးသလို ကၽြန္ေတာ့္ခႏၶာကိုယ္ကို ကင္းဗတ္စအေနနဲ႔ အသံုးခ်ရတာလည္း သေဘာပါတယ္၊ ဒါအရမ္းကို ေပ်ာ္စရာေကာင္းတာပါပဲ” လို႔လည္း ေရးထားပါေသးတယ္။

သူ႔ရဲ့ ရင္အုပ္ပိုင္းမွာရွိတဲ့ တက္တူးအမ်ားစုကိုေတာ့ နာမည္ၾကိီးတက္တူးဆရာ Bang Bang နဲ႔ ၂၀၁၇ ခုႏွစ္က ထုိးထားခဲ့တာ ျဖစ္ပါတယ္။သူ႔ရဲ့ ေနာက္ဆံုးတက္တူးတစ္ခုဆိုရင္ အျပီီးသတ္ဖို႔ ၃ ရက္ထိ ၾကာခဲ့ပါတယ္။ တက္တူးေတြကို သူဟာ တျဖည္းျဖည္းခ်င္းထိုးခဲ့တာ ျဖစ္ျပီး ရုပ္ပံုတက္တူးေတြတင္မဟုတ္ဘဲ စာသားေတြ အျဖစ္ “Son of God” ၊ “Forgive” ၊ သူ႔သီခ်င္း “Believe” နဲ႔ သူ႔အယ္လ္ဘမ္ “Purpose” အတြက္ စာသားေတြပါ ပါပါတယ္။

ဒါေတြတင္မဟုတ္ဘဲ ျခေသၤ့၊ က်ား၊ ဝက္ဝံနဲ႔ သိမ္းငွက္ရုပ္ေတြ ရွိသလို ရဲတုိက္၊ မ်က္လံုးေတြ၊ တိမ္တိုက္ေတြကိုလည္း ဆြဲထားခဲ့ပါတယ္။  သူ႔အေမနဲ႔ အေဖေမြးဖြားခဲ့တဲ့ ၁၉၇၅ ခုႏွစ္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ I IX VII V ဆိုျပီး ေရာမဂဏန္းေတြကိုလည္း ၂၀၁၃ ခုႏွစ္မွာ ထိုးခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ့ ဘယ္လက္ေမာင္းမွာရွိတဲ့ က်ားရုပ္တက္တူးကိုလည္း တစ္ႏွစ္တည္းမွာ ထိုးထားခဲ့တာပါ။

Justin bieber's tattoo Akhayar Entertainment

၂၀၁၄ ခုႏွစ္မွာေတာ့ JB ဟာ Cross အမွတ္အသားကို ရင္ဘတ္မွာ ေရးထိုးခဲ့ျပီး ဘယ္ဘက္္လက္ေမာင္းကိုလည္း အရုပ္ျပည့္ထိုးခဲ့ပါတယ္။

justin bieber's tattoo 1 Akhayar Entertainment

၂၀၁၆ မွာမွ သူ႔ရဲ့ ဝမ္းပ်ဥ္းမွာ Son of God လို႔ ေရးထိုးခဲ့တာ ျဖစ္ပါတယ္။

Justin bieber's tattoos Akhayar Entertainment

၂၀၁၇ ခုႏွစ္မွာေတာ့ ရင္ဘတ္တစ္ဖက္တစ္ခ်က္ဆီမွာ ဝက္ဝံနဲ႔ ျခေသၤ့ရုပ္ေတြ ေရးထိုးခဲ့သလို ေတာင္ပံျဖန္႔ေနတဲ့ သိမ္းငွက္ရုပ္ကိုပါ ေရးထုိးခဲ့သူပါ။ ဒါေပမယ့္ ဘယ္အရုပ္ပဲ ထုိးသည္ျဖစ္ေစ အေကာင္းဘက္နဲ႔ အဆိုးဘက္ခ်ိန္ညွိျပီး အျမင္ပိုင္းဆုိင္ရာအရေရာ ဆန္႔က်င္ဘက္သေဘာေတြ ေပၚေအာင္ ေသခ်ာေရးထိုးတတ္သူပါ။

ဒါမွမဟုတ္လည္း အရင္လို ႏုႏုငယ္ငယ္ကေလးရုပ္ကေန လူၾကီးဆန္ ေယာက်ာ္းပီသတဲ့ပံုေပၚေအာင္ တက္တူးေတြနဲ႔ အားျဖည့္တာလည္း ျဖစ္ႏုိင္ပါတယ္။

ရိုးလူ (Akhayar)

www.akhayar.com
[Unicode]

အပေါ်ပိုင်းအကျီၤမပါပုံကို IG မှာတင်ပြီး တက်တူးတွေ ကြွားခဲ့တဲ့ Justin Bieber

Justin Bieber ဟာ တက်တူးတွေကို ရေလည်ကြိုက်သလို သူ့ရဲ့ ဘာသာတရားအပေါ်ယုံကြည်သက်ဝင်မှုကိုလည်း ပြသဖို့ လက်မနှေးတတ်သူပါ။ Instagram မှာ တင်ထားတဲ့ စာသားမှာတော့ “အနုပညာကို ချစ်မြတ်နိုးသလို ကျွန်တော့်ခန္ဓာကိုယ်ကို ကင်းဗတ်စအနေနဲ့ အသုံးချရတာလည်း သဘောပါတယ်၊ ဒါအရမ်းကို ပျော်စရာကောင်းတာပါပဲ” လို့လည်း ရေးထားပါသေးတယ်။

သူ့ရဲ့ ရင်အုပ်ပိုင်းမှာရှိတဲ့ တက်တူးအများစုကိုတော့ နာမည်ကြီးတက်တူးဆရာ Bang Bang နဲ့ ၂၀၁၇ ခုနှစ်က ထိုးထားခဲ့တာ ဖြစ်ပါတယ်။သူ့ရဲ့ နောက်ဆုံးတက်တူးတစ်ခုဆိုရင် အပြီးသတ်ဖို့ ၃ ရက်ထိ ကြာခဲ့ပါတယ်။ တက်တူးတွေကို သူဟာ တဖြည်းဖြည်းချင်းထိုးခဲ့တာ ဖြစ်ပြီး ရုပ်ပုံတက်တူးတွေတင်မဟုတ်ဘဲ စာသားတွေ အဖြစ် “Son of God” ၊ “Forgive” ၊ သူ့သီချင်း “Believe” နဲ့ သူ့အယ်လ်ဘမ် “Purpose” အတွက် စာသားတွေပါ ပါပါတယ်။

ဒါတွေတင်မဟုတ်ဘဲ ခင်္သြေ့၊ ကျား၊ ဝက်ဝံနဲ့ သိမ်းငှက်ရုပ်တွေ ရှိသလို ရဲတိုက်၊ မျက်လုံးတွေ၊ တိမ်တိုက်တွေကိုလည်း ဆွဲထားခဲ့ပါတယ်။  သူ့အမေနဲ့ အဖေမွေးဖွားခဲ့တဲ့ ၁၉၇၅ ခုနှစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ I IX VII V ဆိုပြီး ရောမဂဏန်းတွေကိုလည်း ၂၀၁၃ ခုနှစ်မှာ ထိုးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဘယ်လက်မောင်းမှာရှိတဲ့ ကျားရုပ်တက်တူးကိုလည်း တစ်နှစ်တည်းမှာ ထိုးထားခဲ့တာပါ။

Justin bieber's tattoo Akhayar Entertainment

၂၀၁၄ ခုနှစ်မှာတော့ JB ဟာ Cross အမှတ်အသားကို ရင်ဘတ်မှာ ရေးထိုးခဲ့ပြီး ဘယ်ဘက်လက်မောင်းကိုလည်း အရုပ်ပြည့်ထိုးခဲ့ပါတယ်။

justin bieber's tattoo 1 Akhayar Entertainment

၂၀၁၆ မှာမှ သူ့ရဲ့ ဝမ်းပျဉ်းမှာ Son of God လို့ ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

Justin bieber's tattoos Akhayar Entertainment

၂၀၁၇ ခုနှစ်မှာတော့ ရင်ဘတ်တစ်ဖက်တစ်ချက်ဆီမှာ ဝက်ဝံနဲ့ ခင်္သြေ့ရုပ်တွေ ရေးထိုးခဲ့သလို တောင်ပံဖြန့်နေတဲ့ သိမ်းငှက်ရုပ်ကိုပါ ရေးထိုးခဲ့သူပါ။ ဒါပေမယ့် ဘယ်အရုပ်ပဲ ထိုးသည်ဖြစ်စေ အကောင်းဘက်နဲ့ အဆိုးဘက်ချိန်ညှိပြီး အမြင်ပိုင်းဆိုင်ရာအရရော ဆန့်ကျင်ဘက်သဘောတွေ ပေါ်အောင် သေချာရေးထိုးတတ်သူပါ။

ဒါမှမဟုတ်လည်း အရင်လို နုနုငယ်ငယ်ကလေးရုပ်ကနေ လူကြီးဆန် ယောကျာ်းပီသတဲ့ပုံပေါ်အောင် တက်တူးတွေနဲ့ အားဖြည့်တာလည်း ဖြစ်နိုင်ပါတယ်။