[Zawgyi]






www.akhayar.com

[Unicode]

ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း Justin Bieber ဆံပင်ညှပ်လိုက်ပြီ

ပြီးခဲ့တဲ့ တစ်နွေလုံး ဆံပင်အရှည်ထားခဲ့တဲ့ Justin Bieber ကို သူ့ရဲ့ ပရိသတ်တွေက သူ့ Hair Style ဟာ Hailey Baldwin နဲ့ အရောင်၊ ထားတဲ့ စတိုင် တူအောင်ထားတယ်လို့ ယူဆနေကြပေမယ့် ဆံပင်ဖိုသီဖတ်သီနဲ့ သူ့ကို သိပ်မတွေ့ချင်ကြတာတော့အမှန်ပါပဲ။

အခုတော့ ပရိသတ်တွေ အားလုံးပျော်သွားအောင် JB ဟာ သူ့ရဲ့ ရွှေရောင်ဖျော့ဆံပင်ကို ညှပ်ပစ်လိုက်ပြီး Instagram Story မှာ Selfie အသစ်ကို တင်ခဲ့ပါတယ်။ ဒီဆံပင်နဲ့မှ ပိုပြီး သပ်ရပ်လှပသွားတယ်လို့ ထင်ရပါတယ်။

အရင်ဆံပင်အရှည်တုန်းက ခေါင်းစည်းတွေ၊ ဦးထုပ်တွေ ဆံပင်အရှည်ကြီး တဖွာဖွာနဲ့ သူ့မျက်နှာကို ဖုံးထားလေ့ရှိပေမယ့် အခုတော့ မျက်နှာလေးကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပါပြီ။

ဘယ်လိုပဲ ဆံပင်ပုံစံပြောင်းသွားလည်း Hailey က သူ့ကို အမြဲတမ်းချစ်နေမှာ ဖြစ်ပြီးဘာပဲ လုပ်လုပ် ထောက်ခံအားပေးနေမယ့် သူလေးလည်း ဖြစ်ပါတယ်။

www.akhayar.com

Source : cosmopolitan.com, eonline.com