[Zawgyi]
Yoe Lu (Akhayar)
www.akhayar.com
Source : Billboard.com
[Unicode]
Justin Bieber တောင် ချီးကျူးလိုက်တဲ့ Ariana Grande ရဲ့ ‘Thank U, Next’
Ariana Grande ရဲ့ နိုဝင်ဘာလ ၃ ရက်နေ့က ထွက်ရှိထားတဲ့ သီချင်းသစ် ‘Thank U, Next’ ဟာ အခုဆိုရင် လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ညည်းမိနေလောက်ပြီ ထင်ပါတယ်။ ဒီလူတွေထဲမှာ ယူတို့ရဲ့ အသည်းကျော်လေး Justin Bieber လည်း အပါအဝင်ဖြြစ်ပီး Twitter မှာတောင် Tweet လုပ်ပြီး ချီးကျူးခဲ့ပါတယ်။
“Thank you next is a bop. My favorite song. Least this song is smash. Fire,” ဆိုပြီး Tweet လုပ်ထားခဲ့တာပါ။
ဒီသီချင်းဟာ Ariana Grande က ကိုယ့်ဘာသာ ပြန်ရေးတဲ့ ရည်းစားစာလို ဖြစ်ပြီး အတိတ်က သူနဲ့ ပက်သက်ခဲ့တဲ့ ရည်းစားဟောင်းတွေရဲ့ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းဖော်ပြထားတဲ့ သီချင်းလည်း ဖြစ်ပါတယ်။ “ရည်းစားဟောင်းတွေကို ကျေးဇူးတင်ကြောင်းနဲ့ သူဘယ်လို ဖြတ်သန်းလာရတယ်ဆိုတာကို ရိုးရိုးရှင်းရှင်းလေး ဖော်ပြထားတဲ့ သီချင်းလည်း ဖြစ်ပါတယ်။
Catchy ဖြစ်တဲ့ သီချင်းစာသားတွေ ပါဝင်သလို “one taught me love, one taught me patience, one taught me pain” ဆိုတဲ့ စာသားဟာ Social Media မှာ လုံးဝကို Hit ဖြစ်နေတဲ့ စာသားလည်း ဖြစ်တဲ့အတွက် Ariana Grande ရဲ့ သီချင်းကို ခံစားကြည့်ဖို့ ဆန္ဒပြုပါတယ်။
ဒီသီချင်းလေးကို နားထောင်ပြီး ကိုယ်တိုင်ရော Ex တွေနဲ့ ပက်သက်ပြီး ဘယ်လို ခံစားချက်တွေ ရှိလဲဆိုတာ မျှဝေလို့ ရပါတယ်နော်။
Yoe Lu (Akhayar)
www.akhayar.com
Source : Billboard.com