[Zawgyi]












Style&Grace



Yoe Lu (Akhayar)

www.akhayar.com

Ref : people.com
[Unicode]

လူမြင်သူမြင် ကြင်နာခြင်းတွေ ပြသလိုက်ပြန်တဲ့ Justin Bieber နဲ့ Hailey Baldwin

‘Sorry’ သီချင်းရဲ့ ပိုင်ရှင် Justin Bieber ကတော့ အချစ်နဲ့ ပတ်သက်ရင် ဆောရီးလို့ ပြောမယ့်ပုံမပေါ်ပါဘူး။ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Justin Bieber နဲ့ အသက် ၂၁နှစ်ရှိပြီဖြစ်တဲ့ Drop the Mic အစီအစဉ်တင်ဆင်သူ Hailey Baldwin တို့ကို Brooklyin Garden မှာ အနမ်းတွေ ခြွေနေတာကို သိကြပြီးသား ဖြစ်မှာပါ။

Justin Bieber and Hailey Baldwin

Justin Bieber and Hailey Baldwin

အခုလည်း Justin Bieber ဟာ Hailey Baldwin ကို နဖူးကို နမ်းနေတဲ့ ပုံလေးတွေ တက်လာပါတယ်။

Justin Bieber and Hailey Baldwin

Justin Bieber and Hailey Baldwin

ဒီစုံတွဲဟာ စနေ၊ တနင်္ဂနွေတွေကို တူတူအချိန်ဖြုန်းဖို့အတွက် Hamptons ကို သွားခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ကို Sag Harbor မှာ ပွေ့ဖက်လျက်သားတွေ့ရပြီး ဒီလို တူတူကဲခဲ့တာကို Hailey က IG မှာ တင်ခဲ့ပါသေးတယ်။

mood for the rest of the summa

A post shared by Hailey Baldwin (@haileybaldwin) on

သူတို့နှစ်ယောက်ဟာ Bang Bang Tattoos ကိုလည်း သွားခဲ့ပြီး အဲဒီက Artist ဖြစ်တဲ့ Jon Boy က JB တို့အတွဲနဲ့ အတူ ဓာတ်ပုံရိုက်ပြီး တင်ခဲ့ပါတယ်။

Style&Grace

A post shared by c/s ∴jon✞boy∴ p/v (@jonboytattoo) on

သူတို့နိုင်ငံမှာ ဆယ်လီတွေဟာ တစ်ယောက်ကို တစ်ယောက်ချစ်ကြောင်း ကြင်နာကြောင်းကို လူရှေ့သူရှေ့မှာ လိုတာထက် ပိုမပြကြပါဘူး။ အခုတော့ Justin Bieber နဲ့ Hailey Baldwin လိုအတွဲတွေ၊ Ariana Grande နဲ့ Pete Davidson တို့အတွဲတွေဟာ လူရှေ့သူရှေ့အရမ်းချစ်ပြနေတဲ့အတွက် Trend အသစ်တစ်ခုလားလို့တောင် မေးရပါတော့မယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : people.com