[Zawgyi]











Yoe Lu (Akhayar)

www.akhayar.com

[Unicode]

Hailey Baldwin ကိုယ်ဝန်ရှိနေပြီလားလို့ မေးခံရတဲ့အပေါ် ဒေါသထွက်သွားတဲ့ Justin Bieber

Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ ချစ်ခရီးလမ်း လျှောက်လမ်းမှုဟာ အရမ်းကို မြန်ဆန်နေတဲ့အတွက် လူတွေက ဘာကြောင့် ဒီလောက်မြန်ရတာလဲဆိုတာကို အရမ်းစိတ်ဝင်စားနေကြပါတယ်။ ဒါကြောင့်ပဲ Justin Bieber ကို သတင်းမီဒီယာတစ်ခုက ကင်မရာသမားတစ်ယောက်က “Hailey မှာ အခု ကိုယ်ဝန်ရှိနေပြီလား၊ မင်းက မင်းတို့နှစ်ယောက်ဟာ မိသားစုတွေလိုပဲလို့ ပြောထားတဲ့အတွက် Hailey ကိုယ်ဝန်ရှိနေတာမလား” လို့ မေးမြန်းခဲ့ပါတယ်။

Justin Bieber and Hailey Baldwin

Justin Bieber and Hailey Baldwin

အဲဒီမေးခွန်းကို Justin Bieber ကြားတဲ့အချိန်မှာ စိတ်ဆိုးဒေါသထွက်သွားပုံရပြီး “ခင်ဗျားဘာဖြစ်ချင်နေတာလဲ” လို့ အဓိပ္ပာယ်ရတဲ့ မေးခွန်းကို အဲဒီဘဲကို လှည့်မေးလိုက်ပါတယ်။ ပြီးတော့မှ “You just seem too like, you just seem too normal to be doing this job. I just don’t understand why you gotta try to get a rise, you know what I’m saying?” ဆိုပြီး ပြန်မေးခဲ့ပါတယ်။

Justin Bieber and Hailey Baldwin

Justin Bieber and Hailey Baldwin

Justin Bieber and Hailey Baldwin

Justin Bieber and Hailey Baldwin

Justin Bieber နဲ့ Hailey Baldwin ဟာ ဇူလိုင်လ ၇ရက်နေ့ Bahamas ကို အပျော်ခရီးထွက်နေတဲ့အချိန်မှာ စေ့စပ်ခဲ့ကြတာ ဖြစ်ပါတယ်။ Justin Bieber ဟာ Hailey ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းကို မေးတဲ့အခါ စိတ်ဆိုးသွားပုံရပေမယ့် လုံးဝငြင်းဆန်ခြင်းလည်း မပြုတဲ့အတွက် ပရိသတ်တွေကတော့ ဆက်ပြီး စိတ်ဝင်စားနေခဲ့ကြပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : Harpersbazzar.com