[Zawgyi]
Selena and her mom
ရိုးလူ (Akhayar)
www.akhayar.com
Ref : www.eonline.com
[Unicode]
Justin Bieber နဲ့ Selena Gomez တို့ တကယ်မပြတ်ဘူးတဲ့နော်
JB နဲ့ Selena တို့ရဲ့ နိုဝင်ဘာလလောက်ကစတဲ့ ပြန်ပေါင်းထုပ်ဇာတ်လမ်းအပြီးမှာ အခုတစ်ခါ သူတို့ကို ပြန်ပြတ်ကြပြီလားဆိုပြီး သို့လော သို့လော မေးခွန်းတွေ ထွက်လာပြန်ပါပြီ။ ဒါပေမယ့် ဒီသတင်းတွေအမှန်မဟုတ်ဘဲ၊သူတို့နှစ်ယောက်ရဲ့ ပရိသတ်တွေ စိုးရိမ်နေသလို ပြတ်သွားကြတာမဟုတ်ဘဲ သူတို့ကြား ကိုယ်ပိုင်အချိန်နဲ့ Personal Space လေးတွေ ယူကြတာသာ ဖြစ်ပါသတဲ့။
ရင့်ကျက်လာတဲ့ Justin Bieber နဲ့ Selena
အတွင်းလူတစ်ယောက်ပြောတာတော့ “ သိပ်မကြာခင်က သူတို့နှစ်ယောက် ပြဿနာနည်းနည်းတက်ပြီး ရန်ဖြစ်တာလေးတွေ ရှိပေမယ့် အခုထိလည်း အဆက်အသွယ်ရှိနေပြီး တစ်ယောက်ပေါ်တစ်ယောက်ထားတဲ့ ခံစားချက်တွေလည်း မပြောင်းလဲသေးပါဘူး”တဲ့။ဒါကြောင့်ပဲ လမ်းခွဲဖို့အစား တစ်ယောက်နဲ့ တစ်ယောက်နည်းနည်းဝေးဝေးနေပြီး ကိုယ်ပိုင်အချိန်ထားဖို့ လုပ်နေကြတာပါ။
ဆယ်လီနာ့ဘက်ကလည်း သူ့အမေ Mandy Teefy ကို JB နဲ့ သူပြန်ကြိုက်တဲ့ကိစ္စမှာ အဆင်ပြေအောင် ဖြောင်းဖြနေရပါတယ်။ Mandy အနေနဲ့တော့ JB နဲ့ ပြန်ပေါင်းထုပ်အပြီးမှာ သူ့သမီးထပ်အဆင်မပြေမှာကို စိတ်ပူနေပုံပါပဲ။
Selena and her mom
ဘာပဲ ဖြစ်ဖြစ်ပါ။ JB ပရိသတ်တွေရော ၊ Selena ပရိသတ်တွေရော စိတ်ပူနေတဲ့ သူတို့နှစ်ယောက်ပြတ်စဲရေးဆိုတာတော့ တကယ်မဟုတ်ဘဲ တစ်ယောက်နဲ့ တစ်ယောက် Personal Space ပေးရုံပါတဲ့ ပရိသတ်ကြီးရေ။
Justin Bieber and his mom
ရိုးလူ (Akhayar)
www.akhayar.com
Ref : www.eonline.com