[Zawgyi]

Date အျပီးမွာ ကိုယ္ပိုင္ေလယာဥ္နဲ႔ ျပန္သြားၾကတဲ့ Justin Bieber နဲ႔ Hailey Baldwin တို႔ စံုတြဲ

Justin Bieber နဲ႔ အေမရိကန္ေမာ္ဒယ္မေလး Hailey Baldwin တို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးကေတာ့ အရွိန္ျမင့္သထက္ ျမင့္လာပါျပီ။ Bieber နဲ႔ Baldwin တို႔ဟာ VOUS conference တက္ေရာက္ဖို႔အတြက္ Miami ကို ေရာက္ေနၾကရာက Movie Date အျပီး အဂါၤေန႔မွာ ကိုယ္ပိုင္ေလယာဥ္နဲ႔ ျပန္လည္ထြက္ခြာသြားၾကတာကို ေတြ႔ခဲ့ရပါတယ္။

ကိုယ္ပုိင္ေလယာဥ္နဲ႔ အျပန္

ကိုယ္ပုိင္ေလယာဥ္နဲ႔ အျပန္

ျပီးခဲ့တဲ့ တနလၤာေန႔တုန္းက သူတို႔အတြဲရဲ့ ပံုရိပ္ေတြကို ရုပ္ရွင္ၾကည့္ျပီး ျပန္ထြက္လာခ်ိန္ Miami ကမ္းေျခမွာ မီဒီယာေတြနဲ႔ ပရိသတ္ေတြက သတိထားမိခဲ့ၾကပါတယ္။ ႏွစ္ေယာက္လံုးဟာ VOUS တံဆိပ္ Sweatpants ေတြနဲ႔ ေပါ့ေပါ့ပါးပါးပဲ ဝတ္ထားၾကပါတယ္။

Miami မွာ ေတြ႔ရစဥ္

Miami မွာ ေတြ႔ရစဥ္

Miami မွာ ရွိေနတဲ့ တစ္ပတ္လံုးကေတာ့ သူတို႔ႏွစ္ေယာက္ ကလပ္ကိုတူတူလာတာလည္းေတြ႔လိုက္သလို ေရကူးကန္ေဘးနဲ႔ ဝရန္တာတစ္ခုမွာ ႏွစ္ေယာက္သားၾကည္ႏူးေနၾကတဲ့ပံုေတြကလည္း သတင္းမီဒီယာေတြမွာ ပလူပ်ံေနခဲ့ပါတယ္။

ၾကည္ႏူးေနၾကစဥ္

ၾကည္ႏူးေနၾကစဥ္

Justin Bieber and Hailey Baldwin

Justin Bieber and Hailey Baldwin

သူတို႔ႏွစ္ေယာက္ဟာ အခုဆို ဒီတုိင္းခရီးတစ္ခုကို ႏွစ္ေယာက္တူတူသြားရံု အေပ်ာ္ Date တာလား၊ လက္တြဲေတြ ျမဲၾကမွာလားဆိုတာေတာ့ ဆက္လက္ၾကည့္ရႈရဦးမွာပါ။

Yoe Lu (Akhayar)

www.akhayar.com

Ref : etonline.com
[Unicode]

Date အပြီးမှာ ကိုယ်ပိုင်လေယာဉ်နဲ့ ပြန်သွားကြတဲ့ Justin Bieber နဲ့ Hailey Baldwin တို့ စုံတွဲ

Justin Bieber နဲ့ အမေရိကန်မော်ဒယ်မလေး Hailey Baldwin တို့နှစ်ယောက်ရဲ့ အချစ်ရေးကတော့ အရှိန်မြင့်သထက် မြင့်လာပါပြီ။ Bieber နဲ့ Baldwin တို့ဟာ VOUS conference တက်ရောက်ဖို့အတွက် Miami ကို ရောက်နေကြရာက Movie Date အပြီး အဂါၤနေ့မှာ ကိုယ်ပိုင်လေယာဉ်နဲ့ ပြန်လည်ထွက်ခွာသွားကြတာကို တွေ့ခဲ့ရပါတယ်။

ကိုယ်ပိုင်လေယာဉ်နဲ့ အပြန်

ကိုယ်ပိုင်လေယာဉ်နဲ့ အပြန်

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက သူတို့အတွဲရဲ့ ပုံရိပ်တွေကို ရုပ်ရှင်ကြည့်ပြီး ပြန်ထွက်လာချိန် Miami ကမ်းခြေမှာ မီဒီယာတွေနဲ့ ပရိသတ်တွေက သတိထားမိခဲ့ကြပါတယ်။ နှစ်ယောက်လုံးဟာ VOUS တံဆိပ် Sweatpants တွေနဲ့ ပေါ့ပေါ့ပါးပါးပဲ ဝတ်ထားကြပါတယ်။

Miami မှာ တွေ့ရစဉ်

Miami မှာ တွေ့ရစဉ်

Miami မှာ ရှိနေတဲ့ တစ်ပတ်လုံးကတော့ သူတို့နှစ်ယောက် ကလပ်ကိုတူတူလာတာလည်းတွေ့လိုက်သလို ရေကူးကန်ဘေးနဲ့ ဝရန်တာတစ်ခုမှာ နှစ်ယောက်သားကြည်နူးနေကြတဲ့ပုံတွေကလည်း သတင်းမီဒီယာတွေမှာ ပလူပျံနေခဲ့ပါတယ်။

ကြည်နူးနေကြစဉ်

ကြည်နူးနေကြစဉ်

Justin Bieber and Hailey Baldwin

Justin Bieber and Hailey Baldwin

သူတို့နှစ်ယောက်ဟာ အခုဆို ဒီတိုင်းခရီးတစ်ခုကို နှစ်ယောက်တူတူသွားရုံ အပျော် Date တာလား၊ လက်တွဲတွေ မြဲကြမှာလားဆိုတာတော့ ဆက်လက်ကြည့်ရှုရဦးမှာပါ။

Yoe Lu (Akhayar)

www.akhayar.com

Ref : etonline.com