[Zawgyi]

နယူးယောက်မြို့ပန်းခြံထဲမှာ အနမ်းတွေ ဖလှယ်ခဲ့ကြတဲ့ Justin Bieber နဲ့ Hailey Baldwin

Justin Bieber နဲ့ Hailey Baldwin တို့ တွဲနေကြပြီလို့ သတင်းထွက်ကြတဲ့အပေါ်မှာ သဘောတူတဲ့သူတွေလည်း ရှိ၊ သဘောမတူတဲ့သူတွေလည်း ရှိပေမယ့် ဒီသတင်းကတော့ တဖြည်းဖြည်းနဲ့ မှန်လာခဲ့ပါပြီ။

Justin Bieber and Hailey Baldwin

Justin Bieber and Hailey Baldwin

Justin Bieber နဲ့ Hailey Baldwin တို့ ဇွန်လ ၁၆ ရက်နေ့တုန်းက  ဘရွတ်ကလင်းပန်းခြံထဲမှာ ချစ်ကြည်နူးနမ်းရှုပ်နေတဲ့ ပုံတွေ၊ ဗီဒီယိုတွေ ထွက်ပေါ်လာခဲ့ပါပြီ။

ဓာတ်ပုံနဲ့ ဗီဒီယိုတွေထဲမှာတော့  အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Justin Bieber နဲ့ အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ Hailey တို့ဟာ တစ်ယောက်ကို တစ်ယောက်မှီနေရင်း အနမ်းတွေ ဖလှယ်ခဲ့ကြတာကို တွေ့ရမှာပါ။ သူတို့ပုံစံကြည့်ရတာ ဘေးမှာ လူတွေ ရှိနေပေမယ့်လည်း မိုးမမြင်လေမမြင် အချစ်ငှက်လေးတွေလိုပါပဲ။

A post shared by Justin Bieber (@justinbieber) on

အတွင်းလူတွေကတော့ “Hailey ဟာ Justin ကို အမြဲချစ်နေတဲ့သူ ဖြစ်ပြီးတော့ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းကောင်းတွေလည်း ဖြစ်ခဲ့ကြပါတယ်၊ ဒါကြောင့် ဒီလို ပြန်ကြိုက်သွားတာဟာ ထူးဆန်းစရာမဟုတ်ပါဘူး” လို့ ဆိုပါတယ်။

Justin Bieber နဲ့ Hailey Baldwin

Justin Bieber နဲ့ Hailey Baldwin

Justin Bieber နဲ့ Hailey Baldwin တို့ဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း Date ခဲ့တာ ဖြစ်ပြီး Justin Bieber က ၂၀၁၆ ခုနှစ် GQ နဲ့ လုပ်တဲ့ အင်တာဗျူးမှာ Hailey Baldwin နဲ့ အချစ်ရေးကို ဖွင့်ချခဲ့ဖူးပါတယ်။ အခုတဖန် ပြန်လည်လာတဲ့ သူတို့ နှစ်ယောက်ရဲ့ အချစ်ရေးဟာ မြဲသထက် မြဲလာပြီလို့တော့ ပြောလို့ ရပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.tmz.com