[Zawgyi]



















Yoe Lu (Akhayar)

www.akhayar.com

Ref : cnn.com
[Unicode]

ခပ်မြန်မြန်ပဲ စေ့စပ်လိုက်ကြပြီဖြစ်တဲ့ Justin Bieber နဲ့ Hailey Baldwin

အဆိုတော် Justin Bieber နဲ့ မော်ဒယ်လ် Hailey Baldwin တို့ဟာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေကပဲ စေ့စပ်လိုက်ပြီလို့ အတွင်းသတင်းတွေက အတည်ပြုခဲ့ပါတယ်။

Hailey Baldwin and Justin Bieber

Hailey Baldwin and Justin Bieber

သူတို့အတွဲဟာ ၂၀၁၆ ခုနှစ်မှာ ခဏတွဲခဲ့ပြီး ပြန်ကွဲကွာသွားခဲ့ဖူးပါတယ်။ ဒီတစ်ခါ ပြန်တွဲတဲ့အခါမှာတော့ စေ့စပ်တဲ့အထိကို ခရီးရောက်ခဲ့ပါပြီ။

လတ်တလော လူမှုကွန်ရက်တွေမှာတော့ သူတို့အတွဲ ဘဟားမားမှာ ပျော်မြူးကြည်နူးနေတဲ့ ပုံတွေ တက်လာခဲ့ပါတယ်။

ဒီလို စေ့စပ်တာကိုလည်း Justin Bieber ရဲ့ အဖေ Jeremy Bieber ကလည်း Instagram မှာ နောက်ထပ်အခန်းသစ်တစ်ခုအတွက် စိတ်လှုပ်ရှားနေပြီလို့ တင်ထားခဲ့ပါတယ်။

@justinbieber Proud is an understatement! Excited for the next chapter!

A post shared by Jeremy Bieber (@jeremybieber) on

Bieber ရဲ့ အမေ Pattie Mallette ကလည်း “Love Love Love Love” လို့ Tweet လုပ်ခဲ့သလို

Baldwin ရဲ့ အဖေဖြစ်တဲ့ မင်းသား Stephen Baldwin ကလည်း “Always pray 4 Gods will” လို့ Tweet လုပ်ခဲ့ပါတယ်။

Justin Bieber ဟာ Selena Gomez နဲ့ ပြတ်လိုက်ဆက်လိုက်ဖြစ်နေပြီး Selena နဲ့ ပြတ်ပြီး သိပ်မကြာခင်မှာ Hailey နဲ့ တွဲပြီး အခုလို စေ့စပ်ဖြစ်တာ ဖြစ်ပါတယ်။

Selena Gomez and Justin Bieber

Selena Gomez and Justin Bieber

Baldwin ကလည်း Bieber နဲ့ မတွဲခင် အဆိုတော် Shawn Mendes တွဲပြီး မေလတုန်းက နယူးယောက်မှာ လုပ်တဲ့ Met Gala ပွဲတောင် တွဲတက်ခဲ့ပါသေးတယ်။

Shawn Mendes and Hailey Baldwin

Shawn Mendes and Hailey Baldwin

Justin Bieber နဲ့ Hailey Baldwin တို့ဟာ စေ့စပ်ပြီး မြန်မြန်ပဲ လက်ထပ်ဖြစ်မလား၊ ကြာဦးမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

Yoe Lu (Akhayar)

www.akhayar.com

Ref : cnn.com