[Zawgyi]

ဘာစီလုိနာရဲ႕ ျပင္သစ္လူငယ္ၾကယ္ပြင့္ အူစမန္ဒမ္ဘီလီ Ousmane Dembele ကုိ ေခၚဖုိ႔ စိတ္၀င္စားေနတဲ့ လီဗာပူးလ္

လီဗာပူးလ္အသင္းနည္းျပယာဂန္ကေလာ့ပ္ Jurgen Klopp ဟာ ဘာစီလုိနာအသင္းရဲ႕ ျပင္သစ္လူငယ္ ၾကယ္ပြင့္ တိုက္စစ္ကစားသမား အူစမန္ဒမ္ဘီလီ Ousmane Dembele ကုိ ေခၚယူဖုိ႔အတြက္ တာ၀န္ရွိသူ ေတြကုိ ေတာင္းဆုိထားပါတယ္။ အသက္(၂၁)ႏွစ္အရြယ္သာရွိေသးတယ္ ဒမ္ဘီလီဟာ ၿပီးခဲ့တဲ့ႏွစ္၊ ေႏြရာသီက ေျပာင္းေရႊ႕ေၾကး ယူ႐ုိ (၁၀၅)သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့ၿပီး (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တဲ့အျပင္ သူ႔ရဲ႕ စာခ်ဳပ္ ေလ်ာ္ေၾကးက ယူ႐ုိသန္း(၄၀၀)အထိရွိပါတယ္။ ဒမ္ဘီလီဟာ ၂၀၁၇-၁၈ ရာသီအစက ဒဏ္ရာျပင္းျပင္းထန္ထန္ ရရွိခဲ့လုိ႔ ကာလအေတာ္ၾကာ အနားယူခဲ့ရေပမယ့္ ဒဏ္ရာက ျပန္လာၿပီးေနာက္ပုိင္း ဘာစီလုိနာအတြက္ အေကာင္းဆုံး ေျခစြမ္းျပကစားခဲ့တယ္။

Jurgen-Klopp-Target-Ousmane-Dembele

Jurgen-Klopp-Target-Ousmane-Dembele

ယာဂန္ကေလာ့ပ္အေနနဲ႔ ဒမ္ဘီလီကုိ ေခၚယူလုိေနေပမယ့္လည္း အခက္အခဲတခ်ိဳ႕ေတာ့ရွိပါတယ္။ ပထမအခ်က္က လီဗာပူးလ္အသငး္တာ၀န္ရွိသူေတြဟာ ဆာလာ Salah ကုိ လက္လႊတ္ဆုံး႐ႈံးရမွသာ ဒမ္ဘီလီကုိ ေခၚယူသြားဖုိ႔ရွိေနၿပီး ေနာက္တစ္ခုက ဒမ္ဘီလီကလည္း ပုံမွန္ကစားခြင့္ရဖုိ႔ အာမခံခ်က္ရွိမွသာ လီဗာပူးလ္ကုိ ေျပာင္းေရႊ႕ဖုိ႔ ရွိေနတာပါ။ ဘာစီလုိနာအသင္းဟာ ဒီေႏြရာသီမွာ အက္သလက္တီကုိ တိုက္စစ္မွဴး ဂရစ္ဇ္မန္း Griezmann ကုိ ေခၚယူဖုိ႔နီးစပ္ေနၿပီး တကယ္လုိ႔ ဂရစ္ဇ္မန္း ဘာစီလုိနာကုိ ေရာက္လာခဲ့တဲ့တိုင္ေအာင္ လီဗာပူးလ္အသင္းက ဒမ္ဘီလီကုိ ပုံမွန္ကစားခြင့္ရဖုိ႔ အာမခံခ်က္မေပးခဲ့ရင္ ဒမ္ဘီလီဟာ ဘာစီလုိနာအသင္းမွာပဲ ဆက္ကစားသြားမယ့္ အေနအထားရွိေနပါတယ္။ ဒါေပမဲ့ ယာဂန္ကေလာ့ပ္က ဒမ္ဘီလီကုိ မျဖစ္ျဖစ္တ့ဲ နည္းနဲ႔ ေခၚယူသြားဖုိ႔ ဆႏၵျပင္းျပေနၿပီး အၿပီးသတ္မဟုတ္ရင္ေတာင္ အငွားနဲ႔ ေခၚယူႏုိင္ဖုိ႔ ႀကိဳးပမ္းသြားမွာပါ။ ယာဂန္ကေလာ့ပ္က ဒမ္ဘီလီသာမက သူ႔မိသားစုနဲ႔ လူကုိယ္တိုင္ ေတြ႕ဆုံၿပီး သူ႔ရဲ႕ အနာဂတ္စီစဥ္ကိန္းေတြနဲ႔ပတ္သက္လုိ႔ ေတြ႕ဆုံေဆြးေႏြးဖုိ႔ အသင့္ရွိေနပါတယ္။ လီဗာပူးလ္အသင္းဟာ အခုေႏြရာသီမွာ မုိနာကုိ ကြင္းလယ္လူ ဖာဘင္ဟုိ Fabinho ကုိ ေခၚယူခဲ့ၿပီးျဖစ္သလုိ၊ လုိက္ပ္ဇစ္ ကြင္းလယ္ တိုက္စစ္ကစားသမား နာဘီကီတာ Naby Keita ကလည္း ရာသီသစ္က်ရင္ လီဗာပူးလ္အသင္းကုိ ေျပာင္းေရႊ႕မွာျဖစ္ပါတယ္။

REF:.mundodeportivo
Photo: peoplespostmedia
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘာစီလိုနာရဲ့ ပြင်သစ်လူငယ်ကြယ်ပွင့် အူစမန်ဒမ်ဘီလီ Ousmane Dembele ကို ခေါ်ဖို့ စိတ်ဝင်စားနေတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းနည်းပြယာဂန်ကလော့ပ် Jurgen Klopp ဟာ ဘာစီလိုနာအသင်းရဲ့ ပြင်သစ်လူငယ် ကြယ်ပွင့် တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီ Ousmane Dembele ကို ခေါ်ယူဖို့အတွက် တာဝန်ရှိသူ တွေကို တောင်းဆိုထားပါတယ်။ အသက်(၂၁)နှစ်အရွယ်သာရှိသေးတယ် ဒမ်ဘီလီဟာ ပြီးခဲ့တဲ့နှစ်၊ နွေရာသီက ပြောင်းရွှေ့ကြေး ယူရို (၁၀၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့တဲ့အပြင် သူ့ရဲ့ စာချုပ် လျော်ကြေးက ယူရိုသန်း(၄၀၀)အထိရှိပါတယ်။ ဒမ်ဘီလီဟာ ၂၀၁၇-၁၈ ရာသီအစက ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့လို့ ကာလအတော်ကြာ အနားယူခဲ့ရပေမယ့် ဒဏ်ရာက ပြန်လာပြီးနောက်ပိုင်း ဘာစီလိုနာအတွက် အကောင်းဆုံး ခြေစွမ်းပြကစားခဲ့တယ်။

Jurgen-Klopp-Target-Ousmane-Dembele

Jurgen-Klopp-Target-Ousmane-Dembele

ယာဂန်ကလော့ပ်အနေနဲ့ ဒမ်ဘီလီကို ခေါ်ယူလိုနေပေမယ့်လည်း အခက်အခဲတချို့တော့ရှိပါတယ်။ ပထမအချက်က လီဗာပူးလ်အသင်းတာဝန်ရှိသူတွေဟာ ဆာလာ Salah ကို လက်လွှတ်ဆုံးရှုံးရမှသာ ဒမ်ဘီလီကို ခေါ်ယူသွားဖို့ရှိနေပြီး နောက်တစ်ခုက ဒမ်ဘီလီကလည်း ပုံမှန်ကစားခွင့်ရဖို့ အာမခံချက်ရှိမှသာ လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့ ရှိနေတာပါ။ ဘာစီလိုနာအသင်းဟာ ဒီနွေရာသီမှာ အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်း Griezmann ကို ခေါ်ယူဖို့နီးစပ်နေပြီး တကယ်လို့ ဂရစ်ဇ်မန်း ဘာစီလိုနာကို ရောက်လာခဲ့တဲ့တိုင်အောင် လီဗာပူးလ်အသင်းက ဒမ်ဘီလီကို ပုံမှန်ကစားခွင့်ရဖို့ အာမခံချက်မပေးခဲ့ရင် ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းမှာပဲ ဆက်ကစားသွားမယ့် အနေအထားရှိနေပါတယ်။ ဒါပေမဲ့ ယာဂန်ကလော့ပ်က ဒမ်ဘီလီကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ ခေါ်ယူသွားဖို့ ဆန္ဒပြင်းပြနေပြီး အပြီးသတ်မဟုတ်ရင်တောင် အငှားနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းသွားမှာပါ။ ယာဂန်ကလော့ပ်က ဒမ်ဘီလီသာမက သူ့မိသားစုနဲ့ လူကိုယ်တိုင် တွေ့ဆုံပြီး သူ့ရဲ့ အနာဂတ်စီစဉ်ကိန်းတွေနဲ့ပတ်သက်လို့ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိနေပါတယ်။ လီဗာပူးလ်အသင်းဟာ အခုနွေရာသီမှာ မိုနာကို ကွင်းလယ်လူ ဖာဘင်ဟို Fabinho ကို ခေါ်ယူခဲ့ပြီးဖြစ်သလို၊ လိုက်ပ်ဇစ် ကွင်းလယ် တိုက်စစ်ကစားသမား နာဘီကီတာ Naby Keita ကလည်း ရာသီသစ်ကျရင် လီဗာပူးလ်အသင်းကို ပြောင်းရွှေ့မှာဖြစ်ပါတယ်။

REF:.mundodeportivo
Photo: peoplespostmedia
Naing Linn(Akhayar)
www.akhayar.com