[Zawgyi]

ေမာ္ရင္ဟုိ Mourinho ရဲ႕ေ၀ဖန္မႈကုိ ျပန္တုံ႔ျပန္လုိက္တဲ့ ယာဂန္ကေလာ့ပ္ Jurgen Klopp

ပရီးမီးယားလိဂ္ရာသီသစ္ မစတင္ခင္မွာဘဲ အဂၤလန္အေနာက္ေျမာက္ဒါဘီၿပိဳင္ဘက္ႏွစ္သင္းက နည္းျပေတြျဖစ္တ့ဲ ေမာ္ရင္ဟုိ Mourinho နဲ႔ ယာဂန္ကေလာ့ပ္ Jurgen Klopp တို႔ကေတာ့ အျပန္အလွန္ စကားလုံးတိုက္ပဲြေတြ ဆင္ႏဲႊေနၾကပါၿပီ။ ယာဂန္ကေလာ့ပ္ဟာ ဒီေႏြရာသီမွာ ဘရာဇီးလ္ဂုိးသမား အယ္လစ္ဆန္ Allison ကုိ ဂုိးသမားတစ္ဦးအတြက္ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္(၆၇)သန္းနဲ႔ ေခၚယူခဲ့တာအပါအ၀င္ ေပါင္သန္း(၂၀၀)နီးပါး သုံးစဲြခ့ဲတာကုိ ေမာ္ရင္ဟုိက ေလွာင္ေျပာင္ခဲ့တာျဖစ္ပါတယ္။

alisson

alisson

၂၀၁၆ ခုႏွစ္တုန္းက ေမာ္ရင္ဟုိဟာ ကြင္းလယ္လူေပါ့ဘာ Pogba ကုိ အဲဒီအခ်ိန္က ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္(၈၉)သန္းအထိ ေပးၿပီးေခၚယူခဲ့ေတာ့ ယာဂန္ကေလာ့ပ္က ကစားသမားတစ္ဦးအတြက္ အဲဒီေလာက္အထိ ေငြသုံးခ့ဲလုိ႔ အံ့အားသင့္မိၿပီး သူသာဆုိ အဲဒီေလာက္အထိ အကုန္အက်ခံမွာ မဟုတ္ဘူးလုိ႔ ေ၀ဖန္ခဲ့ဖူးပါတယ္။ ဒါေပမဲ့ ၂၀၁၆ ခုႏွစ္က စလုိ႔ လက္ရွိအခ်ိန္အထိ ယာဂန္ကေလာ့ပ္ရဲ႕ အေျပာင္းအေရႊ႕အသုံးစရိတ္က ေပါင္သန္း(၄၀၀)အထိရွိေနၿပီျဖစ္တာေၾကာင့္ ေမာ္ရင္ဟုိက ျပန္လည္ေလွာင္ေျပာင္ခဲ့တာပါ။ ေမာ္ရင္ဟုိက”၂၀၁၆ တုန္းက ယာဂန္ကေလာ့ပ္ ေျပာခဲ့တဲ့စကားေတြကုိ ျပန္ေတြးမိေတာ့ ကၽြန္ေတာ္ ၿပဳံးမိပါတယ္။ လူတစ္ေယာက္ဟာ ကုိယ့္ရဲ႕အေတြးအေခၚ၊ ခံယူခ်က္ေတြကုိ ေျပာင္းလဲတတ္တာကုိ ခင္ဗ်ားတို႔ (မီဒီယာမ်ားကုိဆုိလုိ)လည္း ေတြ႕ရမွာပါ။ တကယ္ရယ္စရာပါပဲ”လုိ႔ ေလွာင္ေျပာင္ခဲ့ပါတယ္။

Jose-Mourinho-and-Jurgen-Klopp-have-clashed-in-the-past

Jose-Mourinho-and-Jurgen-Klopp-have-clashed-in-the-past

ေမာ္ရင္ဟုိရဲ႕ေလွာင္ေျပာင္မႈကုိ ယာဂန္ကေလာ့ပ္က “ကၽြန္ေတာ့္ဘ၀ရဲ႕ ရည္မွန္းခ်က္ေတြထဲက တစ္ခုဟာ ေမာ္ရင္ဟုိ ၿပံးရယ္ေအာင္ လုပ္ဖုိ႔ပါပဲ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူက အရယ္အၿပံဳးနည္းတဲ့သူ မဟုတ္လား။ အခု ကၽြန္ေတာ့္ေၾကာင့္ သူ ၿပံဳးခဲ့ရတာကုိ သိရေတာ့ ၀မ္းသာမိပါတယ္။ အသင္းရဲ႕အေနအထားကုိ တိုးတက္ေအာင္ လုပ္ဖုိ႔က ကၽြန္ေတာ္တို႔ရဲ႕ အလုပ္ပါ။ တကယ္လုိ႔ တိုးတက္မႈရွိလာရင္လည္း ကြင္းအတြင္း စြမ္းေဆာင္ရည္ပဲျဖစ္လာမွာပါ၊ အေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာေတာ့ မဟုတ္ပါဘူး”လုိ႔ ေျပာၾကားခဲ့တယ္။ ေမာ္ရင္ဟုိနဲ႔ ယာဂန္ကေလာ့ပ္တို႔ဟာ အရင္တုန္းကတည္းက တစ္ေယာက္နဲ႔တစ္ေယာက္ စကားလုံးတိုက္ပဲြဆင္ခဲ့ၾကသူေတြျဖစ္ၿပီး ဒီရာသီမွာ မန္ယူ-လီဗာပူးလ္ေတြ႕ဆုံမယ့္ပဲြက်ရင္လည္း ဘယ္လုိ စကားလုံးေတြနဲ႔ Mind Games လုပ္ဦးမလဲဆုိတာ စိတ္၀င္စားစရာပါပဲ။

REF:The Sun
Photo:FootTheBall,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မော်ရင်ဟို Mourinho ရဲ့ဝေဖန်မှုကို ပြန်တုံ့ပြန်လိုက်တဲ့ ယာဂန်ကလော့ပ် Jurgen Klopp

ပရီးမီးယားလိဂ်ရာသီသစ် မစတင်ခင်မှာဘဲ အင်္ဂလန်အနောက်မြောက်ဒါဘီပြိုင်ဘက်နှစ်သင်းက နည်းပြတွေဖြစ်တဲ့ မော်ရင်ဟို Mourinho နဲ့ ယာဂန်ကလော့ပ် Jurgen Klopp တို့ကတော့ အပြန်အလှန် စကားလုံးတိုက်ပွဲတွေ ဆင်နွဲှနေကြပါပြီ။ ယာဂန်ကလော့ပ်ဟာ ဒီနွေရာသီမှာ ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန် Allison ကို ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၆၇)သန်းနဲ့ ခေါ်ယူခဲ့တာအပါအဝင် ပေါင်သန်း(၂၀၀)နီးပါး သုံးစွဲခဲ့တာကို မော်ရင်ဟိုက လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

alisson

alisson

၂၀၁၆ ခုနှစ်တုန်းက မော်ရင်ဟိုဟာ ကွင်းလယ်လူပေါ့ဘာ Pogba ကို အဲဒီအချိန်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၈၉)သန်းအထိ ပေးပြီးခေါ်ယူခဲ့တော့ ယာဂန်ကလော့ပ်က ကစားသမားတစ်ဦးအတွက် အဲဒီလောက်အထိ ငွေသုံးခဲ့လို့ အံ့အားသင့်မိပြီး သူသာဆို အဲဒီလောက်အထိ အကုန်အကျခံမှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ်က စလို့ လက်ရှိအချိန်အထိ ယာဂန်ကလော့ပ်ရဲ့ အပြောင်းအရွှေ့အသုံးစရိတ်က ပေါင်သန်း(၄၀၀)အထိရှိနေပြီဖြစ်တာကြောင့် မော်ရင်ဟိုက ပြန်လည်လှောင်ပြောင်ခဲ့တာပါ။ မော်ရင်ဟိုက”၂၀၁၆ တုန်းက ယာဂန်ကလော့ပ် ပြောခဲ့တဲ့စကားတွေကို ပြန်တွေးမိတော့ ကျွန်တော် ပြုံးမိပါတယ်။ လူတစ်ယောက်ဟာ ကိုယ့်ရဲ့အတွေးအခေါ်၊ ခံယူချက်တွေကို ပြောင်းလဲတတ်တာကို ခင်ဗျားတို့ (မီဒီယာများကိုဆိုလို)လည်း တွေ့ရမှာပါ။ တကယ်ရယ်စရာပါပဲ”လို့ လှောင်ပြောင်ခဲ့ပါတယ်။

Jose-Mourinho-and-Jurgen-Klopp-have-clashed-in-the-past

Jose-Mourinho-and-Jurgen-Klopp-have-clashed-in-the-past

မော်ရင်ဟိုရဲ့လှောင်ပြောင်မှုကို ယာဂန်ကလော့ပ်က “ကျွန်တော့်ဘဝရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုဟာ မော်ရင်ဟို ပြံးရယ်အောင် လုပ်ဖို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက အရယ်အပြုံးနည်းတဲ့သူ မဟုတ်လား။ အခု ကျွန်တော့်ကြောင့် သူ ပြုံးခဲ့ရတာကို သိရတော့ ဝမ်းသာမိပါတယ်။ အသင်းရဲ့အနေအထားကို တိုးတက်အောင် လုပ်ဖို့က ကျွန်တော်တို့ရဲ့ အလုပ်ပါ။ တကယ်လို့ တိုးတက်မှုရှိလာရင်လည်း ကွင်းအတွင်း စွမ်းဆောင်ရည်ပဲဖြစ်လာမှာပါ၊ အပြောင်းအရွှေ့ဈေးကွက်ထဲမှာတော့ မဟုတ်ပါဘူး”လို့ ပြောကြားခဲ့တယ်။ မော်ရင်ဟိုနဲ့ ယာဂန်ကလော့ပ်တို့ဟာ အရင်တုန်းကတည်းက တစ်ယောက်နဲ့တစ်ယောက် စကားလုံးတိုက်ပွဲဆင်ခဲ့ကြသူတွေဖြစ်ပြီး ဒီရာသီမှာ မန်ယူ-လီဗာပူးလ်တွေ့ဆုံမယ့်ပွဲကျရင်လည်း ဘယ်လို စကားလုံးတွေနဲ့ Mind Games လုပ်ဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

REF:The Sun
Photo:FootTheBall,Goal.com
Naing Linn(Akhayar)
www.akhayar.com