[Zawgyi]

၂ရက္အတြင္း Followers 260 k ရွိခဲ့တဲ့ ဂ်ဴလီယာေရာဘတ္ရဲ ႔ Instagram အေကာင့္

Pretty Woman(1990) ဇာတ္ကားနဲ႔ နာမည္ႀကီးလူသိမ်ားတဲ့ မင္းသမီးဂ်ဴလီယာေရာဘတ္ဟာ ၿပီးခဲ့တဲ့ ဇြန္လေနာက္ဆံုးပတ္ေလာက္မွာ စတင္လို႔ Instagram အေကာင့္ကိုဖြင့္ထားခဲ့တယ္လို႔သိရပါတယ္။ သူမရဲ ႔အေကာင့္ဖြင့္ၿပီးၿပီးခ်င္း ၂ ရက္အတြင္းမွာ Followers 260k အထိရွိခဲ့ၿပီး သူမအေနနဲ႔ေတာ့ဘယ္သူ႔ကိုမွ Follow လုပ္ထားျခင္းမရွိဘူးလို႔လည္း သတင္းေတြအရသိရပါတယ္။ ဒီေန႔ ဇူလိုင္လ ၇ ရက္ေန႔မွာေတာ့ သူမကို Follow လုပ္ထားတဲ့သူအေရအတြက္ဟာ 781k အထိရွိခဲ့ၿပီး သူမအေနနဲ႔ Follow လုပ္ထားတာကေတာ့ ၁၂ေယာက္ပဲရွိတာကိုလည္း ေတြ႔ရပါတယ္။

Instagram မွာ ပထမဆံုးတင္ခဲ့တဲ့ပံု

Pretty Woman ဇာတ္ကားထဲမွ Julia Roberts

အခုသံုးတဲ့ Isntagram အေကာင့္ဟာ ဆိုရင္သူမအတြက္ ပထမဆံုး Social အေကာင့္တစ္ခုျဖစ္ၿပီး အရင္က Twitter နဲ႔ Facebook ကိုေတာင္အသံုးမျပဳဘူးလို႔လည္း သိရပါတယ္။အခုလို Instagram အေကာင့္ထားရွိျခင္းဟာလည္း သူမရဲ ႔ Fan ေတြနဲ႔ထိေတြ႔နိုင္ရန္အျပင္ သူမရဲ ႔ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘဝကို ပရိသတ္ေတြ ေတြ႔ျမင္နို္င္ရန္အတြက္ျဖစ္တယ္လို႔လည္းသိရပါတယ္။ အသက္ ၅၀ နွစ္ရွိၿပီျဖစ္တဲ့ ဂ်ဴလီယာေရာဘတ္မွာ  အမ်ိဳးသားျဖစ္သူ Daniel Moder နဲ႔ Hazel ၊ Phinneas ၊ Henry ဆိုတဲ့ ရင္ေသြး ၃ ေယာက္ရွိတာျဖစ္ပါတယ္။

အခုလို လူမႈကြန္ရက္တစ္ခုျဖစ္တဲ့ Instagram ကို အသံုးျပဳျခင္းကေန သူမရဲ ႔လႈပ္ရွားမႈပံုရိပ္ေတြနဲ႔ ပရဟိတလုပ္ငန္းေတြကို လည္းပရိသတ္ကို မွ်ေဝသြားမယ္လို႔သိရပါတယ္။ လက္ရွိမွာေတာ့ Homecoming TV Series(2018) နဲ႔ နာမည္ႀကီးေနသူလည္း ျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: juliaroberts Instagram ၊ Women.com

www.akhayar.com
[Unicode]

၂ရက်အတွင်း Followers 260 k ရှိခဲ့တဲ့ ဂျူလီယာရောဘတ်ရဲ့ Instagram အကောင့်

Pretty Woman(1990) ဇာတ်ကားနဲ့ နာမည်ကြီးလူသိများတဲ့ မင်းသမီးဂျူလီယာရောဘတ်ဟာ ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်လောက်မှာ စတင်လို့ Instagram အကောင့်ကိုဖွင့်ထားခဲ့တယ်လို့သိရပါတယ်။ သူမရဲ့အကောင့်ဖွင့်ပြီးပြီးချင်း ၂ ရက်အတွင်းမှာ Followers 260k အထိရှိခဲ့ပြီး သူမအနေနဲ့တော့ဘယ်သူ့ကိုမှ Follow လုပ်ထားခြင်းမရှိဘူးလို့လည်း သတင်းတွေအရသိရပါတယ်။ ဒီနေ့ ဇူလိုင်လ ၇ ရက်နေ့မှာတော့ သူမကို Follow လုပ်ထားတဲ့သူအရေအတွက်ဟာ 781k အထိရှိခဲ့ပြီး သူမအနေနဲ့ Follow လုပ်ထားတာကတော့ ၁၂ယောက်ပဲရှိတာကိုလည်း တွေ့ရပါတယ်။

Instagram မှာ ပထမဆုံးတင်ခဲ့တဲ့ပုံ

Pretty Woman ဇာတ်ကားထဲမှ Julia Roberts

အခုသုံးတဲ့ Isntagram အကောင့်ဟာ ဆိုရင်သူမအတွက် ပထမဆုံး Social အကောင့်တစ်ခုဖြစ်ပြီး အရင်က Twitter နဲ့ Facebook ကိုတောင်အသုံးမပြုဘူးလို့လည်း သိရပါတယ်။အခုလို Instagram အကောင့်ထားရှိခြင်းဟာလည်း သူမရဲ့ Fan တွေနဲ့ထိတွေ့နိုင်ရန်အပြင် သူမရဲ့ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပရိသတ်တွေ တွေ့မြင်နိုင်ရန်အတွက်ဖြစ်တယ်လို့လည်းသိရပါတယ်။ အသက် ၅၀ နှစ်ရှိပြီဖြစ်တဲ့ ဂျူလီယာရောဘတ်မှာ အမျိုးသားဖြစ်သူ Daniel Moder နဲ့ Hazel ၊ Phinneas ၊ Henry ဆိုတဲ့ ရင်သွေး ၃ ယောက်ရှိတာဖြစ်ပါတယ်။

အခုလို လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Instagram ကို အသုံးပြုခြင်းကနေ သူမရဲ့လှုပ်ရှားမှုပုံရိပ်တွေနဲ့ ပရဟိတလုပ်ငန်းတွေကို လည်းပရိသတ်ကို မျှဝေသွားမယ်လို့သိရပါတယ်။ လက်ရှိမှာတော့ Homecoming TV Series(2018) နဲ့ နာမည်ကြီးနေသူလည်း ဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: juliaroberts Instagram ၊ Women.com

www.akhayar.com