[Zawgyi]

အာဆင္နယ္အသင္းနဲ႔ အေျပာင္းအေရႊ႕သတင္းေတြထြက္ေနတဲ႔ မာတာ Mata

မန္ယူအသင္း ကြင္းလယ္လူ မာတာ Mata ဟာ လာမယ္႔ေႏြရာသီမွာ မန္ယူအသင္းကေန ထြက္ခြာျပီး ပရီးမီးယားလိဂ္ျပိဳင္ဘက္ အာဆင္နယ္အသင္းကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕ဖို႔ရိွတယ္ဆိုျပီး သတင္းေတြထြက္ေပၚေနပါတယ္။ မာတာ ဟာ ဒီႏွစ္ေဘာလံုးရာသီကုန္ဆံုးရင္ မန္ယူအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ျပီး အသင္းရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ေစာင္႔ေမွ်ာ္ေနေပမယ္႔ အသင္းဘက္ကေတာ႔ စာခ်ဳပ္သစ္ကိစၥအတြက္ ေသြးေအးေနပါတယ္။

Mata-Celebrate

Mata-Celebrate

မန္ယူအသင္းကို မာတာ ဟာ ၂၀၁၄ ခုႏွစ္က ခ်ယ္လ္ဆီးအသင္းကေန ေျပာင္းေရႊ႕လာခဲ႔ျပီး ေျခစြမ္းျပကစားႏိုင္ခဲ႔သလို မန္ယူပရိသတ္ေတြအၾကိဳက္ ကစားသမားလည္းျဖစ္ပါတယ္။ ဒီႏွစ္ေဘာလံုးရာသီမွာလည္း မာတာ ဟာ မန္ယူအသင္းအတြက္ ေျခစြမ္းျပကစားေနျပီး အသင္း အခက္အခဲေတြနဲ႔ ၾကံဳေတြ႕ေနခ်ိန္မွာလည္း ကယ္တင္ေပးေနသူပါ။ အသက္(၃၀)အရြယ္ရိွျပီျဖစ္သူ မာတာ ဟာ လက္ရိွအခ်ိန္ထိ မန္ယူအသင္းအတြက္ ျပိဳင္ပြဲစံု (၁၉၈)ပြဲကစားထားျပီး (၄၂)ဂိုးသြင္းယူထားပါတယ္။

မာတာ ရဲ႕ မန္ယူကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

FA Cup: 2015–16
EFL Cup: 2016–17
FA Community Shield: 2016
UEFA Europa League: 2016–17

Ref: Talksport
Photo: AP News , 7wallpapers.net | HD Desktop Wallpapers
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်နေတဲ့ မာတာ Mata

မန်ယူအသင်း ကွင်းလယ်လူ မာတာ Mata ဟာ လာမယ့်နွေရာသီမှာ မန်ယူအသင်းကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ရှိတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။ မာတာ ဟာ ဒီနှစ်ဘောလုံးရာသီကုန်ဆုံးရင် မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို စောင့်မျှော်နေပေမယ့် အသင်းဘက်ကတော့ စာချုပ်သစ်ကိစ္စအတွက် သွေးအေးနေပါတယ်။

Mata-Celebrate

Mata-Celebrate

မန်ယူအသင်းကို မာတာ ဟာ ၂၀၁၄ ခုနှစ်က ချယ်လ်ဆီးအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သလို မန်ယူပရိသတ်တွေအကြိုက် ကစားသမားလည်းဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း မာတာ ဟာ မန်ယူအသင်းအတွက် ခြေစွမ်းပြကစားနေပြီး အသင်း အခက်အခဲတွေနဲ့ ကြုံတွေ့နေချိန်မှာလည်း ကယ်တင်ပေးနေသူပါ။ အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ မာတာ ဟာ လက်ရှိအချိန်ထိ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၁၉၈)ပွဲကစားထားပြီး (၄၂)ဂိုးသွင်းယူထားပါတယ်။

မာတာ ရဲ့ မန်ယူကစားသမားဘ၀ အောင်မြင်မှုများ

FA Cup: 2015–16
EFL Cup: 2016–17
FA Community Shield: 2016
UEFA Europa League: 2016–17

Ref: Talksport
Photo: AP News , 7wallpapers.net | HD Desktop Wallpapers
Ko Kyue(Akhayar)
www.akhayar.com